နွေးထွေးစွာ အေးမြခြင်းများစွာနဲ့ မာန်လှိုင်းငယ်မှ ကြိုဆိုပါသည်။ အကြံပြုချက်များ၊ ဝေဖန်စာများကိုလည်း ကြားချင်ပါသည်။

Thursday, June 19, 2008

မေမေ ဘယ်လိုနေရှာမလဲ

မာန်လှိုင်းငယ်မေမေ ဘယ်လိုနေရှာမလဲဒီနေ့၊ ဒီအချိန်အပြင်ဘက်မှာတော့အားလုံး၊ အားလုံးသော သားသမီးတွေမေမေ့ပုံပါတဲ့ တီရှပ်အင်္ကျီကို ၀တ်ဆင်ထားရင်းမွေးနေ့ပွဲကို ကျင်းပနေကြလေရဲ့။ဒီအချိန်မှာမေမေ ဘယ်လိုများရှိနေရှာမလဲ …။မေမေဟာဒီလိုနေ့မျိုးမှာအိမ်ပြတင်းပေါက်နံဘေးကုလာထိုင်ပေါ် ထိုင်နေရင်းကမ္ဘာ့အနှံ့ပြုလုပ်နေတဲ့မေမေ့မွေးနေ့တွေဆီကိုအာရုံတွေ ဖြန့်လွှတ်ထားလိမ့်မယ်လို့ မြင်မိလေရဲ့။သည်လိုနဲ့မေမေ့နှလုံးသားက မပြုံးရယ်နိုင်ခဲ့တာကြာလှရောပေါ့ … ။ဒါပေမယ့်မေမေ့အပြုံးတွေကမိုးတွေရွာတိုင်း "ထ" ပွင့်တဲ့ ပန်းတွေလိုမျိုးကမ္ဘာ့အနှံ့ ကြဲပက်ထားလေရဲ့။လင်းယုန်တောင်ပံလိုတအိအိနဲ့ ရိုက်ခက်ရွေ့လျားနေတဲ့ပင်လယ်လှိုင်းခက်တွေကြားဘယ်သောအခါမှ နစ်မြုပ်သွားမှာမဟုတ်တဲ့မေမေ့ရဲ့ ရဲရင့်တဲ့သတ္တိသွေးတွေ …မေမေ့ရဲ့ ငြိမ်းချမ်းခြင်း ဂရုဏာတွေ …မေမေ့ရဲ့ ပြည်သူနဲ့ နိုင်ငံအပေါ်ထားရှိတဲ့ မေတ္တာတရားတွေ …အားလုံး …ရေပြင်ပေါ်မှာ တဖွေးဖွေးနဲ့ကြယ်တာရာတွေ ထွန်းတောက်လတ်နေသလိုကမ္ဘာပေါ်မှာ...

Friday, June 6, 2008

မအိုသော၊ မနာသော၊ မသေဆုံးသော …

မာန်လှိုင်းငယ်မအိုသော၊ မနာသော၊ မသေဆုံးသော … မိခင်ဆိုတာ ကျနော့်ဘ၀နဲ့ယှဉ်ပြောရရင် ဖ၀ါးလက်နှလုံး၊ ပခုံးလက်နှသစ်ကတည်း က အရာရာကို ထိန်းသိမ်းပဲ့ပြင်၊ ပြုစုယုယခဲ့သူဖြစ်တာကြောင့် အရမ်းကို အနှိုင်းမဲ့ဖြစ်ပါ တယ်။ အင်မတန်ကိုလည်း ကျေးဇူးကြီးမားလှပါတယ်။ သားသမီးတွေအတွက်ဆိုရင် အသက်ပေးပြီး မွေးခဲ့တဲ့၊ ချစ်ခဲ့တဲ့ မိခင်ပဲဖြစ်ပါတယ်။ ကျနော်တို့အတွက်တော့ မိခင်တွေရဲ့ အနှိုင်းမဲ့မှုကို စာလုံးတွေနဲ့ ဖော်ကျူးလို့ ဘယ်လိုမှ ပြည့်စုံလုံလောက်နိုင်မယ် မဟုတ်ဘူး လို့ပဲ ပြောရမှာပါ။မိခင်လို့ ဆိုလိုက်တာနဲ့ ကျနော်တို့တွေရဲ့ ဦးနှောက်ထဲမှာ "ငါတို့ရဲ့ မိခင်"၊ "ငါတို့ရဲ့ မွေးမိခင်"၊ "ငါတို့ရဲ့ ကျေးဇူးရှင် မေမေ" လို့ ကိုယ့်မိခင်လို့သာ အတွေးက ၀င်လာကြတယ်။ ပြောဆိုကြတယ်။ ဟုတ်ပါတယ်။ ကျနော်တို့မှာ ဒီမိခင်၊ ဒီမိဘက ပေးခဲ့လို့၊ မွေးခဲ့လို့၊ လူ့လောကကြီးထဲကို ရောက်လာကြရတာပဲမဟုတ်လား။ ဒါဟာ တကယ့်ကို မှန်ကန်နေတဲ့ အရာပါ။ကျနော် .. မိခင်တို့ရဲ့ အကြောင်းကို...

Page 1 of 6912345Next

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes