နွေးထွေးစွာ အေးမြခြင်းများစွာနဲ့ မာန်လှိုင်းငယ်မှ ကြိုဆိုပါသည်။ အကြံပြုချက်များ၊ ဝေဖန်စာများကိုလည်း ကြားချင်ပါသည်။

Monday, July 21, 2008

မိုးကုတ်စက်ဝိုင်း ရှိနေသမျှ ကိုယ် …

မာန်လှိုင်းငယ်"မိုးကုတ်စက်ဝိုင်း ရှိနေသမျှ ကိုယ် …"လေပြည်လေနုတွေကရှေ့က မည်းမည်းမြင်ရာမှန်သမျှအဆီးအတားမဲ့ ထိုးဖောက်သလိုမျိုးသွေးတွေကခန္ဓာကိုယ်သွေးကြောထဲ ဟိုဝင်ဒီထွက်ကွေ့ကွေ့ကောက်ကောက် တိုးဝှေ့သလိုမျိုးကိုယ်လည်းလေမင်းကို အချိန်တိုင်း … အချိန်တိုင်း တွေ့ချင်နေတယ်။ပင်လယ်ကလရောင်ကို မော်ကြည့်နေသလိုမျိုးလှိုင်းတွေကလကို လိုက်တမ်းပြေးတမ်းနဲ့စိန်ခေါ်ကာ လိုက်ဖမ်းနေသလိုမျိုးကိုယ်လည်းပဲမင်းကို မနက်နေထွက် … ညနေ၀င်တိုင်းတမ်းတမ်းတတနဲ့ လွမ်းဆွတ်နေတယ်။မိုးကုတ်စက်ဝိုင်းဝန်ရိုးစွန်းတွေ ရှိနေသမျှကိုယ် …မင်းကို ရာသီတွေ ပြောင်းလဲသွားလဲ စောင့်မျှော်နေပါတယ်။ ။မာန်လှိုင်းငယ်၂၀၀၈ ခုနှစ်၊ ဇူလိုင်လ (၂၀)ရက်။...

Monday, July 14, 2008

ဝါဆိုလပြည့်

ဝါဆိုလပြည့် အခုလာမယ့် (၁၇)ရက်နေ့မှာ ၀ါးတွင်းကာလ။ လပြည့်နေ့ဖြစ်ပါတယ်၊ အခုလို ၀ါတွင်းကာလရောက်တော့မယ်ဆိုရင်ဘဲ မြတ်စွာဘုရားရှင်ရဲ့ သားတော်တွေဖြစ်တဲ့ ရဟန်း သံဃာတော်တွေကို ဆွမ်းတွေ လောင်း၊ ၀တ္ထုအစုစုတို့ကို လှူတဲ့မြင်ကွင်း။ ဘုန်းကြီးကျောင်း မှာ တရားဘာဝနာသွားရောက်အားထုတ်တာကိုလည်း ပြန်ပြီးတွေ့မြင်ရမယ့် ဒီဝါတွင်းကာလ မှာ ကြည်ညိုဖွယ် တွေ့မြင်ရမှာကို တွေးပြီး တအားကို ၀မ်းသာအားရ ကြည်နူးမိမှာ အမှန်ပါပဲ။ဒါပေမယ့်ဗျာ ဒီဝါတွင်းကာလမှာ ကျနော်က အလှူတွေလုပ်နိုင်ပါ့မလား၊ ဒါမှမဟုတ် တရားဘာဝနာများ ပွားများနိုင်ပါ့မလား၊ဘာပဲဖြစ်ဖြစ်ပါ၊ ဖြစ်နိုင်ရင်တော့ မြန်မာပြည်မှာ နာဂစ်မုန်းတိုင်းဒဏ်ခံထားရတဲ့ လူတွေအတွက်တော့ ကျနော် ဆုတောင်းပေးနေမှာပါ။ သူတို့တွေရဲ့ ဘ၀ဟာ အင်မတန်မှကို ချွတ်ချုံကျသွားတဲ့ ဘ၀ပါပဲ။ သူတို့တွေရဲ့ ဘ၀အသစ်တဖန်တိုးတက်လာစေဖို့အတွက် ကျနော် ဒီဝါတွင်းကာလမှာ ဆုတောင်းမေတ္တာပို့မယ်။ ကျနော်ဟာ သူတို့တွေအတွက် ဆုတောင်းပေး...

Page 1 of 6912345Next

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes