ထိတွေ့ခံစားပြီး
မာန်လှိုင်းငယ်
လေပြေလေညင်းလေတွေက
လတ်လတ်ဆတ်ဆတ်ပါ
ထိတွေ့ခံစားပြီး
အတိတ်က အကြောင်းအရာတွေကို
ခဏလေးဖြစ်ဖြစ်၊ စက္ကန့်ဝက်လေးဖြစ်ဖြစ် ရှာကြည့်ပါ။
လေပြေလေညင်းလေးတွေက
လတ်လတ်ဆတ်ဆတ်ပါ
ထိတွေ့ခံစားပြီး
ပစ္စုပ္ပန်အတွက် ဘာတွေများလုပ်ပေးသင့်သလဲ
ခဏလေးဖြစ်ဖြစ်၊ စက္ကန့်ဝက်လေးဖြစ်ဖြစ် စဉ်းစားကြည့်ပါ။
လေပြေလေညင်းလေးတွေက
လတ်လတ်ဆတ်ဆတ်ပါ
ထိတွေ့ခံစားပြီး
အနာဂတ်မှာ ကိုယ့်သမိုင်းအတွက်
ဘယ်လိုရေးထိုးထွင်းထုကြမလဲ
ခဏလေးဖြစ်ဖြစ်၊ စက္ကန့်ဝက်လေးဖြစ်ဖြစ် တွေးကြည့်ပါ။
2008 ခုနှစ်၊ အောက်တိုဘာလ (9)ရက်။



4:23 PM
မာန်လှိုင်းငယ်
Posted in:
1 comments:
ကဗျာလေးကို ထိတွေ့ခံစားကြည့်သွားပါတယ် ကိုမာန်လှိုင်းရေ...
လေပြည်လေညင်းတွေရဲ့ အထိအတွေ့မှာ အတိတ်က အကြောင်းအရာတွေကို ပြန်ရှာကြည့်တော့လဲ အားလုံးဟာ မနေ့တစ်နေ့ကလို သစ်လွင်လတ်ဆတ်နေတာပါပဲ။
အနာဂတ်မှာ ကိုယ့်သမိုင်း ကိုယ်ရေးဖို့တော့ အတိတ်က မှားတာတွေ ရှိခဲ့ရင် သင်ခန်းစာယူရမှာပေါ့။
အဆင်ပြေ ပျော်ရွှင်နိုင်ပါစေ...။
Post a Comment