Showing posts with label သတင်း. Show all posts
Showing posts with label သတင်း. Show all posts
Thursday, October 11, 2007
Thursday, September 27, 2007
Friday, September 21, 2007
တယောက်တော့ ငရဲပြည်သွားပြီ
တယောက်တော့ ငရဲပြည်သွားပါပြီး။ ကျန်နေသူများ အသက်ကို များများလုထားကြပါတော့။ တင်ထွန်းဆိုတဲ့ လူက အစ်ကိုအတွက် သူရဲကောင်းလုပ်သွားပါပြီ။ ဒါပေမယ့် သေနေ့စေ့မယ့် လူကတော့ သေမှာပဲ။ တခုတော့ရှိတာပေါ့။ အဲဒါကတော့ အာဏာရူးစစ် ဘီလူးတွေအတွက်တော့ သတိထားစရာလေးပါပဲ။
Posted in: သတင်းMonday, September 17, 2007
ရောင်နီဦးကျောင်းသူကျောင်းသားဟောင်း ပြန်လည်တွေ့ဆုံပွဲ ကျင်းပပြုလုပ်
၂၀၀၇ ခုနှစ်၊ စက်တင်ဘာလ (16)ရက်နေ့တွင် “ပန်းစုံပွင့်ဖူး၊ ရောင်နီဦးသို့၊ ကျေးဇူးအောက်မေ့၊ တမ်းမြေ့လွမ်းရီ” ဟု အမည်ပေးထားသည့် ရောင်နီဦးကျောင်းသူကျောင်းသား ဟောင်းများ ပြန်လည်တွေ့ဆုံပွဲကို မြန်မာနိုင်ငံဒီမိုကရက်တစ်အင်အားစု (FDB) ရုံးတွင် ပြုလုပ်ခဲ့သည်။
ထိုတွေ့ဆုံပွဲကို စီစဉ်ခဲ့သူများမှာ (ABSDF) မှ ဖွင့်လှစ်ထားသော ရောင်နီဦးအထက်တန်း ကျောင်းမှ ကျောင်းသူကျောင်းသားဟောင်းများဖြစ်ပြီး နယ်ပယ်အသီးသီးသို့ ရောက်ရှိနေကြသည့် ကျောင်းသူကျောင်းသားများ ပြန်လည်တွေ့ဆုံနိုင်ရန် ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။ ထိုကျောင်းသူကျောင်း သားဟောင်းများသည် ဒီမိုကရက်တစ်အင်အားစုများနှင့် လူမျိုးစုအဖွဲ့အစည်းများတွင် လည်းကောင်း၊ တပ်ပေါင်းစုများတွင် လည်းကောင်း၊ လူထုအခြေပြုအဖွဲ့အစည်းများတွင် လည်းကောင်း၊ ရှေ့တန်းနယ် မြေများတွင် လည်းကောင်း ၀င်ရောက်ကာ အလုပ်လုပ်ကိုင်နေကြသူများ ဖြစ်သည်။ ထိုမတူကွဲပြား သည့် နယ်ပယ်အသီးသီးတွင် တဦးချင်းစီ၏ အတွေ့အကြုံများ၊ အမြင်များ ဖလှယ်နိုင်ရေး၊ အနာဂတ် ရည်မှန်းချက်ပန်းတိုင်နှင့် အဖွဲ့အစည်းအသီးသီးတွင် ဆထက်ထမ်းပိုး ပူးပေါင်းပါဝင် လုပ်ကိုင်လက်တွဲ နိုင်ရေးတို့အတွက် အဆိုပါ တွေ့ဆုံပွဲအခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ခြင်း ဖြစ်သည်။
ထိုအခမ်းအနားနှင့် ပတ်သက်၍ ကျောင်းသူဟောင်းတစ်ယောက်ဖြစ်သည့် နော်ဖောလွဲမူးက “ဒီကနေ့ မမျှော်လင့်ဘဲ ရောင်နီဦးကျောင်းက သူငယ်ချင်းများနှင့် ဆုံတွေ့ခွင့်ရတဲ့အတွက် အတိုင်းမသိ ၀မ်းသာပါတယ်။ ရောင်နီဦးကျောင်းက ထွက်လာတဲ့ ကျောင်းသူကျောင်းသားအားလုံး ရိုးရိုးသားသား ကြိုးစားပြီး အများအကျိုးအတွက် တာဝန်ထမ်းဆောင်နိုင်သူတွေ ဖြစ်စေချင်ပါတယ်” ဟု သူ့အမြင်ကို ပြောပြခဲ့သည်။
ထိုအခမ်းအနားသို့ အဖွဲ့အစည်းအသီးသီးမှ ခေါင်းဆောင်များ၊ ဆရာ၊ ဆရာမများနှင့် ရောင်နီဦး ကျောင်းသူကျောင်းသားဟောင်းများ စုစုပေါင်း (၃၅)ယောက်ကျော် တက်ရောက်ခဲ့သည်။
Posted in: သတင်းThursday, September 13, 2007
ဘန်ကောက်မြို့၌ ဆန္ဒပြသည့် သံဃာတော် (၂) ပါး ဖမ်းဆီးခံရ

NEJ / ၁၂ စက်တင်ဘာ ၂၀၀၇
ပခုက္ကူမြို့၌ ဆန္ဒပြသည့် သံဃာတော်များကို နအဖစစ်အစိုးရ လက်ကိုင်တုတ်များက အကြမ်းဖက် ရိုက်နှက်ဖမ်းဆီးမှုကို ကန့်ကွက်ရှုတ်ချသည့်အနေဖြင့် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ မြန်မာသံရုံးရှေ့၌ ယနေ့နံနက်တွင် ဆန္ဒပြသည့် သံဃာတော်
(၂) ပါးကို ထိုင်းရဲက ဖမ်းဆီးထိန်းသိမ်းလိုက်သည်။
“ဖမ်းသွားပြီ ဒကာကြီး၊ ကားပေါ်မှာပါသွားပြီ၊ (၁၀) မိနစ် (၁၅) မိနစ်လောက်ပဲပြလိုက်ရတယ်။ (၁၂) နာရီအထိပြမယ်ဆိုပြီး အစကတည်းက စီစဉ်ထားတာပေါ့နော်။ ဦးပဉ္စင်းတို့က မြန်မာဘုန်းကြီးတွေဖြစ်တဲ့အတွက် မြန်မာသင်္ကန်းတွေဝတ်ပြီး ဆန္ဒပြတာပေါ့။ ဦးပဉ္စင်းတို့ ကိုင်ဆောင်ထားတဲ့ ပိုစတာတွေလည်း သိမ်းယူသွားတယ်” ဟု ဆန္ဒပြ
သည့် ဦးပဉ္စင်း ဦးသုဝရက မိန့်ကြားသည်။
ဦးပဉ္စင်း ဦးသုဝရနှင့် ဦးဝါရိန္ဒကာရတို့သည့် ဘုရားသုံးဆူနယ်စပ်မှ ဘန်ကောက်မြို့သို လာရောက်
ကာ မြန်မာသံရုံးရှေ့၌ ဆန္ဒပြကြခြင်းဖြစ်ပြီး မြန်မာပြည်လွတ်မြောက်ရေး၊ ကုန်ဈေးနှုန်းကျဆင်းရေး၊ မတရားဖမ်းဆီးခံထားရသည့် သံဃာတော်များ၊ နိုင်ငံရေးအကျဉ်းသားများ ပြန်လွှတ်ပေးရေး စသည့်တောင်းဆိုချက်များကို အင်္ဂလိပ်ဘာသာဖြင့် ရေးသားထားသည့် ပိုစတာကို ကိုင်ဆောင် ဆန္ဒပြစဉ် ဖမ်းဆီးခံရခြင်းဖြစ်သည်။
ဆန္ဒပြရသည့်အကြောင်းရင်းနှင့်ပတ်သက်၍ ဦးသုဝရက “ပခုက္ကူမြို့က ကိုယ်တော်တွေဟာ သူတို့ တကိုယ်ရေ ကောင်းစားရေးအတွက် လုပ်နေတာမဟုတ်ဘူး။ ပြည်သူလူထုတွေ အားလုံး ခံစားနေရ တဲ့ဒုက္ခကို ဖြေရှင်းပေးဖို့ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ မေတ္တာပို့ပြီး လမ်းလျှောက်ဆန္ဒပြကြတာ၊ ဒါကို
စစ်တပ်နဲ့ အကြမ်းဖက်နှိမ်နင်းတဲ့အတွက် ဦးပဉ္စင်းတို့ လာပြီး ဆန္ဒပြတာ” ဟု မိန့်ကြားသည်။
လက်ရှိအချိန်၌ သံဃာတော် (၂) ပါးကို ထိုင်းရဲတပ်ဖွဲ့က မေးမြန်းစစ်ဆေးလျက်ရှိပြီး ထိုင်းရဲ၏
လူဝတ်လဲခိုင်းမှုကို သံဃာတော်တို့က ငြင်းဆန်ခဲ့သည်ဟု သိရသည်။
ဦးပဉ္စင်းဦးသုဝရသည် ၂၀၀၅ ခု၊ မတ်လကလည်း အမျိုးသားညီလာခံကို ကန့်ကွက်သည့်အနေဖြင့် ဘန်ကောက်မြို့ မြန်မာသံရုံးရှေ့၌ တကိုယ်တော်ဆန္ဒပြသည့်အတွက် ဖမ်းဆီးခံရဖူးသည်။ ။
Posted in: သတင်းWednesday, September 12, 2007
ရှောင်တိမ်းနေသူများ၏ မိသားစုနှင့် မိတ်ဆွေများ စောင့်ကြည့်ခြင်းခံနေရ

ဧရာဝတီ၊ ကိုသက် | စက်တင်ဘာ ၁၀၊ ၂၀၀၇
စစ်အစိုးရက ရှောင်တိမ်းနေကြသော နိုင်ငံရေးလှုပ်ရှားသူများအားဖမ်းဆီးနိုင်ရေးအတွက် ၎င်းတို့၏ မိဘဆွေမျိုးများနှင့် မိတ်ဆွေအပေါင်းအသင်းများအား စောင့်ကြည့်နေကြောင်း သိရသည်။
၈၈ မျိုးဆက်ကျောင်းသူ မနီလာသိန်းကို ဖမ်းဆီးနိုင်ရန် အာဏာပိုင်တို့က ၄ လအရွယ်သမီးငယ် နေကြည်မင်းယု အား တည်ကြက်ထားကာ လိုက်လံစောင့်ကြည့်လျက် ရှိကြောင်း မနီလာသိန်းက ဧရာဝတီကို ပြောသည်။
မနီလာသိန်းသည် ကျောင်းသားခေါင်းဆောင် ကိုဂျင်မီ၏ ဇနီးဖြစ်ပြီး ယခုအခါ ၎င်း၏သမီးငယ် နေကြည်မင်းယုအား ယောက္ခမဖြစ်သူက ကြည့်ရှုစောင့်ရှောက်လျက်ရှိသည်။
ကိုဂျင်မီသည် သြဂုတ်လ ၂၁ ရက်နေ့ညက ကျောင်းသား ခေါင်းဆောင်များဖြစ်ကြသည့် ကိုမင်းကိုနိုင်၊ ကိုဇေယျ၊ ကိုကိုကြီးတို့နှင့်အတူ အာဏာပိုင်တို့၏ ဖမ်းဆီးခြင်းကို ခံခဲ့ရသည်။
လွန်ခဲ့သည့် စနေ၊ တနင်္ဂနွေ နေ့များက ကိုဂျင်မီအား အာဏာပိုင်တို့က စစ်ကြောရေးစခန်းတွင် စစ်ဆေးရင်း လက်လွန်ကာ သေဆုံးသွားသည်ဟူသော ကောလာဟလသတင်း ထွက်ပေါ်ခဲ့သည်။
၈၈ မျိုးဆက်ကျောင်းသား ကိုထွန်းမြင့်အောင်သည်လည်း စစ်အစိုးရ၏ မတရားလိုက်လံဖမ်းဆီးမှုကြောင့် ရှောင်တိမ်းနေ ရသူတဦးဖြစ်ပြီး ၎င်းအားဖမ်းဆီးနိုင်ရေးအတွက် သူ၏မိသားစုဝင်များကိုလည်း အာဏာပိုင်တို့က အနီးကပ်စောင့်ကြည့် နေကြောင်း သိရသည်။
“အမေဆေးခန်းသွားလည်း နောက်ကနေလိုက်တာ။ အိမ်ကလူတွေဘယ်သွားသွား၊ ကလေးကျောင်းပို့တာကအစ ဗြောင်လိုက်တာ။ အခုတရက်၊ နှစ်ရက်မှာတော့ ဗြောင်မလိုက်တော့ဘူး။ ပုံစံပြောင်းသွားပြီ၊ လူရောင်ဖျောက်ပြီး လိုက်တယ်။ အိမ်နားမှာလည်း ကင်းပုန်းဝပ်သလို ကိုယ်ရောင်ဖျောက်ထားတယ်” ဟု ကိုထွန်းမြင့်အောင်က ဧရာဝတီကို ပြောသည်။
ကိုထွန်းမြင့်အောင်၏မိခင်သည် အသက် ၇၅ နှစ်ရှိပြီဖြစ်ပြီး ကျန်းမာရေးချို့တဲ့သောကြောင့် နေ့စဉ် ဆေးခန်းသို့ သွားနေရသူ ဖြစ်သည်။
“သူက သူ့အမေကို သံယောဇဉ်အတော်ကြီးတယ်။ သူ့အမေ တခုခုဖြစ်ရင်တော့ ဒီကောင်ရောက်လာမှာပဲ။ အဲဒီအခါကျရင် သူ့ကိုအလွယ်တကူ စောင့်ဖမ်းရုံပဲ လို့ ပြောသံတွေကို ပြန်ကြားရတယ်” ဟုလည်း သူက ဆက်ပြောသည်။
သြဂုတ်လ ၂၁ ရက်နေ့မှစ၍ ကိုထွန်းမြင့်အောင်၏နေအိမ်ကို အာဏာပိုင်တို့က လေးကြိမ်ဝင်ရောက်ရှာဖွေခဲ့ပြီး အမနှစ်ဦး၏ နေအိမ်များကိုလည်း ဧည့်စာရင်းစစ်ကာ ၎င်းအားဖွက်ထားပါကထုတ်ပေးရန်ပြောသည်ဟုလည်း ကိုထွန်းမြင့်အောင်က ပြောသည်။
ရန်ကုန်အခြေစိုက် အနောက်နိုင်ငံသံရုံးတခုက လွတ်မြောက်နေသည့် ကျောင်းသားခေါင်းဆောင် ကိုဌေးကြွယ်အား
ဝှက်ပေးထားသည်ဟု စစ်အစိုးရက ယမန်နေ့က စွပ်စွဲပြောဆိုလိုက်သည်။
၎င်းစွပ်စွဲမှုအပေါ် ကိုထွန်းမြင့်အောင်က “မဖြစ်နိုင်ပါဘူး။ အဓိပ္ပါယ်မရှိတဲ့ကိစ္စပဲ။ နိုင်ငံရေးလုပ်ရင်းနဲ့ ရှောင်တိမ်းပြီးတော့ လုပ်နိုင်သလောက်လုပ်သွားမယ်၊ အဖမ်းခံရရင်လဲ ဘာတတ်နိုင်မှာလည်းဗျာ။ ရှောင်တိမ်း လုပ်ကိုင်ရင်းနဲ့ အဖမ်းခံရတဲ့ ကာလတွေလည်း ကြုံဖူးတာပဲ” ဟု ပြောသည်။
လတ်တလော ရှောင်းတိမ်းနေရသူများအားလုံးကို သာမန်ပြည်သူများကသာ အကာအကွယ်ပေးနေခြင်းဖြစ်ပြီး ထိုသို့ အကာအကွယ်ပေးသူများတွင် ၎င်းတို့ တခါမျှ မတွေ့ဆုံဘူးသူများလည်းပါဝင်သည်ဟု ကိုထွန်းမြင့်အောင်က ပြောသည်။
Posted in: သတင်းSunday, August 26, 2007
ဘန်ကောက်ရှိ မြန်မာသံရုံးရှေ့၌ မြန်မာများ ချီတက်ဆန္ဒပြ
ဒီဗွီဘီ ၂၆ သြဂုတ် ၂၀၀၇
လောင်စာဆီဈေး တက်လိုက်လို့ အကြပ်အတည်းကြုံနေရတဲ့ ပြည်သူလူထုရဲ့ ဆန္ဒပြမှုတွေအပေါ် ဖမ်းဆီးအရေးယူတဲ့ မြန်မာစစ်အစိုးရကို ကန့်ကွက်တဲ့အနေနဲ့ ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများက ဒီနေ့ နံနက် ချီတက်ဆန္ဒပြတာဖြစ်ပါတယ်။
အန်စီဂျီယူဘီ၊ ရောင်ခြည်ဦးအလုပ်သမားအဖွဲ့ စတဲ့အဖွဲ့တွေက ဦးဆောင်တဲ့ ဒီဆန္ဒပြပွဲမှာ ချီတက်ဆန္ဒပြသူများက
`ကုန်ဈေးနှုန်းကျဆင်းရေး တို့အရေး´
`ဖမ်းဆီးခံကျောင်းသားခေါင်းဆောင်များ လွတ်မြောက်ရေး တို့အရေး´
`စစ်အာဏာရှင်အစိုးရ အလိုမရှိ´ လို့ကြွေးကြော်ပြီး စစ်အစိုးရရဲ့ သံရုံးရှေ့မှာ နာရီဝက်ကျော် ဆန္ဒပြခဲ့ကြပါတယ်။
လောင်စာဆီဈေးတက်တာကို မကျေနပ်တဲ့အတွက် ငြိမ်းချမ်းစွာ ဆန္ဒပြသူများကို စစ်အစိုးရက နှိမ်နင်းအရေးယူတာကြောင့် ကန့်ကွက်ဆန္ဒပြခြင်းဖြစ်တယ်လို့ ဦးဆောင်ပါဝင်သူတစ်ဦးဖြစ်တဲ့ ရောင်ခြည်ဦးအလုပ်သမားအဖွဲ့က ဦးကျော်သောင်းက ပြောပါတယ်။
ဒီနေ့ဆန္ဒပြပွဲမှာ မြန်မာနိုင်ငံသားများသာမက မြန်မာ့ဒီမိုကရေစီကို အားပေးထောက်ခံတဲ့ ထိုင်းနိုင်ငံသားအချို့ကလည်း ပါဝင်ခဲ့ကြပါတယ်။
နအဖစစ်အစိုးရက ယခုက ၁၅ ရက်မှာ ဓာတ်ဆီတဂါလန် ယခင်ကျပ် ၁၅၀၀ ကနေ ၂၅၀၀၊ ဒီဇယ်တဂါလန် ၁၅၀၀ ကျပ်ကနေ ၃၀၀၀၊ စီအန်ဂျီ သဘာဝဓာတ်ငွေ့ တယူနစ်ကို ယခင် ၅၇ ကျပ်ကနေ ၂၇၀ ကျော်ထိ ကြိုတင်မကြေညာဘဲ ရုတ်တရက် ဈေးတိုးမြှင့်လိုက်ပါတယ်။
ဒီလိုဈေးမြှင့်လိုက်တာကြောင့် ရန်ကုန်မှာ ဘတ်စ်ကားတွေ ရုတ်တရက် လျော့နည်းပြတ်တောက်ခဲ့ပြီးနောက် ယာဉ်စီခတွေလည်း နှစ်ဆမြင့်တက်သွားရတယ်။
ဒီဗွီဘီမှ ပြန်လည်ကူးယူဖော်ပြထားခြင်းဖြစ်ပါတယ်။
လောင်စာဆီဈေး တက်လိုက်လို့ အကြပ်အတည်းကြုံနေရတဲ့ ပြည်သူလူထုရဲ့ ဆန္ဒပြမှုတွေအပေါ် ဖမ်းဆီးအရေးယူတဲ့ မြန်မာစစ်အစိုးရကို ကန့်ကွက်တဲ့အနေနဲ့ ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများက ဒီနေ့ နံနက် ချီတက်ဆန္ဒပြတာဖြစ်ပါတယ်။
အန်စီဂျီယူဘီ၊ ရောင်ခြည်ဦးအလုပ်သမားအဖွဲ့ စတဲ့အဖွဲ့တွေက ဦးဆောင်တဲ့ ဒီဆန္ဒပြပွဲမှာ ချီတက်ဆန္ဒပြသူများက
`ကုန်ဈေးနှုန်းကျဆင်းရေး တို့အရေး´
`ဖမ်းဆီးခံကျောင်းသားခေါင်းဆောင်များ လွတ်မြောက်ရေး တို့အရေး´
`စစ်အာဏာရှင်အစိုးရ အလိုမရှိ´ လို့ကြွေးကြော်ပြီး စစ်အစိုးရရဲ့ သံရုံးရှေ့မှာ နာရီဝက်ကျော် ဆန္ဒပြခဲ့ကြပါတယ်။
လောင်စာဆီဈေးတက်တာကို မကျေနပ်တဲ့အတွက် ငြိမ်းချမ်းစွာ ဆန္ဒပြသူများကို စစ်အစိုးရက နှိမ်နင်းအရေးယူတာကြောင့် ကန့်ကွက်ဆန္ဒပြခြင်းဖြစ်တယ်လို့ ဦးဆောင်ပါဝင်သူတစ်ဦးဖြစ်တဲ့ ရောင်ခြည်ဦးအလုပ်သမားအဖွဲ့က ဦးကျော်သောင်းက ပြောပါတယ်။
ဒီနေ့ဆန္ဒပြပွဲမှာ မြန်မာနိုင်ငံသားများသာမက မြန်မာ့ဒီမိုကရေစီကို အားပေးထောက်ခံတဲ့ ထိုင်းနိုင်ငံသားအချို့ကလည်း ပါဝင်ခဲ့ကြပါတယ်။
နအဖစစ်အစိုးရက ယခုက ၁၅ ရက်မှာ ဓာတ်ဆီတဂါလန် ယခင်ကျပ် ၁၅၀၀ ကနေ ၂၅၀၀၊ ဒီဇယ်တဂါလန် ၁၅၀၀ ကျပ်ကနေ ၃၀၀၀၊ စီအန်ဂျီ သဘာဝဓာတ်ငွေ့ တယူနစ်ကို ယခင် ၅၇ ကျပ်ကနေ ၂၇၀ ကျော်ထိ ကြိုတင်မကြေညာဘဲ ရုတ်တရက် ဈေးတိုးမြှင့်လိုက်ပါတယ်။
ဒီလိုဈေးမြှင့်လိုက်တာကြောင့် ရန်ကုန်မှာ ဘတ်စ်ကားတွေ ရုတ်တရက် လျော့နည်းပြတ်တောက်ခဲ့ပြီးနောက် ယာဉ်စီခတွေလည်း နှစ်ဆမြင့်တက်သွားရတယ်။
ဒီဗွီဘီမှ ပြန်လည်ကူးယူဖော်ပြထားခြင်းဖြစ်ပါတယ်။
Posted in: သတင်းTuesday, August 21, 2007
(၈၈) မျိုးဆက်ကျောင်းသားများနှင့်အတူ ပြည်သူလူထုများ လမ်းလျှောက်ချီတက်ဆန္ဒပြခြင်း။

စစ်အစိုးရက မြန်မာနိုင်ငံရှိ စီးပွားရေး အကျပ်အတည်းများကို ပြင်ဆင်ပေးရန်အတွက် (၈၈) မျိုးဆက်ကျောင်းသားများအနေဖြင့် ဆက်လက်တောင်းဆို တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း (၈၈) မျိုးဆက်ကျောင်းသားများက ပြောကြားသည်။ (၈၈) မျိုးဆက်ကျောင်းသားများနှင့်အတူ ပြည်သူလူထုများ လမ်းလျှောက်ချီတက်ဆန္ဒပြခြင်း။ါ



Posted in: သတင်း


3:27 PM
မာန်လှိုင်းငယ်

.jpg)

