မာယာအွန်လိုင်းမဂ္ဂဇင်းဘလော့ဂ်ကနေ တဆင့် ကူးယူဖော်ပြလိုက်ခြင်းဖြစ်တယ်။ ဒီနေရာမှာ ကလစ်လိုက်ပါ။ ကျနော် ဆရာလူထုစိန်ဝင်းရေးတဲ့ ဆောင်းပါးလေးတွေကို တတ်နိုင်တလောက်တော့ ပြန်တင်ပေးချင်လို့ပါ။ ကိုယ်တိုင်လည်း ကြိုက်နှစ်သက်တာကြောင့်လည်း ပါ ပါတယ်၊မိတ်ဆွေ ဘယ်လဲ ဘာလဲလူထုစိန်ဝင်းမိတ်ဆွေ....သင့်အိမ်ထဲကို တဖက်ခြံက မွေးကင်းစမြွေပွေးတကောင် တိုးဝင်ရောက်ရှိလာတယ်ဆိုရင် သင်ဘာလုပ်မလဲ။အမိဝမ်းဗိုက်က ထွက်လာ ကာစကလေး သနားပါတယ်ဆိုပြီး နို့တိုက်မွေးမြူထား မလား။ဒါမှမဟုတ်။ တနေ့နေ့မှာ ကိုယ့်အိမ်က ကလေးတွေကို ကိုက်သတ်မယ့် အန္တရာယ် ကောင်လေးလို့ သဘေထားပြီး ရိုက်သတ်ပစ်လိုက် မ လား။မြွေပွေးလေးတကောင်မဟုတ်ဘဲ၊ မျက်လုံးကလေးတောင် ကောင်းကောင်း မဖွင့်တတ် သေးတဲ့ မွေးကင်းစ ကြောင်ငယ်ကလေးတ ကောင်ကို တွေ့လိုက်ရမယ်ဆိုရင်တော့ မိတ်ဆွေ ဘာလုပ်မလဲ။ဒီ ဒုတိယမေးခွန်းကို မိတ်ဆွေဘယ်လိုဖြေမယ်ဆိုတာ လူတိုင်းဆဝါး မိနိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဘယ်လို လူသားမျိုးမဆို...