နွေးထွေးစွာ အေးမြခြင်းများစွာနဲ့ မာန်လှိုင်းငယ်မှ ကြိုဆိုပါသည်။ အကြံပြုချက်များ၊ ဝေဖန်စာများကိုလည်း ကြားချင်ပါသည်။

Thursday, November 8, 2007

ကြောက်ရတဲ့ သတ္တ၀ါများ

မာန်လှိုင်းငယ်

“ကြောက်ရတဲ့ သတ္တ၀ါများ”

မနှင်းဆီနီနီက စီပုံးပါ အော်သွားတာ တွေ့လို့။ အပြေးအလွှား မနှင်းဆီအိမ်ကို သွားလိုက်တာ။ အော် ကိုယ်ကြောက်တဲ့ သတ္တ၀ါတွေ အကြောင်းတွေ ဖြစ်ပါတယ်။

ကျနော်ကရော ဘာကောင်တွေကို ကြောက်သလဲပေါ့။ အင်း သတ္တ၀ါတော်တော်များများကိုတော့ မကြောက်ပါဘူး။ သူများတွေကိုတော့ လိုက်ခြောက်ဖူးတယ်ဗျ။ ကျနော့် မေမေဆိုရင် မြွေကြောက်တယ်ဗျာ။ နဂိုကတည်းက ရောဂါတခုရှိတယ်။ သွေးတိုးရောဂါပါ။ ကျနော်က အိမ်နောက်ဖေးမှာ စိုက်ခင်းသေးသေးလေး လုပ်နေတုန်း မြွေလာတာတွေ့လို့ ဖမ်းလိုက်တယ်။ ပြီးတော့ မြွေက မကြီးပါဘူး။ အလွန်ဆုံးရှိ ကျနော်တို့ ငယ်ငယ်တုန်းက ဘုန်းကြီးကျောင်းမှာ နေစဉ်က ဘုန်းကြီးရိုက်တဲ့ ကြိမ်လုံးခပ်ကြီးကြီးအရွယ်လောက်ပဲ ရှိပါတယ်။ ကျနော်က အဲဒီမြွေကို ဖမ်းပြီး မေမေ့ကို စနောက်ချင်စိတ်ပေါ်လာတာနဲ့ သွားစတယ်ဗျာ။

ကျနော် ဘယ်လို စ တယ်ထင်သလဲ။ “မေမေရေ ... ဒီမှာ ဘာလည်းမသိဘူး။ သား ယူလာပေးမယ်နော်”ဆိုပြီး ယူသွားတယ်။ မေမေ့ ရှေ့ကိုရောက်တာနဲ့ မြွေကို ပြလိုက်တာ မေမေ သွေးလန့်။ သွေးတိုးရောဂါပြန်ထလာပါတော့တယ်ဗျာ။ ကျနော် အဲဒီလိုတွေ့တော နောက်ပိုင်းမှာ မေမေကို မစ တော့ပါဘူး။ မေမေ့ကို သနားတယ်လေ။ (မှတ်ချက်။ ။ ကြာခဲ့ပါပြီး အမှတ်ရတာလေး ကို ရေးလိုက်တာ။ ရေးနေရင်းနဲ့ မေမေ့ကို သတိရလိုက်တာဗျာ။ အခုနေများ မေမေရှိရင် ပျော်စရာကမ္ဘာပါပဲ။ ခုတော့ မေမေက သမလွန်ရောက်ပြီး ကောင်းရာဘုံမှာ စံမြန်းနေရောပေါ့။)

ကဲ ... နောက်တခု ပြောပြဦးမယ်ဗျာ။ ပိုးကောင်သေးသေးလေး မြင်ရင် ကြောက်တတ်တဲ့ လူတွေပါပဲ။ အဲဒီထဲမှာ ကျနော့်သူငယ်ချင်းတယောက်လဲ ပါတယ်ဗျာ။ ယောင်္ကျားလေးပါ။ သူက အဲဒီပိုကောင်သေး သေးကို မြင်ရင် ဘယ်တော့ အဲဒီလမ်းက မသွားတော့ဘူး။ တခြားလမ်းက သွားတယ်။ ကျနော်တို့ သူငယ်ချင်းတသိုက် ဘယ်လောက်ဆိုးသလဲဆိုတော့ဗျာ။ အဲဒီကောင်ကို စနောက်ချင်တာနဲ့ ပိုကောင် သေးသေးဖြစ်တဲ့ ပင့်ကူသေးတကောင်ရယ်။ ခူယားတကောင်ရယ်။ ပိုးနံကောင်တကောင်ရယ်။ ကျောင်းသွားရင်း လမ်းမှာ ကျနော်တို့က သူ့လွယ်အိတ်ထဲကို ထည့်ပေးလိုက်တယ်။

ကျောင်းရောက် တော့ စာအုပ်ထုတ်တဲ့အခါမှာ ဒီကောင်က ထခုန်ဘာလေရောဗျာ။ ကျနော်တို့ကတော့ ရယ်စရာ မြင်ကွင်းကို တွေ့တော့ လက်ခုပ်တီးပြီး ရယ်ကြတယ်။ ဒီမှာတင် ဒီကောင်က ကျနော်တို့ လက်ချက်မှန်း သိသွားတော့ လိုက်ထိုးတယ်ဗျ။ ဘယ်ရမလဲဗျာ။ အပြေးသမားတွေပဲ ပြေးတာ လှည့်တောင် မကြည့်တော့ဘူး။ ပြေးလိုက်ကြတာ။ ဟား .... ဟား ... ဟား ။ ပျော်စရာကြီးဗျ။ (ဒါကတော့ ကျောင်းသားဘ၀တုန်းက အဖြစ်အပျက်လေးတခုကို ပြောပြတာပါ။)

အင်း .... ကိုယ့်အကြောင်းပြောရဦးမယ်ထင်တယ်။ တော် ကြာ လေရှည်တယ်ပြောဦးမယ် ... ဟဲ ဟဲ။

ကဲ ... လာပါပြီးဗျာ။
ကျနော် ကြောက်တာကတော့ အကောင်သုံးမျိုးရှိတယ်။ ၁။ ငန်းမြွေ၊ ၂။ မိကျောင်း၊ ၃။ ငါးမန်း တို့ပါပဲ။ ငန်းမြွေကို ကြောက်ရတဲ့ အကြောင်းလေး ပြောပြမယ်ဗျာ။ ငယ်ငယ်ကဆို ငန်းမြွေအကြောင်း ကြားဖူးတယ်လေ။ သူ့ရဲ့ ဥတွေကို သွားမစားလိုက်နဲ့တဲ့ စားတဲ့လူကို ညဘက်မှာ လာသတ်တာပဲတဲ့ ဗျာ၊ တခါတည်း အသေပေါက်သတ်တာဗျ။ မယုံမရှိနဲ့။ ဟား ... ဟား။ ပြောရင် ယုံမှာ မဟုတ်ပါဘူး။ ကျနော်ကိုယ်တိုင် ငန်းမြွေဥ မစားဖူးသေးဘူး။ ငန်းမြွေကိုပဲ တွေ့ဘူးသေးတယ်။ လူကြီးတွေ ပြောပြထားလို့ မစားရဲတာပါ။ အဲဒီလိုပြောထားတော့ ကျနော်လည်း အခုချိန်ထိ ငန်းမြွေကို ကြောက်တယ်။

မိကျောင်းအလှည့်ပဲ ... ပြောပြမယ်နော်။ မိကျောင်းကို တွေ့ဖူးတဲ့လူရှိလားမသိဘူးနော်။ ကျနော်ကတော့ ရုပ်ရှင်မှာ တွေ့ဘူးတယ်။ လူသားတွေကို လျှောက်စားနေတာများ။ ကျောပါချမ်းတက် လာတယ်။ အဲဒါနဲ့ မိကျောင်းကို ကြောက်နေရတယ်။ အဲဒါကြောင့်ထင်တယ်။ ကျနော် တိရိစ္ဆာန်ရုံသွား တော့ မိကျောင်းကို တွေ့တာနဲ့ ဝေးဝေးက ကြည့်တယ်။ အနားအကြည့်ရဲဘူးဗျ။ အနီးကပ်ကြည့်ရင် သူက ပါးစပ်ပြဲကြီးနဲ့ လှည့်ကိုက်မှာစိုးလို့။

ငါးမန်းအလှည့် ရောက်လာပြီနော်။ ကျနော် ငါးမန်းဘယ်လောက်ကြောက်လည်းဆိုတော့ မြစ်တွေမှာ ရေသွားချိုးရင် ဝေးဝေးမကူးရဲဘူး။ ငါးမန်းလာမှာ စိုးလို့။ သံလွင်မြစ်မှာလည်း အတူတူပဲ။ ကျနော် သူငယ်ချင်းတွေနဲ့ ရေသွားချိုရင် ကမ်းစပ်နားလေးမှာပဲ ရေးကူးတယ်။ ရေတော့ ကူးတတ်တယ်။ ဒါပေမယ့် ဝေးဝေးကူးရင် ဘွားကနဲဆို ငါးမန်းပေါ်လာရင် ဘယ်လိုလုပ်မှာလဲ။ ဒါကြောင့် ဝေးဝေး မကူးတာ။ ငါးမန်းကို တွေ့ဖူးလားလို့ မေးရင်တော့ ဟဲ .. ဟဲ ကျနော် မတွေ့ဖူးသေးဘူး အပြင်မှာ တွေ့ဖူးရင်တောင် မပြောတတ်ဘူးနော်။ ငါးမန်းကို မကြောက်တော့ပဲနဲ့ လိုက်တောင် ဖမ်းနေရင်တော့ စိတ်မချရဘူးဗျ။ အင်း ... ကျနော် ကြောက်ရတဲ့ သတ္တ၀ါသုံးကောင်အကြောင်းတော့ ပြောပြီးပြီဗျာ။

ကဲ ... ကျနော်လည်း မနှင်းဆီ ပြောတဲ့ လေသံအတိုင်း ထပ်ပြောလိုက်မယ်နော်။ ဒီပို့စ်ကို ဖတ်ပြီးသူတိုင်း ကြောက်တတ်တဲ့ သတ္တ၀ါကို ရေးကြပေတော့ဗျာ။ အင်း ... ဒါပေမယ့် သူငယ်ချင်း လေးယောက်ကိုတော့ TAG လိုက်ဦးမယ်ဗျာ။ အဲဒီလူတွေကတော့ အောက်မှာ ဖတ်ကြည့် .... ။

၁။ Chaos (ကဗျာချစ်သူ)
၂။ မမေပျို (မိုးပြာရောင် အိမ်မက်များ)
၃။ ကိုကောင်းကင်ကိုကြီး
၎။ ကိုဇူလိုင် (July Dream)
တို့ပဲ ဖြစ်ပါတယ်ဗျာ။

မာန်လှိုင်းငယ်
၂၀၀၇ ခုနှစ်၊ နိုဝင်ဘာလ (၈)ရက်။

0 comments:

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes