နွေးထွေးစွာ အေးမြခြင်းများစွာနဲ့ မာန်လှိုင်းငယ်မှ ကြိုဆိုပါသည်။ အကြံပြုချက်များ၊ ဝေဖန်စာများကိုလည်း ကြားချင်ပါသည်။

Monday, February 25, 2008

ကြယ်နီတပွင့် ကြွေလွှင့်ခြင်း

ကြယ်နီတပွင့် ကြွေလွှင့်ခြင်းဆန်းစ တန်ပို့တွဲမှာကြယ်တပွင့် ကြွေကျ မြေခခဲ့တယ်သူဟာ အနီရဲရဲ ကြယ်ဖြစ်တယ်။အမျိုးသားတန်းတူရေးနဲ့ဒီမိုကရေစီရေးတိုက်ပွဲအတွက်လင်းလက်တဲ့ ရဲရဲနီကြယ်ဖြစ်တယ်ကြွေချိန်မတန်ပဲ ကြွေလွှင့်ခဲ့တဲ့ ကြယ်နီရေ ...တိုင်းရင်းသားများဒီမိုကရေစီတိုက်ပွဲဝင်ရဲဘော်များပြီးတော့ ...မြန်မာပြည်သူလူထုများသူတို့ ...သူတို့ အားလုံးရဲ့ ရင်ဘတ်ကြီးမီးဟုန်းဟုန်းတောက်လောင်ပြီ။သူ့ကို ...လက်လွှတ်ဆုံးရှုံးလိုက်ရတဲ့ကောင်းကင်ကြီးလည်းရင်ထုမနာဖြစ်လို့လက်ခံရမဲ့ ၀သုန်မြေလည်းငိုကြွေးလို့တော်လှန်သောင်ရင်းလည်းခံပြင်းဝေဆူလို့မိုးမခတောလည်းရှိုက်သံစွက်လို့။အဲဒီ ဝေဒနာတွေကြားကအကျွန်တို့ရန်သူကိုဘယ်သောအခါမှဒူးထောက်အညံ့ခံကြလိမ့်မည်မဟုတ်ကတိပေးပါတယ် ကြယ်နီ ...။အို ...အကြွေစောတဲ့မြန်မာပြည်ရဲ့သူရဲကောင်း အာဇာနည်ရေ ...စိတ်ချစွာ လဲလျောင်းပါတော့။(၂၀၀၈ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၄ ရက်နေ့တွင် လုပ်ကြံသတ်ဖြတ်ခံရသော အမျိုးသား သူရဲကောင်း တီးမန်းရှာသို့)ထနောင်း...

Thursday, February 7, 2008

ကိုနေဘုန်းလတ်ဖမ်းဆီးခံထားရခြင်းအပေါ် ဘလော့ဂ်ဂါအချို့ရဲ့ ခံစားချက်အမြင်များ

ကိုနေဘုန်းလတ်ဖမ်းဆီးခံထားရခြင်းအပေါ် ဘလော့ဂ်ဂါအချို့ရဲ့ ခံစားချက်အမြင်များDVB television မှ ပြန်လည်ကူးယူ တင်ပြလိုက်ပါ...

လွတ်ကျခဲ့တဲ့ မြို့တော်က ကိုကြီးနေဘုန်းလတ်သို့

မာန်လှိုင်းငယ်ကျနော် ကိုကြီးနေဘုန်းလတ် အဖမ်းခံတယ်ကြားကြားချင်း ကိုကြီးနေဘုန်းလတ်အတွက် ပို့စ်တင်ပေးဖို့ရာ။ ကျနော်လည်း မအားလပ်တာကြောင့် ဘလော့ဂ်ဘက်ကို မလှည့်ဖြစ်ခဲ့ ဘူး။ အခုတော့ ကိုကြီးနေဘုန်းရဲ့ တနှစ်ပြည့် အထိမ်းအမှတ်အတွက် ဆုတောင်းပို့တွေ ရေးနေကြတာ သိရတော့ ကျနော် ၀မ်းသားတယ်ဗျာ။ ဒါနဲ့ ကျနော်လည်း လိုက်ဖတ်ရင်း ကိုကြီးနေဘုန်းအတွက် ဆုတောင်းပေးဖို့ လုပ်ပါပြီဗျာ။ ကျနော်နဲ့ ကိုကြီးနေဘုန်း ခင်မင်ခဲ့တဲ့ အကြောင်းလေးကို နည်းနည်း ပြောပြချင်ပါတယ်ဗျာ။ ကျနော် ကိုကြီးနေဘုန်းရဲ့ မြို့တော်ကို သွားရောက်ပြီး ရသ။ သုတ။ ဗဟုသုတဟင်းအိုးကြီးကို သွားရောက်နှိုက်နေတာ တော်တော်ကြာပါပြီ။ စီဘောက်မှာတော့ စာတွေ မရေးဖြစ်ခဲ့ပါဘူး။ ရံဖန်ရံခါမှတာ ကျနော် ရေးသွားခဲ့ပါတယ်။ကျနော် ကိုကြီးနေဘုန်းနဲ့ ရင်းနှီးကျွမ်းဝင်ခဲ့တာ သိပ်မကြာသေးပါဘူး။ ကိုကြီးနေဘုန်း အဖမ်းမခံရမီ အချိန် ရက်အနည်းငယ်ကပါ။...

နေ့တနေ့ မနက်ခင်းလေး အဆုံး

မာန်လှိုင်းငယ်နေ့တနေ့ မနက်ခင်းလေး အဆုံးခရောင်းလမ်းကို လျှောက်ဒုက္ခကို ခံစည်းရင်းလွမ်းဆွတ်တဲ့ သီချင်းနဲ့ဘ၀ကို ရုန်းကန်ခဲ့သေးတာဒီလမ်းကိုလေးရူးတွေနဲ့ငါလျှောက်မယ့် လမ်းမှာငါ့ကိုယ်ငါ အသုံးချ …ခရောင်းလမ်း တခုမှာ။ပန်းခင်းလမ်းကို ရောက်သုခကို စံမြန်းရင်းတက်ကြွတဲ့ ခြေလှမ်းနဲ့ဘ၀အနာဂတ်ဆီအရုဏ်ကျင်း နေခြည်နဲ့ဘ၀မှာ ပျော်ဖူးခဲ့သေးတာဒီလမ်းကို နေ့တနေ့ မနက်ခင်းမှာလန်းဆန်းမှုနဲ့ငါရွေးမယ့် လမ်းမှာငါ့ကိုယ်ငါ အသုံးချ …ပန်းခင်းလမ်း တခုမှာ။ခရောင်းလမ်းကိုဘယ်သူ လျှောက်သလဲ …ပန်းခင်းလမ်းကို ဘယ်သူ ရောက်သလဲ …ခရောင်းနဲ့ ပန်းခင်းမှာဘယ်သူ … လျှောက် … လျှောက်ဘယ်သူ … ရောက် … ရောက်နေ့တနေ့ မနက်ခင်းလေး အဆုံး …ငါ့ကိုယ်ငါတော့ဒီလမ်းကို အသုံးချမြဲ။...

Page 1 of 6912345Next

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes