အတိတ်က ပျော်ရွှင်စရာနေ့ရက်တွေအတိအပြည့်ရှိခဲ့တဲ့ကျောင်းကလေးရေ ...။သူငယ်ချင်းတသိုက်သိပ်ခင်မင်ရင်းနှီးခဲ့သူတွေကိုခေါ်ဆောင်စုစည်းပေးတဲ့ကျောင်းကလေးရေ ...။ဖြူ စိမ်း တူညီဝတ်စုံကိုယ်စီ ... တက်ကြွရွှင်လန်း ကြည်နူးမှုတွေ အားမာန်တွေ အပြည့်နဲ့ ဖန်တီးပေးခဲ့တဲ့ကျောင်းကလေးရေ ...။မနက် ခေါင်းလောင်းသံသာသာယာယာ လျှံထွက်အပြေးအလွှား သူငယ်ချင်းများနဲ့ကျောင်းကလေးဆီ ... ကိုယ်စီဆွဲဆောင်ပေးနိုင်တဲ့ကျောင်းကလေးရေ ...။လွယ်အိတ်ကို စလွယ်သိုင်းအိမ်ပြန်လမ်းကို ခြေဦးတည်လက်ပြနှုတ်ဆက် ကျောခိုင်းတော့(ကျောင်းစာသင်နှစ်ပြီးဆုံးခြင်း)ကျောင်းကလေးရဲ့ ငိုးငြီးသံငါတို့ ကြားနေရတာ .... ကျောင်းကလေး အသိပါ။ခုတော့ ...ဆုံဆည်းခဲ့တဲ့ သူငယ်ချင်းများတယောက်တနယ်စီ ကိုယ်စီ ခွဲခွာလွမ်းဆွတ်မှုတွေနဲ့ နှုတ်ဆက်လက်ပြကာ သွားကြတာလည်းကျောင်းကလေး အသိပါ။ကျောင်းကလေးရေ ပြောပြရဦးမယ် ...မနေ့ ည (၈) နာရီမှာ သိပ်ခင်မင်တဲ့ ငါတို့ရဲ့ သူငယ်ချင်းတယောက်ဆုံးသွားပြီတဲ့ ကြားလိုက်ရတာ...