နွေးထွေးစွာ အေးမြခြင်းများစွာနဲ့ မာန်လှိုင်းငယ်မှ ကြိုဆိုပါသည်။ အကြံပြုချက်များ၊ ဝေဖန်စာများကိုလည်း ကြားချင်ပါသည်။

Thursday, December 27, 2007

Internet ကမ္ဘာ့ရွာကြီး (Globe village)

မာန်လှိုင်းငယ်

Internet ကမ္ဘာ့ရွာကြီး (Globe village)


Internet ကို ဘယ်သူများ
အိပ်မက်ပြီး တီထွင်လိုက်ပါလိမ့်။

ခုတော့ …
Internet က စခဲ့လို့
Globe village ဆိုတဲ့ ကမ္ဘာ့ရွာကြီး ဖြစ်နေပါလား။

Internet ပေါ်မှာ
Messenger အိမ်နဲ့ Chatting နေ
Skype ဝေဟင်မှာ Chatting နဲ့ အော်
Gtalk မှာ ပေါင်းသင်းမိတ်ဆွေ စုဆုံပြီး Chatting တော့ကီကြပေါ့။

လူသားတိုင်း Chatting မှာ
ထိုင်ထိုင်ပြီး Style တွေ အပြည့်နဲ့။

တချို့တော့ By own ကွန်ပျူတာနဲ့
By own မရှိသူ အချို့မှာတော့
Cyber Café မှာ သွားသွားထိုင်။

တချို့မှာဖြင့် မုန့်ဖိုးတွေ ခြစ်ထုတ်
Internet Café မှာ သွားသွားစု
Chatting တွေနဲ့ ပျော်ရွှင်မြူး။

Internet ဆိုတဲ့
Globe village ကမ္ဘာ့ရွာကြီးမှာ
မဟုတ်တာတွေနဲ့
ဟုတ်တာတွေရော
အကုန် Chatting ကြပေါ့။

Friday, December 21, 2007

First Ham

First Ham

A young couple got married. When the wife prepared to bake a ham to celebrate their first Thanksgiving, she carefully cut off each end before placing it in the pan.

Her husband asked her why she did that and she replied, "I don't know - it's what my mother always did. But I can ask her."

She called Mom, who responded, "I always saw your Grandma do it, so I did the same."

They decided to check further, so the young woman called Grandma, who explained, "It was the only way I could get it to fit into my pan."

Three old men

Three old men

Three old men are at the doctor for a memory test. The doctor says to the first old man, "What is three times three?"

"274" was his reply.

The doctor worriedly says to the second man, "It's your turn. What is three times three?"

"Tuesday" replies the second man.

The doctor sadly says to the third man, "Okay, your turn. What's three times three"?

"Nine" says the third man.

"That's great!" exclaims the doctor. "How did you get that"?

"Jeez, Doc, it's pretty simple," says the third man. "I just subtracted 274 from Tuesday."

Thursday, December 20, 2007

မိဘရင်ခွင်

မာန်လှိုင်းငယ်

မိဘရင်ခွင်

မိဘမေတ္တာ
မြင့်မိုရ်မက ကြီးမြတ်လှပေတယ်။

မိဘရင်ခွင်
အရိပ်အာဝါသအောက်မှာလို
အေးမြ နွေးထွေးလှပေတယ်။

Tuesday, December 18, 2007

ဒီကြိုးကွင်းမှ လွတ်ကျသွားတဲ့ ညတည

မာန်လှိုင်းငယ်


ဒီကြိုးကွင်းမှ လွတ်ကျသွားတဲ့ ညတည

ညတညမှာ
ငါဟာ …
တောင်စဉ်ရေမရ စဉ်းစား
ငါ့ ခေါင်းမှာတော့
အိပ်မက်ထဲက ငရဲပြည်အလား
သွေးပျက်ကြောက်လန့်စရာ
အမှန်စင် စစ်လား …
အသေအချာလား ဆိုတော့
ဝေခွဲမရတာက များ
စဉ်းစား …
စဉ်းစား …
အတွေးပေါင်းများစွာ
ခရားရေလွတ်ချသလို
တသောသောနဲ့ ဆင်း
စဉ်ဆက်မပျက်နဲ့။

ညတညမှာ
ငါဟာ …
မြစ်ရေများ တသွင်သွင်
စီးမျောနေသည့်နယ်
လှိုင်းကလေးတခု
ကမ်းပါးရံကို
ပြင်းသည့် အား
ပြင်းသည့် မာန်စွယ်နဲ့
ဝင်ခြောက်လိုက်တော့
“ဖျောင်း” ခနဲဆို
ငါ လန့်ဖြန့်သွား
ဒီကြိုးကွင်းမှ လွတ်ကျသွားတဲ့ ညတညမှာ … ။

Sunday, December 16, 2007

မျက်နှာ

မျက်နှာ။ တေးရေး၊ တေးဆို - IMP

ငါ့အတွေးများလည်း ချာချာလည် … အသည်းကွဲဇာတ်လမ်းတစ်ပုဒ်ရဲ့ အဆုံးမှာ
လူကဲခပ်မတတ်တဲ့ ငတုံးလို့ ငါ့ကိုယ်ငါ အပြစ်တင်မိတယ်

ပြောင်းလဲမှုက မြန်ဆန်လို့ မင်းမုန်းသွားလဲ ချစ်လို့ ငါမပြီးသေးပါ
တကယ်လို့အသည်းကိုနောက်တစ်ခါ ကစားရင် နဲနဲလေးတော့ … အချက်ပြခဲ့အုံး

ဟိုတစ်ခါ စိတ်ကောက်တတ်တဲ့ မင်းရဲ့မျက်နှာ … ငါပြန်ချော့လိုက်လို့ ပြုံးသွားတဲ့အခါ
လေပြေတွေလို ကြည်နူးသွား … နူးညံ့မှုတွေ ပေးတဲ့မျက်နှာ
ဒီတစ်ခါ အမုန်းများနဲ့ မင်းရဲ့မျက်နှာ … နာကျင်စွာ တစိမ်းတစ်ယောက်လို့ ပြောလိုက်စမ်းပါ
ပြန်ဆုံရင် တကယ်မခေါ်ဘူးလား … ရက်စက်မှုတွေအပြည့်နဲ့ မျက်နှာ

မာယာမင်းသမီးလေးအလိုကျတိုင်း အလိုက်တသိနဲ့ လိုက်ကနေခဲ့မိတယ်
ဒီဇာတ်လမ်းလေးရဲ့ အဆုံးမှာ … အသည်းကွဲသမားကတော့ ငါပဲပေါ့

ပြောင်းလဲမှုက မြန်ဆန်လို့ မင်းမုန်းသွားလဲ ချစ်လို့ ငါမပြီးသေးပါ
တကယ်လို့အသည်းကိုနောက်တစ်ခါ ကစားရင် နဲနဲလေးတော့ … အချက်ပြခဲ့အုံး

(ဟိုတစ်ခါ စိတ်ကောက်တတ်တဲ့ မင်းရဲ့မျက်နှာ … ငါပြန်ချော့လိုက်လို့ ပြုံးသွားတဲ့အခါ
လေပြေတွေလို ကြည်နူးသွား … နူးညံ့မှုတွေ ပေးတဲ့မျက်နှာ
ဒီတစ်ခါ အမုန်းများနဲ့ မင်းရဲ့မျက်နှာ … နာကျင်စွာ တစိမ်းတစ်ယောက်လို့ ပြောလိုက်စမ်းပါ
ပြန်ဆုံရင် တကယ်မခေါ်ဘူးလား … ရက်စက်မှုတွေအပြည့်နဲ့ မျက်နှာ)

Friday, December 14, 2007

မနုဿ တစိမ်းတရံကြားမှာ

မာန်လှိုင်းငယ်

မနုဿ တစိမ်းတရံကြားမှာ

မနုဿတော ခြေစုံပစ်ဝင်
တကောက်ကောက် နောက်မှာ
အတ္တ၊ မာန၊ လောဘတွေ တန်းစီ။

မနုဿနယ် ယောင်လည်လည်
မမြင်နိုင် လေဟာနယ် အတွင်းမှာ
မာယာ အတိမ်အနက်တွေ လက်ကမ်း။

ကြာတော့ …
မနုဿ တစိမ်းတရံကြားမှာ
အမေ့ရင်ခွင်ကို လွမ်း
ချစ်သူ့ရင်ခွင်လည်း လွမ်းနေရ တအား။

Sunday, December 9, 2007

The perfect fan(အမေသီချင်း)

အမေကို ချစ်တဲ့ သားသမီးတွေအတွက် တင်ပေးလိုက်ပါတယ်။
The perfect fan(အမေသီချင်း)

It takes a lot to know what is love
It's not the big things,
but the little things
That can mean enough
A lot of prayers to get me through
And there is never a
day that passes by
I don't think of you
You were always there for me
Pushing me and guiding me
Always to succeed

[ Chorus: ]
You showed me
When I was young just how to grow
You showed me
Everything that I should know
You showed me
Just how to walk without your hands
Cuz mom you always were
The perfect fan

God has been so good
Blessing me with a family
Who did all they could
And I've had many years of grace
And it flatters me when I see
a smile on your face
I wanna thank you for what you've done
In hopes I can give back to you
And be the perfect son

[ Chorus ]

You showed me how to love
You showed me how to care
And you showed me that you
would always be there
I wanna thank you for that time
And I'm proud to say you're mine

[ Chorus ]

Cuz mom you always were,
Mom you always were
Mom you always were,
You know you always were
Cuz mom you always
were... the perfect fan

I love you Mom

Friday, December 7, 2007

သံသရာနောက်ကွယ်က ၀ှက်ဖဲတချပ်

မာန်လှိုင်းငယ်

သံသရာနောက်ကွယ်က ၀ှက်ဖဲတချပ်

သံသရာ ဒိုးယိုပေါက်မှာ
အမှန်တရားတွေ ထွန်းတောက်ဖို့
ဝှက်ဖဲတချပ်ကို လှန်ကြည့်တဲ့အခါ
အဆုံးအစမဲ့ ခရီးလမ်းကနေ
အ၀ီစိ ထမ်းလာသူတွေကို
မင်းတို့ တွေ့ရလိမ့်မယ်။

သံသရာ ဇာတ်ခုံပေါ်မှာ
ဝိုင်းသိမ်းနိုင်မယ့် ပြကွက်ဇာတ်သိမ်းဖြစ်ဖို့
ပြည့်ကျပ်လာတဲ့ ဝေဒနာ အကျိတ်အခဲတွေကို ခွဲကြည့်တဲ့အခါ
အဆုံးအစမဲ့ ကောင်းကင်စိမ်းစိမ်းအောက်
နီ ၀ါ ရောင်သွေးတွေ လူးနေတဲ့ ၀ိဥာဉ်တွေ
သံဃာ့အလံနဲ့ ခွပ်ဒေါင်းအလံကိုင်ရင်း ချီတက်လာတာကို
မင်းတို့ မြင်ရလိမ့်မယ်။

သံသရာ သက္ကရာဇ်တွေပေါ်မှာ
စစ်အာဏာရှင်စနစ် နေ၀မီးငြိမ်းနိုင်ဖို့
အဖုအထစ်ထ အားမာန်လှိုင်းကို ဖောက်ကြည့်တဲ့အခါ
ငွားငွားစွင့်စွင့် ရွက်လွင့်လာမယ့်
သံဃာစစ်သည်နဲ့ ခွပ်ဒေါင်းစစ်သည်တို့ရဲ့ သစ္စာတရား
မင်းတို့ မြို့တော်ပြာပုံဖြစ်သွားလိမ့်မယ်။

ဒါကြောင့် ...
သံသရာနောက်ကွယ်က ၀ှက်ဖဲတချပ်ကို
မင်းတို့ လှန်ကြည့်လိုက်တာနဲ့ .... ... ။ ။

မာန်လှိုင်းငယ်

ခိုင်းနှိုင်းထိုက်တဲ့ မေတ္တာရှင်

မာန်လှိုင်းငယ်

ခိုင်းနှိုင်းထိုက်တဲ့ မေတ္တာရှင်

ဒေါက်တာ စင်သီယာမောင်
အကြင်နာ မေတ္တာကြီးမားပုံက
“မာသာထရီဇာ” လို့
ခိုင်းနှိုင်းထိုက်တဲ့ မေတ္တာရှင်ပါ။

ဒေါက်တာ စင်သီယာမောင်
အနစ်နာခံ ဂရုဏာကြီးပုံက
“နိုက်တင်ဂေး” လို့
ခိုင်းနှိုင်းထိုက်တဲ့ မေတ္တာရှင်ပါ။

ဒေါက်တာ စင်သီယာမောင်
သည်းခံခြင်း စာနာမှုကြီးပုံက
“မဟသမ ခန္တီ” လို့
ခိုင်းနှိုင်းထိုက်တဲ့ မေတ္တာရှင်ပါ။

ထိုသို့သော် ...
ခိုင်းနှိုင်းထိုက်တဲ့ မေတ္တာရှင်
ကျနော်တို့အားလုံးရဲ့ နွေးထွေးမိခင်
မြန်မာ့လူတန်းစားအလွှာစုံရဲ့ အလင်းပြကြယ်
ကမ္ဘာ့လူထုအလုံးစုံ လေးစားတဲ့ ဂရုဏာရှင်
ဒေါက်တာ စင်သီယာမောင်ပါ။

၂၀၀၇ ခုနှစ်၊ ဒီဇင်ဘာလ (၆)ရက်နေ့မှာ ဆရာမကြီး ဒေါက်တာ စင်သီယာမောင်ရဲ့ (၄၈)နှစ်ပြည့် မွေးနေ့ကို ဒီကဗျာနဲ့ ဂုဏ်ပြုလိုက်ပါတယ်။ ဆရာမကြီး သက်ကျော်ရာကျော် ရှည်ပါစေ .... ဆုတောင်းလိုက်ပါတယ်။

မာန်လှိုင်းငယ်

Saturday, December 1, 2007

ဒီဇင်ဘာ ည

ဒီဇင်ဘာ ညသီချင်းကို ဒီနေရာကိုဆိုးသွမ်းဆီက ပြန်လည်ကူးယူတင်လိုက်ပါတယ်။

ဒီဇင်ဘာ ည

ဒီဇင်ဘာ ည

အပြင်မှာ နှင်းတွေ ကျဆင်းလို့နေပြီ....အိမ်မက်ဟောင်းတွေ
ရင်ထဲရောက်လာသည်...ငါမလိုချင်သော နာရီများ
လွန်ဆန်ချင်နေလည်း ။
မျှော်လင့်ခြင်းတွေ.....ငါမုန်းလိုက်ချင်ပြီ
ဒီလိုညတွေ ကုန်ဆုံးလိုက်ချင်ပြီ......မြူမှုန်တွေရဲ့ ခြေသံလေး
နင်ပြန်မလာတော့ဘူးလား......

ဒီဇင်ဘာည အဖြူရောင်မြူနှင်းကြားမှာ အတူဆုံနေကြ.....
ဒီလိုအချိန်လေးရောက်လာ
ဟိုအရင်က အပြာရောင်အိမ်မက်လေးကို ပြန်လည်တမ်းတရင်း ကြေကွဲ
ငါ ငိုနေဆဲ..ယုံပါ ကောင်မလေးရယ်။
ပြန်ဆုံနိင်မဲ့ ကံကို ငါတမ်းတတယ်......
ဒါပေမယ့်လည်း အဖြူရောင်မြူနှင်းကြားမှာ ငါဟာ အချစ်ပျောက်လိုက်ရှာ ရင်းနဲ့
လွမ်းနေဆဲ...။

ပူလောင်ခြင်းတွေ ....ရင်ထဲပြည့်နေပြီ ဒီဇင်ဘာညကို အံတုလို့နေပြီ
ငါမလိုချင်သော ဒဏ်ရာလေး နာကျင်နေပြီပဲ
မျှော်လင့်ခြင်းတွေ..ငါမုန်းလိုက်ချင်ပြီ
ဒီလိုညတွေ ကုန်ဆုံးလိုက်ချင်ပြီ...မြူမှုန်တွေရဲ့ ခြေသံလေး
နင်ပြန်မလာတော့ဘူးလား.....

ဒီဇင်ဘာည အဖြူရောင်မြူနှင်းကြားမှာ အတူဆုံနေကြ
ဒီလိုအချိန်လေးရောက်လာ ဟိုအရင်က အပြာရောင်အိမ်မက်လေးကို
ပြန်လည်တမ်းတရင်း ကြေကွဲ .....။
ငါ ငိုနေဆဲ..ယုံပါ ကောင်မလေးရယ်
ပြန်ဆုံနိင်မဲ့ ကံကို ငါတမ်းတတယ်...... ဒါပေမယ့်လည်း အဖြူရောင်မြူနှင်းကြားမှာ
ငါဟာ အချစ်ပျောက်လိုက်ရှာ ရင်းနဲ့ လွမ်းနေဆဲ...။

Friday, November 30, 2007

အဖွားမာ (လူထုဒေါ်အမာ)(၉၂)နှစ်ပြည့် မွေးနေ့

အဖွားမာ (လူထုဒေါ်အမာ)(၉၂)နှစ်ပြည့် မွေးနေ့ အခမ်းအနား ကဗျာရွက်ဆိုပွဲ ပြုလုပ်
(၂၉ . ၁၁ . ၂၀၀၇)ရက်နေ့ ညနေ (၆း၃၀)နာရီခွဲမှာ ကျင်းပ ပြုလုပ်ခဲ့သည်။









Thursday, November 29, 2007

(၉၂)နှစ်ပြည့် အဖွားမာသို့ မြေးတယောက်ရဲ့ ပန်ကြားစာ

မာန်လှိုင်းငယ်

(၉၂)နှစ်ပြည့် အဖွားမာသို့ မြေးတယောက်ရဲ့ ပန်ကြားစာ



(အဖွားမာရဲ့ (၉၂)နှစ်ပြည့် မွေးနေ့ကို ဂုဏ်ပြုခြင်း)


အဖွားမာ ...
ကျနော် စာတော ကဗျာတောထဲ
မရဲတရဲ တိုးဝင်စမှာ ...
အဖွားမာရဲ့စာပေကို နှစ်ခြိုက်စွာ ဖတ်ရတယ်။

အဖွားမာ ...
အဖွားမာရဲ့ တစ်သက်တာထဲမှာ
အဖွားမာရဲ့ စာပေချစ်မှု
အဖွားမာရဲ့ အနုပညာမြတ်နိုးမှု
အဖွားမာရဲ့ ငြိမ်းချမ်းမှု စကားတွေကို
မြတ်မြတ်နိုးနိုး ရင်ထဲမှာ ထာဝစဉ် သိမ်းထားခဲ့ပါတယ်။

အဖွားမာ ...
ဆရာအောင်ဝေးလိုတော့ မတားပါဘူး
ဒါပေမယ့်
အဖွားမာ မြင်လိုတဲ့ ဒီမိုကရေစီရတဲ့အထိတော့
ကျနော်တို့နဲ့ အတူ
ရင်အုပ်မကွာ ထွေးပိုက်ရင်း ရပ်တည်ပေးသွားပါဦး ... အဖွားမာ။

အဖွားမာ ...
အဆုံးအစမဲ့တဲ့ ကောင်းကင်ပြာပြာအောက်မှာ
စက်တင်ဘာမျက်ရည်တွေ မီးတောက်ခဲ့ရတယ်
သံဃာ့သင်္ကန်းတွေ သွေးစွန်းခဲ့ရတယ်
ပြည်သူတွေရဲ့ တောက်ခေါက်သံတွေ လမ်းမတွေပေါ် လှိုင်းထန်ခဲ့ရတယ်။

အဖွားမာ ...
ဒီလှိုင်းရဲ့ အားမာန်နဲ့
ငွားငွားစွင့်စွင့် ရွက်လွှင့်လာမယ့်
သံဃာ့သွေး၊ ခွပ်ဒေါင်းသွေးတွေရဲ့ သစ္စာတရားဟာ
စစ်အစိုးရရဲ့ စစ်ဝါဒကို
ပြာပုံဘ၀ရောက်သည်အထိ နိဂုံးချုပ်သွားစေမယ့်နေ့ကို
စောင့်ကြည့်ပေးသွားပါဦး ... အဖွားမာ။

မာန်လှိုင်းငယ်
၂၀၀၇ ခုနှစ်၊ နိုဝင်ဘာလ (၂၉)ရက်။

မြန်မာရဲ့ သံဃာ

ဆရာတော်တပါးက ပေးပို့လာတဲ့ ကဗျာပါ။ ကျနော့် ဘလော့ဂ်မှာ တင်ချင်တာနဲ့ ပြန်လည်တင်ထားလိုက်ပါတယ်။


မြန်မာရဲ့ သံဃာ
(သို့)
နှစ်ထောင့်ခုနစ်(၂၀၀၇)ရဲ့ ပဲ့တင်သံ

ဆယ်ခုနှစ် စက်တင်ဘာ
အရင်းတည်ခဲ့တဲ့ နေ့ရက်မဟာ
ဖခင်ရင်းပမာ တိုင်တည်ကာ
ရွှေတိဂုံခြေရင်း
ဝပ်ဆင်းခဲ့တဲ့ သံဃာတော်
ဆွမ်းဒကာနဲ့ သာသနာအတွက်နော်။

နေ့စဉ်ရက်ဆက်လို့
လမ်းပေါ်မှာ ဖိနပ်ပျက်လဲ
ပြည်သူတွေရဲ့ အပြုံး
လက်ခုပ်သံ တဗြုန်းဗြုန်းနဲ့
နေပူမှာ သွေးဆူခဲ့သနော်။

နှစ်ဆယ့်လေး စက်တင်ဘာ
ဆရာဒကာ လက်တွဲခဲ့တာ
မျိုးဆက်သစ်ကျောင်းသား
ပြည်ချစ်များနဲ့ ဖွဲ့တည်
မိမြန်မာပြည် လွတ်လပ်ရေး
ခွေးစစ်များကို ခြောက်လှန့်ပေးသနော်။

စက်တင်ဘာ နှစ်ဆယ့်ခြောက်
သံဃာစင်ပါမှောက်ခဲ့တဲ့
ပြည်သူတို့ရဲ့ မြင်ကွင်း
အရှေ့မုခ်လှေကားဆင်းမှာ
သွေးတွေမြေလူး
စစ်ဘီလူးရူးခဲ့တယ်နော်။

ဒါပေမယ့် ဒို့သံဃာ
အညံ့မခံတဲ့ သက်သေတာ
ထောင်နံရံက လျှောက်မှာ
အာခေါင်သံပေါက်ပေမယ့်
အာဏာရှင်စစ်ရူး
သူ့သေတွင်း သူတူးစေမယ်နော်။

အရှင်ရေ၀တ (ကေတု)

မြန်မာရဟန်းရှင်လူတို့ အားတက်စေရန်အတွက် ရည်ရွယ်ပါသည်။

Saturday, November 24, 2007

တန်ဆောင်မုန်းလ ဆေးပေါင်းခည ဇာတ်သိမ်းပိုင်း

မာန်လှိုင်းငယ်

“တန်ဆောင်မုန်းလ ဆေးပေါင်းခည ဇာတ်သိမ်းပိုင်း”

ကျနော်တို့ သူငယ်ချင်းအားလုံး ဘယ်လိုပုံစံတွေနဲ့ သွားသလဲဆိုတာ သိချင်လား။ ကျနော် ပြောပြမယ်။ အဲ ... အရက် (သေရည်)သောက်ထားတော့ ကျနော်တို့ အားလုံးက မူးနေပါတယ်။ ဒါပေမယ့် တော်တော်လေးကို မူးနေကြတာမဟုတ်ပါဘူး။ ခြေလှမ်းကလေး နည်းနည်း ယိုင်ရုံလေးပါ။

ကျနော်တို့ သူငယ်ချင်းတွေမှာ ဒီအကောင်သေးကို နှိပ်စက်ရင်း သွားကြတာပါ။ တခြားရပ်ကွက်ကို သွားတာဆိုတော့ လုံခြုံရေးတွေနဲ့ တိုးရင် ဘယ်လိုလုပ်မလဲ ...။ သူတို့ ဆီက ငတေကောင်တွေနဲ့ လည်း တိုးနေရင် ဘယ်လိုလုပ်မလဲ ... စသဖြင့် စသဖြင့်ပေါ့။ ဒီကောင့်ကို ၀ိုင်းဝန်းမေးကြ။ ခြိမ်းခြောက်ကြတယ်ဗျာ။ ဒါပေမယ့် ဒီကောင်က အကောင်တော့ သေးတယ်။ ခေါင်းမာတယ်။ သူ့ချစ်သူနဲ့ မတွေ့ရကို မနေနိုင်တာလဲ ပါနေတယ်ဆိုတော့ ဒီကောင့်ကို ဘယ်လိုပဲ ပြောပြော။ ဘယ်လို ပဲ သွယ်ဝိုက်ပြီး ခေါ်ထုတ် ခေါ်ထုတ်။ ခြေလှမ်းတွေက သူ့ကောင်မလေးဆီကို ရောက်သွားကြတယ်။

သူ့ကောင်မလေးဆီရောက်တော့ ပြဿနာက တတ်ပြီဗျာ။ ဒီကောင်နဲ့ သူ့ကောင်မလေးက ချိန်းထား ကြတာလည်း မဟုတ်။ ဘယ်ရက်။ ဘယ်အချိန်မှာ လာမယ်လို့လဲ ကြိုတင်မပြောထားကြတော့ ဒုက္ခ တွေ့ကြပြီ။ ဒီကောင်အပူမိတော့ ကျနော်တို့ပါ ကူးလာတယ် ဒီကောင့်အပူလေ။ ဒါနဲ့ ၀ိုင်းဝန်းပြီး စဉ်းစား အကြံတွေ ထုတ်ကြပါပြီ။ အဲဒီမှာ။ ကျနော်တို့ထဲမှာ ဥာဏ်ကောင်းတဲ့ သူက ပါနေတော့ အဖြေက ပေါ်လာပါတယ်။ တော်တော်စဉ်းစားပြီးမှ ရတာပါ။ ဟဲ .. ဟဲ .. သူငယ်ချင်းတယောက်ရဲ့ အကြံပေး ချက်နဲ့ လုပ်ကြရတော့မှာလေ။ ဒါပေမယ့် ဒီကောင်က မ၀င်ရဲပြန်ဘူး။ အဲဒီခြံဝိုင်းထဲကို။ ဒါနဲ့ မဲနှိုက်ကြ ပြန်တာပေါ့။ မဲပေါက်တဲ့သူက ကောင်မလေးကို ခေါ်ထုတ်ပေးဖို့ တာဝန်ယူရတယ်။ ကျနော်ဆို ဘုရား တနေရတယ်။ မလွယ်ပါဘူး။ ရင်ကိုမောနေတာပါပဲ။ ငါများ ပေါက်သွားမလားပေါ့။ အမျိုးမျိုး စဉ်းစားပြီး တွေးပူစိုးရိမ်နေရတယ်။ ကဲ ... မဲ ဘယ်လိုလုပ်ကြသလဲဆိုရင် ... လူက ရှစ်ယောက်ဆိုတော့ မဲအဖြစ် သုံးတာက တုတ်ချောင်းရှစ်ချောင်းပါ။ တချောင်းက အတိုလုပ်ထားတယ်။

နှိုက်ပါ။ တယောက်နှိုက်လိုက်ပါတယ် ... “တုတ်ရှည်”
နောက်တယောက် .. “တုတ်ရှည်”တဲ့
ဒီလိုနဲ့ နှိုက်ကြတာ တုတ်ရှည်ပေါက်တာက ငါးယောက်တောင် ရှိနေပါပြီ။ ငါးယောက်ပြီးသွားတော့ သုံးယောက်ပဲ ကျန်တော့တယ်။ ကျန်တဲ့ သုံးယောက်က ကျနော်ရယ်။ အဲဒီကောင် (ချစ်သူနဲ့ တွေ့ချင်တဲ့ကောင်)ရယ်။ မဲကိုင်တဲ့ တယောက်ပါပဲ။ ကျနော်လည်း
“မထူးဘူး။ ငါအရင်နှိုက်မှ ဖြစ်မယ်။ တော်ကြာ ဟိုကောင် အရှည်ပဲ ထပ်ကျရင် မလွယ်ဘူး” ဆိုတာနဲ့ ကျနော် နှိုက်လိုက်တယ်။ ရင်ထဲမှာတော့ ဘုရားတနေတာ ဘယ်သူမှမသိဘူး။ ဟ .. ဟ
ဖွ .. ထွက်လာပါပြီ။ “တုတ် .. ရှည်” ဆိုပဲ။ ကျနော် ပြောလိုက်တာဗျာ။ ထအော်မိလို့ အကုန်လုံး ၀ိုင်းကန်ကြတာ။ မနဲကြီး ကိုယ့်ပါးစပ်ကို ဘရိတ်အုပ်လိုက်ရတယ်။ ဟ .. ဟ ပျော်သွားတာပဲ။ နောက်ဆုံးတော့ မဲကိုင်ဒိုင်လုပ်တဲ့ ကောင်ပဲ မဲပေါက်သွားတယ်။ ကံဆိုးပေတာကိုး။

ကဲ .. မောင်ကံဆိုးလေးရေ။ သွားပေတော့ ကိုယ်တို့ကတော့ ခြံအပြင်ကနေ စောင့်နေရော့မယ်။ အောင်နိုင်သူလေသံတွေနဲ့ ပြောလိုက်ကြတာပါ။ ဒီကောင့်ခမျာ။ မျက်နှာ မဲ့ရွဲ့ပြီး သိပ်သိပ်ကလေး ထွက်သွားရတယ်။ အဲ .. မဟုတ်ဘူး။ ၀င်သွားရတာပါ။ ကောင်မလေး အခန်းက ဘယ်အခန်းလည်း ဆို တာ သူ့ချစ်သူတောင် မသိတာ ကျနော်တို့က ဘယ်လိုလုပ်သိမှာလဲ။ အခုတော့ ရင် တဒိုင်းဒိုင်းနဲ့ စောင့်မျှော်နေကြရတယ်။

ဝင်သွားတဲ့ကောင်က ဘယ်လို တခန်းထနေတယ် မသိပါဘူး စောင့်နေရတာ နာရီဝက်တောင် ကြာနေပြီး မထွက်လာသေးဘူး။ ကျန်ခဲ့တဲ့ ကျနော်တို့က ချစ်သူနဲ့ တွေရမယ့်ကောင်က ၀ိုင်းပြောကြ ပြန်တယ်။
“ဟဲ့.. ကောင်။ မင်း သိပ်ပြီး စိတ်လှုပ်ရှားမနေနဲ့တော့ ခုလောက်ဆို ဟိုကောင်နဲ့ မင်း ချစ်သူတို့ တွေ့လို့ တခြားအပေါက်ကနေ ထွက်သွားသလားမသိဘူး”။ နောက်တယောက်က “ တော်ကြာ ... မင်း အထီးကျန်ဖြစ်နေဦးမယ်နော် ... ဟ ... ဟ” ။ “ကဲ ... မင်း ဘယ်လိုလုပ်မလဲ ပြောကွာ”ဆိုပြီး ကျနော်တို့ တတွေ ၀ိုင်းနောက်ကြတာ ဒီကောင်က မျက်နှာငယ်လေးနဲ့ပါ။ ကျနော်တို့ကတော့ ပျော်ရွှင်နေကြပေမယ့် ဒီကောင့်ခမျာ မပျော်နိုင်ပါဘူး။ စောင့်နေတာက မိနစ်လေးဆယ် ပြည့်တော့မယ် လေ။ အမှန်တော့ ကျနော်တို့ ကျနော်တို့ ဒီလိုပဲ စောင့်နေမယ့်အစား ပျော်စရာလေး ဖြစ်အောင် ဒီကောင့်ကို ၀ိုင်းနောက်နေကြတာပါ။

တယောက်က ... “ မင်းတို့ နားထောင်တဲ့ ခြေသံတွေ ထွက်လာပြီ။” ကျနော်တို့လည်း အပြင်ကနေ အထဲကို ချောင်းကြည့်လိုက်တော့ မှန်လိုက်လေ။ ဘချောသားက ကောင်မလေး လက်ကို ကိုင်ပြီး ထွက်လာတာကိုး။ ကျနော်တို့ အနားလည်း ရောက်ရော။ “ရော့ ... မင်းကောင်မလေး။ မင်းတို့ တနေရာမှာ သွားတွေ့တော့ဆိုပြီး” ဒေါသသံ နည်းနည်း ပါတယ်ထင်တယ်။ ပြောလိုက်ပါတယ်။ သူတို့ နှစ်ယောက်လည်း ပျော်သွားကြတယ်။ ကျနော်တို့ကိုတောင် မကြည့်တော့ဘူး။ နှစ်ယောက်သား လစ်သွားတယ်။ ဘယ်နေရာလည်းဆိုတာ ကျနော်တို့ မသိကြဘူးလို့ သူတို့ နှစ်ယောက်ကထင်ထား တာလေ။ ဟ .. ဟ

ကောင်မလေးကို သွားခေါ်ထုတ်ခဲ့တဲ့ ကောင်ကို ကျနော်တို့ကြည်လိုက်တော့ အင်း ဘချောသားက ချွေးတွေ ထွက်နေတာ မနည်းဘူး။ မျက်နှာ။ ကိုယ်လုံး စသဖြင့် အကုန်လုံးကိုပါပဲ။ ကျနော်တို့လည်း ဒီကောင့်ကို ၀ိုင်းမေးကြတယ်။
“မင်း ဘယ်လိုလုပ် ကောင်မလေးကို ရအောင်ခေါ်ထုတ်လာလဲကွ”ပေါ့။
ဒီမှာတင် ဒီကောင်က မပြောချင်ပြောချင် မျက်နှာနဲ့ “မင်းတို့က မေးနိုင်တာပေါ့လေ .. ငါ့မှာတော့ ကောင်မလေး အခန်းကို လိုက်ရှာရတာ အခန်းက လေးခန်းတောင်ရှိတယ်.. ဟိုကောင့် ကောင်မလေးက ဘယ်နေရာမှာလဲ ငါမှမသိတာ။ ဒါနဲ့ ငါလည်း ထရံပေါက်ကနေ လိုက်ချောင်းနေရ တာ။ မလွယ်ဘူးကွ။ ကောင်မလေး အဖေနဲ့ အမေတွေ။ အကိုတွေ နိုးလို့ကတော့ မလွယ်ပါဘူး။ သိသွားလို့ကတော့ ငါတို့ အကုန်လုံး ရုံးရောက်ကုန်မှာလေ။ ငါလည်း စိတ်ရှည်ရှည်နဲ့ လိုက်ချောင်းတာ။ ဟဲ .. ဟဲ အဲဒီမှာလေ အဘိုးကြီးနဲ့ အဘွားကြီး ဖတ်ပြီး နေကြတာတွေ့တယ်။ (တယောက်နဲ့ တယောက် ဖတ်ပြီး အိပ်ပျော်နေကြတာကို ပြောတာပါ။ တမျိုးမထင်နဲ့)။ အဲဒါနဲ့ ငါလည်း နာရီတော် တော်ကြာ ကောင်မလေးကို ဖြည်းဖြည်းနဲ့ စိတ်ရှည်ရှည်ထားပြီး ရှာနေရတယ်။ အဲဒါကြောင့် ငါ နာရီဝက်ကျော် ကြာသွားတာပါ။ အဲဒီလိုကြာပြီးမှ ကောင်မလေးကို တွေ့တယ်။ ကောင်မလေးက တော်တာ် အိပ်ပုတ်ကြီးတယ်ကွာ။ ငါ ခေါ်တာတောင် မကြားနိုင်ဘူး။ အိပ်နေတာက သူများတွေ ပျော်နေတဲ့ အချိန်မှာ ဒီကောင်မလေးက အိပ်ပျော်နိုတယ်။ အဲဒီအချိန် သူ့ကောင်လေးကို သတိ တောင် ရပါ့မလားမသိပါဘူး။ ဒါနဲ့ လည်း ထရံပေါက်ကြားကနေ တုတ်တချောင်းထိုးထည့်ပြီးတော နိုးရတယ်။ တော်ပါသေးရဲ့ ကောင်မလေးက မအော်လို့က အော်များ အော်လိုက်ရင် မတွေးရဲစရာကွာ။ ငါလည်း ကောင်မလေး နိုးနိုးချင်း ငါ့နာမည်ပြောပြလိုက်တယ်။ ပြီးတော့ နင့်ကောင် လာခေါ်ခိုင်းတာလို့ နင့်ကောင်က အပြင်မှာ စောင့်နေတယ် မြန်မြန်ထ လိုက်ခဲ့။ ဒါပဲဆိုပြီး ငါစောင့်လိုက်ရသေးတယ်။ မချောသားကလည်း မယုံဘူးလားမသိပါဘူး။ ငါ ငါးမိနစ်တောင် စောင့်ရသေးတယ်။ မချောသား အောက်လည်းရောက်ရော မင်းတို့ဆီ လက်ကိုဆွဲ ခေါ်ခဲ့တာကွ။ ထွီး … မလွယ်ဘူး။ ကဲ .. ဇာတ်လမ်း က ဆုံးပြီး ဟိုနှစ်ယောက်ကို သွားချောင်းဖို့ ကျန်သေးတယ် မြန်မြန်လုပ်” ဆိုပြီး အဲဒီကောင် လောဆော်လိုက်တယ်။ ကျနော်တို့လည်း အဲဒါကြတော့ မြန်သား။ ဟိုနှစ်ယောက်ထွက်သွားတဲ့ နေရာ ရောက်တော့ … အင်း သူတို့နှစ်ယောက် “ခစ် ခစ် .. ဟိ ဟိ”တွေ ရယ်နေလို့။

သူတို့ နှစ်ယောက် ပြောစကားတွေ နားထောင်။ သူတို့ ဘာတွေများလုပ်မလဲလို့ ကြည့်နေကြတာ။ တယောက်မှလည်း အသံမထွက်ရဲဘူး။ ထွက်လို့ကတော့ သူတို့နှစ်ယောက် ထပြေးမှာကိုပါ။ အဲဒီလိုမျိုး ကြည့်နေတုန်း။ ကျနော်တို့ထဲမှာ တယောက်ထက်လျော့နေတယ်။ ကြည့်လိုက်တော့ မတွေ့တော့ဘူး။

ကျနော်ထင်တယ်။ နာရီဝက်တောင် မကြာဘူး။ ပျောက်သွားတဲ့ကောင် ပြန်ရောက်လာတယ်။ မျက်နှာ က ဖူးနေပြီ။ ဒီကောင် ပြဿနာဖြစ်ခဲ့ပြီဆိုတာ သိလိုက်ကြတယ်။ ဒီကောင်က ခံရတာကို အငြိမ်မနေ နိုင်ဘူး။ ပါးစပ်က ပွစိ .. ပွစိနဲ့ ပဌာန်းရွတ်နေတယ်။ ကျနော်တို့ကို မဲဆွယ်နေတယ်လေ။ သူ့ကို ချလိုက် တဲ့ကောင်တွေကို သွားပြန်ချမယ် တကဲ .. ကဲပဲ။ တားလို့လဲမရဘူး။ ကျနော်တို့လည်း အဲဒီလိုဖြစ်နေ တော့ ဟိုနှစ်ယောက် ချိန်းတွေ့နေတာကို ကျနော်တို့က ချောင်းကြည့်တယ်ဆိုတာ ပေါ်ကုန်ပြီပေါ့ဗျာ။ ဟိုနှစ်ယောက်လဲ စိတ်တို။ ခံရတဲ့ ကောင်ကလည်း ပွစိ .. ပွစိနဲ့ဆိုတော့ ကျနော်တို့ထဲမှာ စိတ်မြန်လက်မြန်။ ဒေါသကြီးတတ်တဲ့ တကောင်ပါတယ်။ ဒီကောင် “၀ုန်း” ဆို ထပြောတယ်။
“ကဲ မင်း ဖြစ်ချင်တာကို ငါတို့ လုပ်ပေးမယ်။ ကဲ … ဟဲ့ကောင်တွေ တွေဝမနေနဲ့ သွားချမယ် .. လာ။” ဆိုတော့ အားလုံးလည်း မနေနိုင်ဘူး။ ချီတက်သွားကြတယ်။ ဒီထဲမှာ ချစ်သူနဲ့ တွေ့တဲ့အကောင်လည်း ပါတယ်။ သူ့ကောင်မလေးကိုတော့ သူ့အိမ် အရင်ပြန်ပို့ပေးလိုက်တယ်။ ပြီးတာနဲ့ ကျနော်တို့အားလုံး ရန်ဖြစ်ခဲ့တဲ့ နေရာကို အရောက်သွားကြတယ်။

ရောက်ပါပြီ။ ကျနော်တို့ကောင် ခံခဲ့ရတဲ့နေရာကိုပါ။ အားပါးပါး ဒီကောင်ခံရမှာပေါ့ ဟိုဘက်က ကောင်တွေက လူဆယ်ယောက်တောင်ဆိုတော့ မခံရပဲ နေမလား။ ကျနော်တို့တောင် နည်းနည်း ရှိန်သွားတယ်။ အဲဒီထဲမှာ ကျနော်က သတ္တိနည်းတယ်ဗျ။ ကိုယ့်အသားနာမှာကို အရမ်းစိုးရိမ်တယ်။ ရန်လည်း မဖြစ်ချင်ဘူး။ ကျနော့် ကောင်တွေကို ထိန်းကြည့်ပါသေးတယ်။ မရတော့ဘူး။ ဘာမပြော .. ညာမပြော သွားဆွဲထိုးပြီလေ။ ကျနော်က နောက်ဆုံးကနေ လိုက်သွားရတယ်။ တော်သေးတယ်။ ကျနော်နဲ့ ချရမယ့်အကောင်က နည်းနည်း သေးလို့။ ကျနော်ကလည်း ဗလကလည်း မရှိတာနဲ့လေ အံကိုက်ဖြစ်သွားတယ်။ ဖိုက် .. ကြပါပြီဗျာ။ ကျနော်တို့ ဖြစ်တဲ့နေရာက ချောင်းဘေး။ ကွက်လပ်နေရာ မှာဆိုတော့ ရှင်းနေတာပဲ။ လကလည်း သာနေတယ်။ ကျန်တဲ့ကောင်တွေကတော့ နွားသိုး ကြိုးပျက် သွားသလိုပါပဲ။ နတ်ပူးသလို ချကြ။ ဖိုက်ကြတော့တာပါပဲ။ ကျနော်နဲ့ ကျနော့်ရန်သူကတော့ မဖိုက်ကြသေးဘူး။ ဘယ်သူ အရင်ချမလဲလို့ တယောက်ကို တယောက်ကြည့်နေကြတာပါ။

အဲဒီလို တယောက်ကို တယောက် ကြည့်လိုက်။ ဟိုလှည့်လိုက်။ ဒီလှည့်လိုက်နဲ့ ဟိုကောင်တွေ ချတာ မောလို့ ပြီးကုန်တဲ့အထိ ကျနော်တို့ နှစ်ယောက်က မဖိုက်ရသေးဘူး။ ကံကောင်းတယ်လို့ ပြောရမလား တော့မသိဘူး။ ကျနော်ကလည်း ရန်မဖြစ်ချင်တာနဲ့ဆိုတော့ သူ့ဖက်လည်း အဲဒီလိုပဲလားတော့ မသိဘူး ကျနော့်အဖို့တော့ ကံကောင်းတယ်။ အသားလည်း မနာတော့ဘူး။ ကျနော့်ကောင်တွေကို ပြန်ခေါ်လာ ရတော့တယ်။ ဟ … ဟ .. ဟ ကျနော့်ကောင်တွေကတော့ နဖူးကွဲတဲ့လူက ကွဲ။ လက်။ တံတောင်စေ့ တွေ ကွဲသူက ကွဲပေါ့။ ကျနော်တို့လည်း ကြာကြာမနေရဲဘူး… တော်ကြာ လုံခြုံရေးတွေ ရောက်လာရင် အားလုံး အချုပ်ထဲမှာနေရမယ်။ လုံခြုံရေးတွေကို ကရင်တွေခေါ်တာကတော့ (ဘီဘဲလ်)ပေါ့။

ကျနော်တို့လည်း ကိုယ့်နေရာကို ပြန်ရောက်တာနဲ့ ကျနော်က ပတ်တီးတွေ သွားယူပေးရတော့တာပါပဲ။

ကျနော်တို့ သူငယ်ချင်းတသိုက်ရဲ့ တန်ဆောင်မုန်းလပြည့်နေ့ (ဆေးပေါင်းခတဲ့ ည)ကို ဖြတ်သန်းခဲ့ကြ တာ ကြာပါပြီး။ အခု ပြန်လည်ပြောပြရင်း ကျနော့်ရဲ့ သူငယ်ချင်းအားလုံးကို ဆေးပေါင်းခတဲ့ည ရောက်တိုင်း အဲဒီအမှတ်တရလေးတွေကို သတိရနေတယ်ဆိုတဲ့အကြောင်း ဒီမှာတင် ကျနော် ပြောလိုက်ပါတယ်ဗျာ။ (ကျနော်တို့ ဆေးပေါင်းခညမှာ ပျော်ရွှင်စရာ အမှတ်တရလေးတွေကို ပြောပြ လိုက်တာပါ)

ကဲ … ဒီလောက်ဆို ကျနော့်ရဲ့ “တန်ဆောင်မုန်းလ ဆေးပေါင်းခ” အကြောင်းက လုံလောက်သွားပြီ ထင်ပါတယ်နော်။ အားလုံး ရွှင်လန်းချမ်းမြေ့ကြပါစေဗျာ။

“နှလုံးသား မှတ်ကျောက်”

မာန်လှိုင်းငယ်

“နှလုံးသား မှတ်ကျောက်”

ဖေဖေဟာ
တခါ တခါ အသိရခက်
ရေငုံ နှုတ်ပိတ်
သားကို ဘာမှ မပြော။

ဖေဖေဟာ
တခါ တခါ အသိရလွယ်
စမ်းရေးစီးသံပမာ
သားကို ချိုသာစွာ ပြော။

ဖေဖေ့မေတ္တာ
မြစ်ပင်လယ်မက
အဆုံးအစမဲ့ အပြောကျယ်။

ဖေဖေ့ဂရုဏာ
တော အထပ်ထပ်
တောင် အထပ်ထပ်တောင် တုန်လှုပ်။

ဒါကြောင့် ...
ဖေဖေ့ကို
သား ဦးချကန်တော့ ဂုဏ်ပြုရင်း
နှလုံးသား မှတ်ကျောက်
ကျောက်ထက် မှတ်တိုင် လွှင့်ထူးထားတယ်။ ။

Thursday, November 22, 2007

တန်ဆောင်မုန်းလ ဆေးပေါင်းခ

မာန်လှိုင်းငယ်

“တန်ဆောင်မုန်းလ ဆေးပေါင်းခ”

ဆေးပေါင်းခတဲ့ညအကြောင်း ကိုရွာသား က ရေးပြီးတော့ ကျနော့်ဆီကို TAG ဆိုတဲ့ ဆေးပေါင်းခည ငနဲလေးကို ခေါ်လာသဗျ။ ကိုရွာသား မခေါ်လာခင် အရင် TAG ဆိုတဲ့ ရုပ်ရှင်တို့က ပြောတဲ့ စကား ငနဲကြီးလေးကို နှင်းဆီနီနီ က ကျနော့်အိမ်ကို အရောက်ပို့ပေးထားသေးတယ်ဗျာ။

ကျနော် မအားလို့ မရေးဖြစ်သေးတာပါ။ ဒီအကြွေးတွေကိ မဆပ်ရသေးတဲ့အချိန်မှာပဲ နောက်ထပ် TAG ဆိုတဲ့ ချစ်သူတို့ အိပ်ဖွင့်ပေးစာ ငတိလေးက ၀င်ရောက်လာပြန်တယ်ဗျာ။ သူ့ကို ခေါ်လာသူကတော့ နှင်းမိုးဝေ ပါ။ ကျနော့်ကို အကို မဲပါတယ်တဲ့ လာကြည့်ပါဦးဆိုလို့ သွားကြည့်လိုက်တာ နံပါတ်လေး ချိတ်နေတယ်ဗျာ။

ကဲ ... အကြွေး သုံးခုကိုတော့ ဆပ်ရတော့မှာပေါ့။ ဒါနဲ့ ဘယ်ဟာကို အရင် ဆပ်မလဲဆိုတာ စဉ်းစားလိုက်တော့ ဆေးပေါင်းခတဲ့ ညအကြောင်းကို အရင် ဆပ်မယ်လို့ ပေါ်လာတယ်။ ဒါကြောင့် ဆေးပေါင်းခတဲ့ ည အကြောင်းကို ချရေးလိုမယ် ... ကိုရွာသား ရေ ... ရေးပြီဗျာ။

ကျနော် ဆေးပေါင်းခတဲ့ ညကို မဖြတ်သန်းဖြစ်ခဲ့တာ လေးနှစ်တောင် ကျော်နေပြီ။ အမှန်အတိုင်း ပြောရရင် သတိတောင် မရတော့လောက်အောင်ကို မေ့နေပါတယ်။ ဒါနဲ့ ဖြတ်သန်းဖြစ်ခဲ့တဲ့ လွန်ခဲ့တဲ့ ကျောင်းသားဘ၀တုန်းက ဆေးပေါင်းခတဲ့ ည အမှတ်တရလေးတွေကို ပြန်ပြောင်းအောက်မေ့လိုက်ပြီ။

တန်ဆောင်မုန်းလပြည့်နေ့ညကို ရောက်တာနဲ့ အရင်ဆုံးဘာလုပ်တယ်လို့ ထင်လဲ။ ကျနော်တို့ သူငယ်ချင်းတသိုက်။ သူငယ်ချင်းဆိုလို့ ငယ်ပေါင်းကြီးဖော်တွေပါ။ ကျနော်နဲ့ သူငယ်ချင်းတွေ လပြည့်နေ့ညမှာ ဘာလုပ်မယ်ဆိုတာ စဉ်းစားကြတယ်။ ဘယ်မှာစုဆုံမယ်ဆိုတာလည်း သတ်မှတ်ခဲ့ကြ တယ်။ ဒါနဲ့ ကျနော်တို့ သူငယ်ချင်းတသိုက် စုဆုံတဲ့ နေရာက တောင်ကုန်းပေါ်က ဘုန်းကြီးကျောင်း အောက် တောင်ခြေသူငယ်ချင်းတယောက်အိမ်မှာ စုဆုံဖြစ်ကြတယ်။ ဒီလိုစုဆုံကြတာနဲ့ သူငယ်ချင်း တွေ မီးဖိုတယ်ဗျာ။ မီးပုံကို အလယ်မှာထားပြီး ၀ိုင်းကြီးပတ် “၀” လုံး ပုံစံထိုင်ကြတယ်။ ဂီတာက လေးလက်။ ဘာဂျာက တခု။ လက်ခုပ် (လက်နှစ်ဖက်)က အများကြီးပါ။ သူငယ်ချင်းတွေက မများပါ ဘူး။ ရှစ်ယောက်ပါပဲ။

လပြည့်ညမှာ ကျနော်တို့ သူငယ်ချင်းတွေ ဂီတာတီးပြီး သီချင်းဝိုင်းဆိုကြတယ်။ ဒီကြားထဲ အရက်ကလေး (သေရည်)ပါ ပါလိုက်သေးတယ်ဗျာ။ သေရည်ပါတော့ ကျနော်တို့အတွက် အမြည်းက လိုနေပြီး ဒါနဲ့ သူငယ်ချင်း တယောက် စလိုက်တယ်။
“ငါတို့ တွန့်တိုတတ်တဲ့ အိမ်က ကြက်သွားခိုးကြမယ်။ ဘယ်လိုလဲ”
တယောက်က အစဖော်လိုက်ပါပြီး။
ထောက်ခံတဲ့လူက ခုနှစ်ယောက်။ မထောက်ခံတဲ့ လူက တယောက် (အဲဒါ ကျနော်)ပါ။
ကျနော်က ပြောလိုက်တယ်။
“လပြည့်ညမှာ သူများကြက်သွားခိုးတာ မကောင်းဘူး”လို့ ဆိုလိုက်တော့ ၀ိုင်းသမကြတယ်ဗျာ။
ပြောလိုက်တဲ့ စကားတွေကို နားထောင်ကြည့်လိုက်ပါဦး။
“မင်းက ဘာအခုမှ သူတော်ကောင်းလာလုပ်နေလဲ”တဲ့
“မင်းက ကြောက်လို့လား ... ငရဲက ကြောက်စရာမဟုတ်ပါဘူး”တဲ့
“မင်း ကြောက်ရင်နေခဲ့ ... ငါတို့တော့ သွားခိုးမယ် .. ရလာလို့ရှိရင် မင်း လာစားရဲ လာစားကြည့်”တဲ့ဗျာ
ကဲ ကျနော်က ဘာပြန်ပြောမလဲ။ အကုန်လုံးက တယောက်တခွန်းဝိုင်းပြောကြပြီလေ။ ကျနော်လည်း အများနဲ့ တယောက်ဆိုတော့ အရှုံးပေးလိုက်ရတယ်။ မဲများတဲ့ ဘက်ကို လိုက်ရစမြဲပဲလေ။ သူတို့ ပြောတာလည်း မခံချင်းဘူး။ ဒါနဲ့ လိုက်လုပ်ရောဆိုပါတော့။

အင်း ... ကျနော့် ကောင်တွေတော့ တော်တော် တော်တယ်ဗျ။ ကြက်ကိုခိုးတာ အသံတောင် မထွက်ဘူး။ ကြက်မအော်ဘူးလို့ ပြောတာပါ။ ခိုးနည်းလေး ပြောပြမယ်။ တယောက်က ကြက်ခြေထောက်ကို ကိုင်တယ်။ နောက်တယောက် ကြက်ကိုယ်လုံးကို ကိုင်တယ်။ ကျန်တဲ့ တယောက်က ကြက်ခေါင်း (နှုတ်သီး)ကို ကိုင်ပြီး သုံးယောက်ပေါင်း ဖမ်းပြီး ခိုးပြေးကြတယ်ဗျာ။ ကျနော့်မှာဖြင့် စိုးရိမ်ရတယ်။ သိသွားရင် မလွယ်ဘူးပေါ့။ နောက်ဆုံးတော့လည်း ကြက်သားစားရ တော့တယ်ဗျာ။ ကြက်သားကို ကျနော်တို့ ချက်စားတာ မဟုတ်ဘူး။ ကြက်ကောင်လုံးကို ကင်စားကြတာ။ ကောင်းတယ်နော်။ အရသာက သိပ်ရှိကြတယ်။ ကျနော် အဲဒီတုန်းက အရက် မသောက်တတ်သေးပါဘူး။ စိတ်က စမ်းချင်တာနဲ့ လိုက်သောက်တာ တခွက်နဲ့ကို ချာလပတ်ကို လည် တယ်ဗျာ။ ကြက်သားကင်စားလိုက် အရက်သောက်လိုက်။ ဂီတာလေး တီး။ သီချင်းလေး ဆိုလိုက်ကြနဲ့ ပျော်စရာညလေး တညပါပဲ။

ကျနော်တို့ သူငယ်ချင်းတွေ ကောင်းကင်က ကြယ်တွေ။ လကို ကြည့်ပြီး စိတ်ကူးယဉ်တဲ့လူက ယဉ်။ ရည်းစားကို လွမ်းတဲ့ လူက လွမ်းပေါ့။ အားလုံး အဲဒီလို ရှိနေချိန်မှာ ကျနော်တို့ထဲမှာ အကောင်အသေး ဆုံး (အကောင်အသေးဆုံးဆိုလို့ ကိုယ်လုံးကို ပြောတာနော်) က သူ့ရည်းစားဆီ သွားချင်တယ်လို့ ထအော်တယ်။ အားလုံး အတွေးတွေက ပျက်ကုန်လို့ ၀ိုင်းအော်ဆဲကြသေးတယ် ဒီကောင့်ကိုပေါ့ဗျာ။ ကျနော်တို့ ဒီကောင့်ဆန္ဒကို ဖြည့်ဆည်းပေးကြတယ်လေ။ ဒီကောင့်ကောင်မလေးနဲ့ မတွေ့ခင် ကျနော်တို့ သူငယ်ချင်းတွေ မယ်ဇလီဆီချက်ချက်စားတဲ့ အိမ်မှာ လိုက်စားကြသေးတယ်ဗျာ။ အရသာ ရှိလားမရှိလားတော့ မသိဘူး။ အရက်က ၀င်နေတာကိုး။ စားကြ။ ပြောကြပေါ့။ ဒါနဲ့ သူငယ်ချင်းတွေ ချီတာက်ပါပြီး။ ဟိုကောင့် ချစ်သူကောင်မလေးဆီကိုပေါ့။ ကျနော်တို့ နေတာက ရပ်ကွက်အလိုက်နဲ့ဆို တော့ ဘေးချင်းကပ်ရပ် ရပ်ကွက်မှာရှိတဲ့ ကျနော်တို့ သူငယ်ချင်းကောင်းမလေးအိမ်ကို ချီတက်သွားကြ တာပါ။

ရောက်ပါပြီး။ သူ့ချစ်သူကောင်မလေးဆီကို ....

ဆက်ရန် .....

ကဗျာဆရာ နှင့် ကဗျာ စီးချင်းထိုးပွဲ

မာန်လှိုင်းငယ်

“ကဗျာဆရာ နှင့် ကဗျာ စီးချင်းထိုးပွဲ”

ကဗျာဆရာ နှင့် ကဗျာ စီးချင်းထိုးပွဲမှာ ...

ကဗျာဆရာက
ကဗျာကို အလှဲထိုးဖို့ တာစူနေတယ်။

ကဗျာက
ကဗျာဆရာကို လှောင်ရယ်နေတယ်။

ကဗျာဆရာက
အိနြေ္ဒမျက်နှာနဲ့ ကဗျာကို
ပဲပင်ပေါက် ပျိုးသလို
အတားအဆီးမဲ့ ထိုးလေပြီ။

ကဗျာက
စပ်ဖြဲဖြဲမျက်နှာနဲ့ ကဗျာဆရာကို
ရန်ခုန်သံမြန်လာအောင်
ဟိုခုန် ဒီပေါက် ပြေးလေပြီ။

ညက လကို လိုက်ဖမ်းသလို
ကဗျာဆရာက ကဗျာကို လိုက်ဖမ်းနေတယ်။

လက ညကို ပုန်းရှောင်သလို
ကဗျာက ကဗျာဆရာကို ပုန်းရှောင်နေတယ်။

ကဗျာဆရာ နှင့် ကဗျာ
တန်းတူထပ်စစ်ပွဲ ထိုးလေပြီ။

ကဗျာ နှင့် ကဗျာဆရာ
ကဗျာ ရစ်သမ်က ငြိမ်းချမ်းရေးဆို
ကဗျာဆရာ နှလုံးသားက ဘယ်လိုဘာလဲ ... ။

ဒီလိုနဲ့
ကဗျာဆရာရဲ့ ကလောင်ဟာ
ကဗျာကို အလှဲမသိပ်နိုင်သေးပါ။
ကဗျာကလည်း
ကဗျာဆရာကို မလှည့်စားနိုင်သေးပါ။

ကဗျာဆရာ နှင့် ကဗျာ စီးချင်းထိုးပွဲမှာ ... ။ ။

မာန်လှိုင်းငယ်

Wednesday, November 21, 2007

ဒီကမ္ဘာကြီးပေါ်မှာ

မာန်လှိုင်းငယ်

`ဒီကမ္ဘာကြီးပေါ်မှာ´

တခါတုန်းက
ကမ္ဘာကြီးပေါ်မှာ
မိခင်နဲ့ သား ရှိခဲ့ပါတယ်။

နှစ်တွေကြာလာတဲ့အခါ
မိခင် မရှိတော့
သားခမျာ …
ယောင်ချာချာ ယောင်နနဖြစ်နေတယ်။

မိခင်မေတ္တာ
သိလိုက်ချိန်မှာ
သား မျက်မမြင်ဖြစ်နေတာ
ဒီကမ္ဘာကြီးပေါ်မှာ …. ။ ။

မာန်လှိုင်းငယ်။

Tuesday, November 20, 2007

ဝမ်းတထွာ

မာန်လှိုင်းငယ်

“၀မ်းတထွာ”

တဘ၀စာ ဖူလှုံဖို့
လမ်းဘေး ၀မ်းတထွာအတွက်
ရုန်းကန် လှုပ်ရှားနေရတယ်။

အဲဒီ ၀မ်းတထွာရဖို့အတွက်
တနေကုန် တနေခန်း
သူတို့ဟာ …
မောဟိုက်နွမ်းလျနေရတယ်။

သူတို့ ...
ဝမ်းတထွာအတွက် ကြိုးစားနေချိန်မှာ
ငါတို့ဟာ
သက်တောင့်သက်သာ ထိုင်ပြီး လုပ်နေကြတယ်။

အဲဒီိလို
သူတို့ ၀မ်းတထွာအတွက် ရှာရင်း
ဘ၀အသက်ရှင်သန်နိုင်ဖို့
တလမ်းဝင် တလမ်းထွက်
ဒုက္ခ ဆင်းရဲများစွာ ဝေနေရတယ်။

ဒီလိုနဲ့
တနေ၀င် တမိုးချုပ်တော့
အိမ်ပြန်ဖို့တောင်
သူတို့ခမျာ …
နှေးကွေးလေးလံစွာ
ခြေထောက်တွေကို သယ်ဆောင်နေရတယ်။

ဒါကို …
မြင်နေရတော့
ရင်ထဲမှာ ဗလောင်ဆူ
သြော်…
တို့နိုင်ငံ … တို့နိုင်ငံ … ။ ။

မာန်လှိုင်းငယ်

နိယာမတရားရဲ့ ပရိယာယ်

မာန်လှိုင်းငယ်

“နိယာမတရားရဲ့ ပရိယာယ်”

ငါ …
ကြည့်နေတယ်
လေတိုက်ခတ်မှုကြောင့်လား
မြေရဲ့ဆွဲငင်အားကြောင့်လား
ဒါမှမဟုတ်
လောကနိယာမတရားကြောင့်လား
မသိ …
သစ်ရွက်တွေ
ဝေ့ကာဝိုက်ကာ
တဖြုတ်ဖြုတ်ကြွေနေတယ်။

ငါ …
ကြည့်နေတယ်
လေရဲ့ သယ်ဆောင်မှုကြောင့်လား
ရနံ့ သင်းပျံ့မှုကြောင့်လား
ဒါမှမဟုတ်
လောကအမိန့်တော်ကြောင့်လား
မသိ …
လိပ်ပြာတွေ
ဟိုပျံ ဒီဝဲ
ကူးလူးဆက်ဆံ ပန်းဝတ်ရည်ကို သောက်နေတယ်။

ငါ …
ကြည့်နေတယ်
နေရဲ့အပူရှိန်ကြောင့်လား
မြေကြီးရဲ့ ရောင်ပြန်တံလျှပ်တွေကြောင့်လား
ဒါမှမဟုတ်
တောင်ကြီးတောင်မြင့်တွေကြောင့်လား
မသိ …
အဘိုးအိုတယောက်
ဖုတ်လှိုက် ဖုတ်လှိုက်
မောဟိုက်နွမ်းလျစွာ တက်လှမ်းနေတယ်။ ။

မာန်လှိုင်းငယ်

Monday, November 19, 2007

အစိမ်းသေလား။ သရဲလားဆိုတဲ့ အဆက်ပါ။

ဟုတ်တယ် ဂျေရေ။ ဂျေသိချင်တာကို ပြောပြလိုက်ပါပြီနော်။ ကျနော်တို့ အဲဒီလို မိုးမြန်မြန်လင်းပါစေလို့ ဆုတောင်းပြီးတော့ မိုးလည်း လင်းတာနဲ့ ကျနော်တို့ ကလေးတွေအားလုံး လူကြီးတွေကို ပြောပြလိုက်ပါတယ်။ လူကြီးတွေက အကြောင်းစုံမေးတော့ ကျနော်လည်း ခံရသလောက် ပြောပြလိုက်ပါတယ်။ အဲဒါနဲ့ လူကြီးတွေ မဖြစ်ဘူးဆိုပြီး ဘုန်းကြီးကျောင်းကို သွားပြီး လျှောက်တင်တယ်။ အကြောင်းစုံလည်းပြောပြတယ်။

ဦးဇင်းတွေလည်း သိရော။ “ဒါဟာ ကလေးကို ညတိုင်း လာပြီးတော့ စနောက်နေမှာပဲတဲ့။ အဲဒါဟာ သူကျွတ်လွတ်ချင်လို့ အဲဒီလို အသိလာပေးတာ” တဲ့။ ဦးဇင်းတွေက အဲဒီလို ပြန်ပြောတယ်လေ။ အဲဒီနေ့မှာပဲ နေ့လယ် ဦးဇင်းတွေ ဆွမ်းဖုန်းပြီးတာနဲ့ အချိန်လောက်မှာ နေ့လယ် (၁း၀၀)နာရီကျ စပြီးလိုအပ်တာတွေကို လုပ်ဖို့ သူ့အတွက် အလှူအတန်းလေး လုပ်ပေးမယ်ဆိုပြီး လူကြီးတွေက စုပေါင်း အလှူလေး တက်နိုင်သလောက်စီထည့်ဝင်ပြီး အလှူဖြစ်မြောက်အောင် ၀ိုင်းဝန်းကြိုးပမ်းကျ တယ်။ ကျနော်တို့ ကလေးတွေလည်း နိုင်သလောက် ၀ိုင်းဝန်းကူညီကျတယ်။ နေ့လယ်စွန်းလောက် တရားနာ အမျှဝေပေးပါတယ်။ ရသလောက်နဲ့ အမြန်လုပ်လိုက်ကြတာ စည်ပါတယ်ဗျာ။ ကိုယ့်လူတွေ ချည်းပဲဆိုတော့ တခြားထွေထွေထူးထူး သိပ်လုပ်စရာမလိုတော့ဘူးပေါ့။ အဲဒါ အလှူအတန်းလေးလုပ် ရင်း ဘုန်းကြီးကျောင်းမှာ အမျှဝေပေးပါတယ်။

ကျနော် စိတ်ထဲမှာ မမေ့သေးပါဘူးဗျာ။ ကြားတော့ မကြားရဘူး။ ဒါပေမယ့် ကျနော်သိနေတယ်။ သူဟာ ကျောင်းဝန်းနာမှာ လာပြီး တရားလာနာတယ်ထင်တယ်ဗျာ။ ဒါက ကျနော့် အသိမှာ အဲဒီလို ထင်တယ်။ ဟုတ်လည်းဟုတ်ပါတယ်။ ဦးဇင်းပြောတဲ့စကားလေ။ ညဘက်မှာ မလာတော့ပါဘူး။ အမှန်ပါပဲ။ ဒါကြောင့် ကျနော်တို့ ကလေးတွေလည်း ပျော်ရွှင်သွားကြပါတယ်။ သူ့အတွက်လည်း ၀မ်း သာလိုက်ကြ မပြောပါနဲ့ဗျာ။

ကဲ ဂျေရေ။ ဒီလောက်ဆို ကျေနပ်မယ်ထင်ပါတယ်နော်။

အသံနှစ်မျိုး

မာန်လှိုင်းငယ်

“အသံနှစ်မျိုး”

ဆောင်းမနက်မှာ
အင်္ကျီလက်ရှည်ဝတ်
လက်အိတ်ကိုစွတ်ရင်း
လမ်းလျှောက်ထွက်ခဲ့တယ်။

တနေရာမှာ
`ဘယ်သွားမှာလဲ မိတ်ဆွေ´
မိတ်ဆွေတစ်ယောက်ရဲ့ နှုတ်ခွန်းဆက်သံ
ပြုံးရုံတာပြုံးရင်း
လမ်းဆက်လျှောက်ထွက်ခဲ့တယ်။

တကွေ့မှာ
`ကျန်းမာရေးအတွက်
လမ်းလျှောက်ထွက်နေတာလား´
ဆရာမ စင်သီတာမောင်ရဲ့ အေးမြတဲ့ အသံ
ဒါတော့ မနေနိုင်
`ဟုတ်ကဲ့ ဆရာမ´
ပြန်ဖြေလိုက်ရင်း
လမ်းဆက်လျှောက်ထွက်ခဲ့တယ်။ ။

မာန်လှိုင်းငယ်

လေပြေလေညင်းကလေး

မာန်လှိုင်းငယ်

“လေပြေလေညင်းကလေး”

လေကို ရှူလိုက်သွင်းလိုက်နဲ့
မှုတ်လိုက်ထုတ်လိုက် တရားထိုင်နေတဲ့ လူကို
မြင်ရင်း …
လေပြေလေညင်းကလေးကို
မျှော်လင့်တမ်းတနေရတယ်။

ချွေးသီးချွေးပေါက်နဲ့
မောဟိုက်နွမ်းလျစွာ စီးဆင်းနေတဲ့ ရေကို
ကြည့်ရင်း …
လေပြေလေညင်းကလေးကို
မျှော်လင့်တမ်းတနေရတယ်။

မရုန်းချင် ရုန်းချင်နဲ့
လှုပ်လီလှုပ်လဲ့ လှုပ်ရှားလည်ပတ်နေတဲ့ ပန်ကာကို
ငေးရင်း …
လေပြေလေညင်းကလေးကို
မျှော်လင့်တမ်းတနေရတယ်။

မာန်လှိုင်းငယ်

Saturday, November 17, 2007

အနိုင်နဲ့ အရှုံး

မာန်လှိုင်းငယ်

“အနိုင်နဲ့ အရှုံး”

အနိုင်အတွက်
ပျော်ရွှင် ဟစ်ကြွေးလိုက်ပါ
ဒါပေမယ့်
ဘ၀ကို မစိန်ခေါ်လိုက်ပါနဲ့ ...။

အရှုံးအတွက်
ငိုရင်း အော်ဟစ်လိုက်ပါ
ဒါပေမယ့်
ဘ၀ကို မကန်ထုတ်လိုက်ပါနဲ့ ...။

တခုတော့ရှိတယ်
အဲဒါ
အနိုင်နဲ့ အရှုံးကို
ဖြိုလှဲဖို့
ခိုင်မာမှုနဲ့ ယုံကြည်မှုပါပဲ။ ။

မာန်လှိုင်းငယ်

အချစ်ဆိုတာ ဘာလဲ

မာန်လှိုင်းငယ်

“အချစ်ဆိုတာ ဘာလဲ”

အချစ်အကြောင်းကို ရေးပေးပါတဲ့ ... မေပျို က ကျနော့်ကို TAG လုပ်ထားတော့ ကျနော်လည်း စဉ်းစားပြီး ရေးရတော့မှာပေါ့။ အခု ရေးလိုက်ပါပြီး။

အချစ်ဆိုတာ ဘာလဲတဲ့။ လူတိုင်းက အဓိပ္ပါယ်တွေ ဖွင့်ကြတယ်။ အမျိုးမျိုး၊ အထွေထွေပါပဲ၊ လူတိုင်းက အဓိကထားပြီး ပြောဖြစ်ကြတာက ကြောင်းအရာနှစ်ချက်ထားပြီ ပြောကြတယ်။ အဲဒါတွေကတော့ လူတိုင်းသိပြီးသားတွေပါပဲ။ ၅၂၈ ဆိုတဲ့ အချစ်နဲ့ ၁၅၀၀ ဆိုတဲ့ အချစ်ပဲ ဖြစ်ပါတယ်။

ကျနော်လည်း ဒီအကြောင်းတွေအပေါ်မှာပဲ အခြေခံပြီး ပြောရမှာပဲ။ ကျနော်တို့ ထိတွေ့နေတာက ဒီနှစ်ချက်ပဲ ရှိတယ်မဟုတ်လား။ ၅၂၈ ဆိုတဲ့ ချစ်ခြင်းမေတ္တာကို လူအတော်များများ ပြောကြပါတယ်။ ကျနော်လည် ပြန်လည် ပြောချင်ပါတယ်။

ကျနော်တို့ဟာ မိဘနဲ့ သားသမီးအချစ်ကို ပြောကြတယ်။ မိဘနဲ့ သားသမီးချစ်တဲ့ အချစ်ဟာ အေးမြတယ်။ ကြည်နူးတယ်။ ကျေနပ်တယ်လို့ လူတွေ အမျိုးမျိုးပြောကြတယ်နော်။ ဟုတ်ပါတယ်။ တကယ်လည်း အေးမြပါတယ်။ တခါတလေမှာလဲ ပူလောင်စေတဲ့ အချစ်တွေလည်း အများကြီးပါပဲ။ ဥပမာ ပြောရမယ်ဆိုရင်။ ။ သားသမီး အရမ်းဆိုးပေတေနေတာရယ်။ သားသမီးက မိဘကို စိတ်ဒုက္ခပေးတာရယ်။ ဒါမှမဟုတ် မိဘမကောင်းတော့ သားသမီးဒုက္ခဖြစ်ရတာရယ်တွေကြောင့် အဲဒီအချစ်တွေက သားသမီးနဲ့ မိဘကတော့ ချစ်ကြပါတယ်။ ဒါပေမယ့် အဲဒီအချစ်က ပူလောင်စေတယ်လို့ ကျနော်မြင်တယ်။ အဲဒါက တခုပေါ့။

ဒါပေမယ့် သေချာပြန်စဉ်းစားလိုက်လို့ရှိရင် မိဘနဲ့ သားသမီးတွေ ချစ်တာဟာ ဖြူစင်တယ်။ သန့်ရှင်းတယ်။ အေးမြတယ်မှန်ပေမယ့် မိဘနဲ့ သားသမီးကြားမှာ ဖြူစင်တဲ့အချစ်ဖြစ်ဖို့ တကယ့်လိုအပ် ချက်က ဘာလဲ။ အဲဒါကို ကျနော်တို့ သိဖို့လိုမယ်လို့ ထင်ပါတယ်။ အဲဒီတကယ့်လိုအပ်ချက်က ကျနော် အမြင်ကို ပြောရမယ်ဆိုရင် ... မိဘနဲ့ သားသမီးကြား နားလည်မှုရှိရမယ်။ ယုယမှုရှိရရင်။ ကြင်နာမှုရှိရ မယ်။ နွေးထွေးမှုရှိရမယ်။ အဲဒါတွေရှိပြီဆိုရင် မိဘနဲ့ သားသမီးကြားမှာ ချစ်ခြင်းမေတ္တာဟာ တကယ့်ကို ဖြူစင်တဲ့ အချစ်။ သန့်ရှင်းတဲ့ အချစ်။ အေးမြတဲ့ အချစ်ကိုရမယ်။ ဒါဟာ ၅၂၈ ဆိုတဲ့ အချစ်။ ချစ်ခြင်း မေတ္တာပါပဲ။ ဒါကတော့ မိဘနဲ့ သားသမီးကြား အချစ်ကို ကျနော် အဓိပ္ပါယ်ဖွင့်ကြည့်တာပါ။ ဖွင့်ကြည့် တာထက် အမြင်ကို ပြောတာ ပိုမှန်ပါတယ်။ ကျနော်ကိုယ်တိုင်းလည်း အဲဒီလို ခံယူထားပါတယ်။ တကယ့်လက်တွေမှာလည်း အဲဒီလို ကျင့်သုံးပါတယ်။

နောက်ထပ် အချစ်ဆိုတဲ့ အရာကို ပြောချင်ပါသေးတယ်။ အဲဒါကတော့ သူငယ်ချင်း အချစ်ပါပဲ။ သူငယ်ချင်းလို့ ဆိုလိုက်တာနဲ့ နှစ်မျိုးနှစ်စား ပေါ်လာပါသေးတယ်။ အဲဒါတွေကတော့ ငယ်ပေါင်းကြီး ဖော် သူငယ်ချင်း။ ဘယ်လိုပြောရမလဲ ငယ်သူငယ်ချင်းတွေဖြစ်ပါတယ်။ နောက်တမျိုးကတော့ ကိုယ်နဲ့ တိုက်ဆိုင်တာပဲဖြစ်ဖြစ်။ ၀ါသနာတူတာပဲဖြစ်ဖြစ်။ လုပ်ရင်းကောင်းရင်း ခင်မင်တာပဲဖြစ်ဖြစ် ခင်မင် ရင်းနှီး လာကြတဲ့ သူငယ်ချင်းတွေကို ပြောချင်တာပါ။ ဒီလိုမျိုး ကျနော်ယူဆတာပါ။ သူငယ်ချင်း နှစ်မျိုးပေါ့။ ငယ်သူငယ်ချင်းတွေက စပြီးပြောရရင် ... ငယ်သူငယ်ချင်းအချစ်ဟာ ပိုမိုခိုင်မြဲတယ်လို မပြောချင်ပါဘူး။ ငယ်သူငယ်ချင်းအချစ်ဟာလည်း ဖြူစင်တယ်။ အေးမြတယ်။ သန့်ရှင်းတယ်လို့ ကျနော် ထင်တယ်။ ငယ်သူငယ်ချင်းတွေက ဆိုးတူကောင်းဘက်တွေလို့တောင် ပြောကြတယ်။ အကုန်ပြောရရင် သေလည်း အတူတူ။ ရှင်လည်း အတူတူ ဆိုတာတွေထိတောင် ဖြစ်လာတဲ့ တကယ့် အချစ်ပါပဲ။ အဲဒီထဲမှာလည်း နားလည်မှု။ စာနာမှု။ ဖေးမမှု။ နွေးထွေးမှု။ ကြင်နာမှု။ ခွင့်လွှတ်နိုင်မှု တွေဟာလည်း အဲဒီငယ်သူငယ်ချင်းအချစ်မှာ ရှိနေတာပါပဲ။ ဒါဟာ တကယ့်သံယောဇဉ်အချစ်ဖြစ်ပါပဲ။ သူငါလည်း မိဘနဲ သားသမီးအချစ်လိုပါပဲ။ နောက်ထပ် သူငယ်ချင်းမိတ်ဆွေ အချစ်ဆိုတာကို ပြောချင်သေးတယ်။ အဲဒီအချစ်ဟာ ခိုင်မာမှုရှိသလို။ မခိုင်မာမှုလည်း ရှိပါတယ်။ သူတို့ဟာလည်း ငယ်သူငယ်ချင်းတွေလိုပဲလို့တောင် ပြောလို့လည်းရပါတယ်။ တချို့ သူငယ်ချင်တွေဟာ စွန့်လွှတ်မှု တွေပါတယ်။ အနစ်နာခံမှုတွေပါတယ်။ သတ္တိရှိမှုတွေပါတယ်။ စာနာသနားမှုတွေပါတယ်။ အဲဒီသူငယ်ချင်းအချစ်မှာ။ သူလည်းပဲ ဖြူစင်ပါတယ်။ အေးမြပါတယ်။ နွေးထွေးပါတယ်။ တခါတလေ မှာလည်း တကယ့်ကို ပူလောင်စေတဲ့ အချစ်လည်း ဖြစ်နေပါသေးတယ်။ ဒါကတော့ ငယ်သူငယ်ချင်းနဲ့ မိတ်ဆွေသူငယ်ချင်းတို့ အချစ်တွေကို ကျနော် မြင်တာကို ပြောတာ။ ကိုယ်တိုင်သိတာကိုလည်း ပြောပြတာပါ။

နောက်ဆုံး တပိုင်းကို ပြောရရင်တော့ ကျနော်လည်း သိပ်မပြောပြတက်ပါဘူး။ အဲဒါကတော့ ၁၅၀၀ ဆိုတဲ့ အချစ်ပါပဲ။ အဲဒီအချစ်ဟာ ကျနော့်ဆီမှာလည်း ရှိပါတယ်။ ဒါပေမယ့် ပြောပြဖို့ကို မစွမ်းပါဘူး။ နှစ်ယောက်ချင်းတော့သိတယ်။ တခြားလူတွေကို ပြန်ပြီးပြောပြမတတ်ပါဘူး။ ဒါပေမယ့် ကျနော် သိသလောက် မှတ်သလောက်လေး ပြောကြည့်ရမယ်ဆိုရင် .... အဲဒါကိုတော့ ကျနော် ကဗျာအဖြစ်နဲ့ ရေးပြီး ပြောလိုက်ပါမယ်။ ဟုတ်မဟုတ်ဆိုတာကိုတော့ ဖတ်နေတဲ့ လူတိုင်းက စဉ်းစားကြည့်ကြပေါ့။ ကဗျာကိုတော့ ကျနော် အောက်မှာ ရေးထားပါတယ်။ ဖတ်ကြည့်ပြီးတော့ စဉ်းစားကြပါ။ ကျနော် ပြောတာ ဟုတ်ချင်မှလည် ဟုတ်မှာပါ။ အမှန်ကြီးပဲလို့ မသတ်မှတ်လိုက်ကြပါနဲ့လို့ မေတ္တာရပ်ခံချင်ပါ တယ်။

“အချစ်ဆိုတာ”

အချစ်ဆိုတာဟာ
အေးမြခြင်း။ နွေးထွေးခြင်း
ယုယခြင်း။ ကြင်နာခြင်း
နားလည်ခြင်းတွေ အပြည့်နဲ့ ရှိနေတာပါ။

အချစ်ဆိုတာဟာ
စွန့်လွှတ်အနစ်နာခံခြင်း
ပေးဆပ်ခြင်း
ရယူပိုင်ဆိုင်ခြင်းတွေ အပြည့်နဲ့ ရှိနေတာပါ။

အချစ်ဆိုတာဟာ
အပြောကျယ်တယ်
နက်ရှိုင်းတယ်
ကြာရှည်မှုတွေ အပြည့်နဲ့ ရှိနေတာပါ။

အချစ်ဆိုတာဟာ
တကယ်တော့ ...
တိမ်ယောင်နဲ့ နက်
နက်မယောင်နဲ့ တိမ်
လွယ်မယောင်နဲ့ ခက်
ခက်မယောင်နဲ့ လွယ် ဖြစ်နေရပါတယ်။

ခုတော့ ...
အချစ်ဆိုတာဟာ
ပြောဖို့လည်း ခက်
အသိရလည်း ခက်ဆိုတဲ့ အချစ်ပါပဲ။

အဲဒါကတော့ ၁၅၀၀ ဆိုတဲ့အချစ်ကို ကျနော် ကဗျာဖွဲ့ကြည့်လိုက်တာပါပဲ။ ဟုတ်မဟုတ်ဆိုတာကို အထက်မှာ ကျနော် ပြောပြခဲ့တဲ့အတိုင်း ကိုယ့်ဟာကိုယ် စဉ်းစားကြည့်ကြပါ။ ကဲ ... မေပျို ရေ ... ကျနော် အချစ်အကြောင်း ကို အဓိပ္ပါယ် ဖွင့်ကြည့်လိုက်ပါပြီး။ ဒီလောက်ဆို ကျေနပ်လိမ့်မယ်လို့ ယုံကြည်ပါတယ်။ တခြားဘယ်သူကို TAG လုပ်မလဲလို့ လိုက်ကြည့်လိုက်တာ တော်တော်များများ ပြောပြီးကုန်ပါပြီး။ ဒါကြောင့် ဘယ်သူကိုမှ ပြန် TAG မလုပ်တော့ပါဘူး။ အားလုံး ရွှင်လန်းချမ်းမြေ့ကြပါစေဗျာ။

မာန်လှိုင်းငယ်

Friday, November 16, 2007

ကမောက်ကမ နှစ်တွေကို ပြန်ကြည့်

မာန်လှိုင်းငယ်

“ကမောက်ကမ နှစ်တွေကို ပြန်ကြည့်”

ငါ့ရဲ့ ကမောက်ကမ နှစ်တွေကို ပြန်ကြည့်
စားတယ်၊ သောက်တယ်
သွားတယ်၊ လာတယ်
လုပ်တယ်၊ ဖြုန်းတယ်
အိပ်တယ်၊ ထတယ်
ဒီလိုနဲ့ .... ။

ငါ့ရဲ့ ကမောက်ကမ နှစ်တွေကို ပြန်ကြည့်
ငေးတယ်၊ ငိုင်တယ်
တွေးတယ်၊ ရေးတယ်
ဖတ်တယ်၊ မှတ်တယ်
ဖွဲ့တယ်၊ စပ်တယ်
ဒီလိုနဲ့ .... ။

ငါ့ရဲ့ ကမောက်ကမ နှစ်တွေကို ပြန်ကြည့်
မတောင့်တဆ ကဗျာတွေ
မလောက်မငှ စာတွေနဲ့
ကမောက်ကမ ငါ ပေါင်းစပ်လိုက်တော့
မ၀တ၀ ဘ၀ချိန်ခွင်ထဲမှာ အိပ်နေရတယ်။

ငါ့ရဲ့ ကမောက်ကမ နှစ်တွေကို ပြန်ကြည့် ... ။ ။

မာန်လှိုင်းငယ်

ပြတင်းပေါက်နံဘေး စက္ကန့်ခဏလောက် ထိုင်ကြည့်ပါ

မာန်လှိုင်းငယ်

“ပြတင်းပေါက်နံဘေး စက္ကန့်ခဏလောက် ထိုင်ကြည့်ပါ”

ပြတင်းပေါက်နံဘေး စက္ကန့်ခဏလောက် ထိုင်ကြည့်ပါ
ဆန်ပြာပေးမယ့် အဘွားအို မရှိတော့
ရွှေယုန်ကလေးနဲ့ အဘိုးအို ဆန်ဖွပ်ရင်း ငိုင်တွေနေတာ တွေ့လိမ့်မယ်။

ပြတင်းပေါက်နံဘေး စက္ကန့်ခဏလောက် ထိုင်ကြည့်ပါ
လနဲ့ ညတို စီးချင်းထိုးကြတော့
တိမ်တွေ ငိုနေတာ တွေ့လိမ့်မယ်။

ပြတင်းပေါက်နံဘေး စက္ကန့်ခဏလောက် ထိုင်ကြည့်ပါ
လေနဲ့ သစ်ပင် စကားထာဝှက်တော့
ပိုးမွှားတွေက လက်ခုပ်တီးတာ တွေ့လိမ့်မယ်။

ပြတင်းပေါက်နံဘေး စက္ကန့်ခဏလောက် ထိုင်ကြည့်ပါ
ပန်းချီမမီ၊ စာမပီတဲ့ သဘာဝကို
မျက်စိတဆုံး ဇာတ်ကုန်လွတ်ကြည့်လိုက်
ရင်ဘတ်ထဲက ကဗျာဟာ
အပြေးသမားလို ပြေးနေတာ
လမ်းတေလေလို လွှင့်မျောနေတာ တွေ့လိမ့်မယ်။

မာန်လှိုင်းငယ်

Thursday, November 15, 2007

ဘ၀ရဲ့ ၀င်္ကပါ

မာန်လှိုင်းငယ်

“ဘ၀ရဲ့ ၀င်္ကပါ”

ကြယ်တွေ ဝေကျ ဘဝ
ကြယ်တွေ ကြွေကျ ဘဝ
ကြယ်တွေ ချွေကျ ဘ၀တွေ ရှိနေသလို ...

မျက်တွင်းဟောက်ပက် အ၀ိစီငရဲလို ဘဝ
လေငိုအောင်လုပ်တဲ့ မီးတောင်လို ဘဝ
ပင်လယ်ဖျက်တဲ့ မုန်တိုင်းလို ဘ၀တွေ ရှိနေသလို ...

မျက်ရည်မရှိတဲ့ ပင်လယ်ပြင်လို ဘဝ
မြေကြီးကို တုန်လှုပ်တဲ့ ခြေထောက်လို ဘဝ
နေမင်းကို ခြောက်ခြားအောင်လုပ်တဲ့ မြို့ပြလို ဘ၀တွေ ရှိသလို ...

ဒါကြောင့် ...
မျက်ရည်မိုးတွေနဲ့ ရှင်သန်နေတဲ့ ဘ၀တွေ ရှိနေတယ်။ ။

မာန်လှိုင်းငယ်

ကျနော် နဲ့ သူတို့

မာန်လှိုင်းငယ်

“ကျနော် နဲ့ သူတို့”

ကရုဏာတရားနဲ့ စောင့်ရှောက်ခဲ့တဲ့
ကရုဏာရှင် မာသာထရီဇာကို တွေ့ခဲ့တယ်။

စစ်တလင်းမှာ လူနာတွေကို ကြည့်ခဲ့တဲ့
မီးအိမ်ရှင် နိုက်တင်ဂေးလ်ကို တွေ့ခဲ့တယ်။

အမေသီးချင်းနဲ့ မေတ္တာသီချင်း ရေးဖွဲ့စပ်ဆိုခဲ့တဲ့
ဂီတသံရှင် ထူးအိမ်သင်ကို တွေ့ခဲ့တယ်။

ဖန်မီးအိမ်ကဗျာနဲ့ ပြည်သူ့ကဗျာတွေ ရေးဖွဲ့စပ်ဆိုခဲ့တဲ့
ပြည်သူ့ကဗျာရှင် ဦးတင်မိုးကို တွေ့ခဲ့တယ်။

တွေ့ခဲ့တယ် ...
သူတို့တွေရဲ့ မေတ္တာနဲ့ လက်တွေကို
ငါ
တွေ့ခဲ့တယ် ...
တွေ့ခဲ့တယ် ... ။ ။

မာန်လှိုင်းငယ်

Wednesday, November 14, 2007

ပြောမဆုံးပေါင် တောသုံးတောင် မယုံရင် လာကြည့်လှည့်

မာန်လှိုင်းငယ်

“ပြောမဆုံးပေါင် တောသုံးတောင် မယုံရင် လာကြည့်လှည့်”

ပြောရမယ်ဆိုရင်တော့ ကျနော့်ကို TAG လုပ်တဲ့လူက နှစ်ယောက်ဖြစ်သွားတယ်။ အခု တပြိုင် နှစ်ယောက်စလုံးအတွက် ရေးပေးလိုက်ပါပြီ။ အဲဒါကတော့ ယုံတမ်းစကားတဲ့ဗျာ။ ကဲ ရေးပါပြီ။

ကျနော် ငယ်ငယ်က ရိုးမတောင်တန်းကြီးတွေပေါ်။ ရိုးမတောနက်တွေထဲ ကျနော့် ဘိုးဘိုးမုဆိုးတွေနဲ့ လိုက်သွားတယ်။ အမြဲတမ်း သူတို့နောက်ကို လိုက်နေရလို့လား မသိဘူး။ ကျနော်စိတ်က မုဆိုးလို ဖြစ်လာပါရော။ ဖြစ်မှာပေါ့လေ။ အဘိုးမုဆိုးတွေက သင်ပေးတာကိုး။ အတွေ့အကြုံတွေ။ ရိုးမတောတွေ ရဲ့ အကြောင်း။ ကျားမုဆိုးနဲ့ လူမုဆိုးတွေ တွေ့ရင် ဘယ်လိုလုပ်ရသလဲဆိုတဲ့ အကြောင်းတွေ ထပ်ခါ ထပ်ခါ သိဖန်များလာလေ ကျနော် မုဆိုးစိတ်ဝင်လာလေလေဆိုတော့ ဒါကြောာင့် ငယ်ငယ်လေးနဲ့ မုဆိုးရင့်မကြီးလို သွက်သွက်လတ်လတ်။ ရဲရဲဝံ့ဝံ့ သွားလာလှုပ်ရှားနိုင်နေတာပါ။

မုဆိုးတယောက်မှာ ရှိသင့် ရှိအပ်တာလေးတွေကို အရင်ပြောပြမယ်ဗျာ။ မုဆိုးတို့မည်သည် ...

၁။ သက်လုံကောင်းရမယ်။
၂။ ပါးနပ်ရမယ်။
၃။ တောတောင်ရေမြေသဘာဝကို နားလည်ကျွမ်းကျင်ရမယ်။
၎။ သတိအမြဲတမ်းရှိရမယ်။
၅။ စိတ်ရှည်နိုင်မှု။ စိတ်အေးအေး တည်ငြိမ်အောင် ထားနိုင်ရမယ်။
၆။ ပစ္စည်းစုံ (တောလိုက်တဲ့အခါ ပါရမယ့် လက်နက်တွေ) ပါရမယ်။
၇။ သတ္တိနဲ့ ဆင်ခြင်ဥာဏ်ရှိရမယ်။
၈။ သားကောင်တွေရဲ့ သဘာဝအခြေအနေကို သိရမယ်။
၉။ စည်းကမ်းတွေကို သိတတ်။ နားလည်ရမယ်။
၁၀။ သေနတ်ပစ်တဲ့အခါ လက်ဖြောင့်ရမယ်။ မှန်ကန်ရမယ်။

စသည် စသည်ဖြင့် ရှိရမှာပေါ့။ ဒီလောက်ဆို လုံလောက်ပါပြီး။ ကျနော် မုဆိုး။ မုဆိုးကျနော် ဘ၀လေးကို ပြောပြပါတော့မယ်။

တနေ့မှာ ...

ကျနော့် ဘိုးဘိုးက ကျနော့်ကို ခေါ်ပြောတယ်။
“လူကလေး... ဘိုးဘိုးတို့ တောလိုက်ထွက်ကြမယ်တဲ့။ အဲဒါ လူကလေး လိုအပ်တာတွေ အကုန်လုပ်ထားပါ”တဲ့။ ကျနော်ကလည်း
“စိတ်ချ ဘိုဘိုးရေ... အခုပဲ သွားလုပ်လိုက်ပါ့မယ်။” စိတ်က မုဆိုးလိုက်ရမယ်ဆိုတော့ ပျော်လိုက်တာများ ဘယ်လိုပြောရမလဲတောင် မသိတော့ဘူး။ အရမ်းအရမ်းကို ပျော်ရွှင်မိတယ်။ ဒါကြောင့် လိုအပ်တာတွေကို လုပ်ပြီးတာနဲ့ ဘိုးဘိုးဆီ သွားပြီး။
“အားလုံးပြီးပါပြီ၊ ဘိုးဘိုးရေ။ သွားဖို့ အဆင်သင့်ပါပဲ” လို့ ကျနော်ပြောလိုက်ပါတယ်။ ဘိုးဘိုးက နေဦး နေဦး။
“မင်းဦးလေး။ မင်းဘကြီးတွေကို စောင့်ကြတာပေါ့”။
ဒါဆိုလည်း စောင့်ရတာပေါ့။ မကြာပါဘူး။ ဘကြီးတော်တွေ။ ဦးလေးတော်တွေ ရောက်လာပါတယ်။ အားလုံးပေါင်း မများပါဘူး။ ကျနော်နဲ့ ဘိုးဘိုးအပါအ၀င် ငါးယောက်ထဲပါ။


တောထဲကို ၀င်ပါပြီး။ အော် ... မေ့နေလို့ တောထဲ မ၀င်ခင် တောစပ်နားမှာ တောစောင့်နတ်တွေ။ တောင်စောင့်နတ်တွေကို ပူဇော်ကန်တော့ရသေးတယ်ဗျာ။ အဲလို မလုပ်ရင် ဘာသားကောင်မှ မရဘူး လေ။ ဒါကြောင့် မုဆိုးတိုင်း။ မုဆိုးတိုင်း အဲဒီလို ပူဇော်ကန်တော့ပွဲတွေ လုပ်ပြီးတာနဲ့ တောကို ၀င်ရစမြဲ၊ ဒါနဲ့ ကျနော်တို့ ငါးယောက်လည်း ငါးမိနစ်လောက် ပူဇော်တာတွေ။ ကန်တော့တာတွေ လုပ်ကြတယ်။

ပြီးတာနဲ့ ... တောကို ကျနော်တို့ ငါးယောက် စ၀င်ပါတော့တယ်။ တောစ၀င်တာနဲ့ သားကောင်း တကောင်တမြီးမှလဲ မတွေ့ပါဘူး။ ဒါနက် တောနက်ထဲကို ၀င်သထက် ၀င်ကြတယ်။ ကြာလေနက်လေ ကြာလေနက်လေပေါ့ဗျာ။ ဒါနဲ့ ဘိုးဘိုးက
“ဟေ့ အားလုံး ခဏနေကြဦး၊ ငါတို့ ဆက်ဝင်ရင် မလွယ်ဘူး”တဲ့။ ကျနော်ကလည်း
“ဟာ ... ဘိုးဘိုးကလည် ၀င်လာခဲ့မှတော့ ဆက်ဝင်ကြတာပိုကောင်းတယ်”လို့ ပြောလိုက်တော့ ဘိုးဘိုး စိတ်တိုတယ်ဗျ။
“အေး မင်းဝင်ချင်ရင် မင်းဟာမင်း ဆက်ဝင်တဲ့” ကျနော့်ကို အဲလိုပြောတယ်။ ကျနော်ကလည်း ဘယ်ရမလဲ။ စိတ်ကလည်း တိုနေပြီဗျ။ သားကောင်တကောင်မှမတွေ့လို့လေ။ ပြန်စဉ်းစားတယ်။ ကျနော်တို့ကပဲ မှားတာလား။ တောနတ်။ တောင်နတ်တွေကပဲ ကျီစားတာလားတော့ မသိတော့ဘူး။ ထက်ပြီးတော့လည်း မစဉ်စားတော့ဘူး။ ကျနော်လည်း ကိုယ့်ဟာကို တယောက်ထဲ ဆက်ဝင်လိုက်တယ်။ မိုင်း နှစ်ရာကျော်ကျော်လောက်လည်း ရောက်ရော။ သားကောင်တကောင်ကို တွေ့လို ကျနော်က ပစ်မှတ်ကိုချိန်တယ်။ သားကောင်းကလည်း လည်တယ်ဗျ။ ကျနော် သူ့ကို ပစ်မယ်ဆိုတာ သိလို့မလားမသိဘူး။ ကျနော့်ကို ပြန်ကြည့်တယ်။ အားပါးပါး တခါမှ အဲလို သားကောင် ကြည့်တဲ့ မျက်လုံးကို မမြင်ဖူးဘူး။ ကျနော်က ချိန်တယ်။ သူက ကြည့်တယ်။ ပြေလည်း မပြေးဘူး။ ဒါနဲ့ ပစ်မှတ်ထဲဝင်တာနဲ့ မောင်းကို ဆွဲလိုက်တာ “ဒိုင်း”ဆို တည့်တည့်ပါပဲ ထိသွားတယ်။ ဖြစ်ချင်တော့ သားကောင်ရဲ့နောက်မှာ ချောက်ရှိနေတာ မသိဘူးဗျ။ သားကောင်ကျသွားမှ သိလိုက်တာ။

ချောက်ကမ်းပါက အောက်ကို မမြင်ရဘူး။ ဒါနဲ့ ကျနော်လည်း တကောင်းထဲရတယ်ဆိုတော့ ဘယ်အလွတ်ခံမလဲ။ စဉ်းစားကြည့်လေ။ ကျနော်လည်း ဘာမှ မစဉ်းစားတော့ဘူး။ မုဆိုးတို့ သတိနဲ့ပဲ ဆင်းတယ်။ တော်တော်ဆင်းရတယ်။ အောက်ရတော့ ကျသွားတဲ့ သားကောင်ကို မတွေ့ဘူး။ ဘယ်ရောက်လို့ ဘယ်ပျောက်နေလည်း ဆိုတာလည်း မသိဘူး။ တခုတော့ သိလိုက်တယ်။ ကျောတလျှောက် တဖြန်းဖြန်း ကြက်သီးထခဲ့တယ်။

အတွေးပါ တပါတည်း ၀င်လာတော့တယ်။ ငါတော့ တောခြောက်ခံရပြီပေါ့။ ဆက်ရှာလည်း မတွေ့ပဲကို။ ကျနော် အပေါ်ကို ပြန်တတ်ခဲ့တယ်။ ပြန်တတ်တော့ တ၀က်လောက်မှာပဲ ဂူတဂူကို တွေ့တယ်။ စိတ်ထဲမှာ ဇဝေဇ၀ါဖြစ်သွားတယ်။ ငါ ဆင်းလာတော့ မတွေ့ဘူး။ အခုမှ ဘာဖြစ်လို့ တွေ့တာလဲပေါ့။ တခါ ကြက်သီးထပြန်ပြီ။ စိတ်ကလည်း စူးစမ်းချင်ပြန်ရော။ ကျနော်လည်း အထဲကို ၀င်သွားတယ်။ ၀င် ၀င်ချင်း မှောင်နေတယ်။ မျက်စိကျင့်သားရသွားမှ အထဲကို ဆက်ဝင်တယ်။ ၀င်လေလေ အေးလာ လေလေ။ အထဲရောက်လေ ပိုအေးလေပေါ့ဗျာ။ သတ္တိတော့ အကောင်းသား။ ဆက်ဝင်ဖို့ပဲ ရှိတယ်။ အန္တရာယ်ရှိတယ်ဆိုတာ မစဉ်းစားဘူး။ ကျနော့်စိတ်ကို အဲဒီထဲပဲ ၀င်အောင် သွေးဆောင်နေတာကို။

ဟော် ... အလင်းကို တွေ့ပြီ။ ခြေလှမ်းတွေက ပိုသွက်လာတယ်။ ဘယ်ဟုတ်လဲ ... အဲဒီအလင်းက ဘာအလင်းလဲ သိလား။ နေရောင်ခြည်အလင်းမဟုတ်ဘူး။ တကယ့် ရတနာသိုက်က ထွက်လာတဲ့ အလင်းတွေပါ။ အံ့သြသွားလား ... ကျနော်ကတော့ ကိုယ့်မျက်စိကို ကိုယ်မယုံရဲဘူး။ ပြန်ပွတ်တယ်။ ကိုယ့်အသားကိုယ် ပြန်ထိတော့မှ တကယ်ပါလားပေါ့။

ကဲ ... ကျနော် ဘာဆက်လုပ်သလဲဆိုတာ စဉ်းစားကြပေတော့ဗျာ။ ပြောမဆုံးပေါင် တောသုံးတောင်။ မယုံရင် လာကြည့်လှည့်ပေါ့။ ဟုတ်.. တယ်.. ဟုတ်။

အင်း ဒီလောက်ဆို မေပျို နဲ့ မဆုဝေလည်း ကျေနပ်လောက်ရောပေါ့။ အခု ပြန် tag မယ့် လူတွေကို စဉ်းစားလိုက်တယ်။ တွေ့ပါပြီး။ အောက်မှာပါ ....

၁။ နှင်းသဇင်
၂။ ကိုရွာသား
၃။ တော့တိုးချန်

တို့ပဲ ဖြစ်ပါတယ်ဗျာ။ ဘယ်လိုလဲ ရေးမယ်မဟုတ်လား။

မာန်လှိုင်းငယ်

ကြောင်နဲ့ သခင် ဘယ်လိုနေလဲ

နက်ဖြန်မှာတော့

မာန်လှိုင်းငယ်

“နက်ဖြန်မှာတော့”

ဟိုတုန်းက
ငါတို့အားလုံးလည်း
အပေါက်တပေါက်ကို ဆင်ကော်(စူပါကလူး)နဲ့ ကပ်

ဒါပေမယ့်
ဟန်ချက်မညီတဲ့ မိုးတွေက
ယနေ့မှာလည်း ယိုတုန်းလျှံတုန်း
အဖျားတတ်နေတဲ့ မိုးတွေက
နက်ဖြန်မှာတော့ ငိုမြည်နေဦးမှာလား။ ။

မာန်လှိုင်းငယ်

ပဲ့တင်ထပ်ရင်ခုန်သံ

ငယ်ဆူးအိမ်

“ပဲ့တင်ထပ်ရင်ခုန်သံ”

မျက်နှာများတဲ့ ကံကြမ္မာရဲ့မာယာတွေကြောင့်
မမျှော်လင့်ပဲ ဖေဖေနဲ့ဝေးခဲ့ရတဲ့
အိမ်မက်ဆန်သော နေ့ရက်တွေထဲ
တိတ်တိတ်ကလေး ဖေဖေ့ကိုလွမ်းစိတ်နဲ့ မျှော်လင့်နေမိတယ် ...
နွေးထွေးယုယ ဖေဖေ့ရင်ခွင်
အကြင်နာတွေကို လိုချင်တောင့်တမိတယ် ...

ပြောင်းလဲမြန်သော နေ့ရက်တွေထဲ
ဆုတောင်းတိုင်းလည်း မပြည့်တတ်ကြတော့
ဆုံဆည်းပါရစေလို့ စိတ်ထဲက ဆုတောင်းမိပေမယ့်
ဆုတောင်းရုံကလွဲပြီး မလွန်ဆန်နိုင်သော ကံတရားကြောင့်
အထီးကျန်သည့် နေ့ရက်တွေထဲ
မျှော်လင့်ခြင်းတွေနဲ့ ဖေဖေ့ကို လွမ်းနေဆဲပါပဲ ...

နှစ်လရက်တို့ အလီလီပြောင်းလဲ
ယခင်ဆန္ဒ ယနေ့ထိတိုင်
မြူတမှုံမျှမလျော့ ပင်တမာလိုမခါး
ပြောင်းလဲခြင်းမရှိ ဖေဖေ့ကိုချစ်နေဆဲပါပဲ ...

အစားထိုးဝင်ရောက်လာသူရှိသော်လည်း
နှလုံးသားကလက်မခံ အမုန်းများသာပွားခဲ့
အသိစိတ်နဲ့ထိန်းချုပ်တော့ ရင်မှာကြေလို့မွ
ဘာနဲ့မှ အစားထိုးလို့မရဘူး ဖေဖေ ...

ဖေဖေရယ်လို့
တမ်းတမ်းတတ ခေါ်ချင်ပေမယ့်
အနေဝေးတဲ့ သမီးအတွက်တော့ ဆန္ဒတစ်ခုပဲပေါ့ ...
ဒီနေ့၊ ဒီအချိန်၊ ဒီအရွယ်ထိ
ဖေဖေချစ်တဲ့သမီး
အရှုံးတွေကိုသာ ကံတရားကပေးနေတယ် ...

ဟန်ဆောင်မှုတွေများတဲ့ ဒီလောကကြီးထဲ
လူတွေကိုကြောက်ရွံ့ပြီး လွင့်ချင်ရာလွင့်နေတဲ့စိတ်
ပွန်းပဲ့နေတဲ့ နှလုံးသားတစ်စုံနှင့်
ဒုက္ခတွေမိုးမိတိုင်း... စိတ်ဓါတ်တွေအကျဉ်းချခံရတိုင်း
အိမ်မက်ဟောင်းတွေသာ ထပ်ခါထပ်ခါမက်လို့
ဖေဖေ့ကိုလွမ်းလိုက်တာ ဖေဖေရယ် ... ။ ။

<ငယ်ဆူးအိမ်>

ဗိုင်းရပ်စ် အထူးသတိပေးချက်

“ဗိုင်းရပ်စ် အထူးသတိပေးချက်”

Yahoo, Hotmail နှင့် Mail အားလုံးစသည်တို့ကို အသုံးပြုလျက်ရှိသော Internet သုံးစွဲသူများ အထူးသတိပြုရန်၊ Microsoft နှင့် Norton တို့မှ အထူးသတိပေးလာပါတယ်။ လက်တလောဖြစ် ပေါ် လျက်ရှိသော ကွန်ပျူတာဗိုင်းရပ်စ်တမျိုးကို အထူးသတိထားကြရန်ဖြစ်ပါတယ်။ အဆိုပါ ဗိုင်းရပ်စ်သည် မိမိတို့ Mail သို့ 'Life is beautiful' ခေါင်းစဉ်ဖြင့် ၀င်ရောက်လာမှာဖြစ်ပြီး Power Point Presentation လည်း ဖြစ်ပါတယ်။ အကယ်၍ အဆိုပါ Mail အား ဖွင့်ကြည့်မိပါက ကွန်ပျူတာနှင့် ကွန်ပျူတာအတွင်းရှိ အချက်အလက်များအားလုံး ဖျက်ဆီးခိုးယူခြင်းခံရမည်ဖြစ်ပြီး မိမိ၏ Mail Password ကိုလည် တပါတည်း ခိုးယူသွားမှာ ဖြစ်ပါတယ်။ အကယ်၍ အထက်ဖော်ပြ ပါ Mail လက်ခံရရှိပါက ချက်ချင်းဖျက်ဆီးပစ်ရန် အလွန်အရေးကြီးပါတယ်။ စမ်းသပ်ကြည့်ဖို့လည်း စိတ်မကူးပါနဲ့ အမြန်ဆုံးဖျက်ဆီးပစ်လိုက်ပါက ပိုသေချာပါတယ်။ မိမိနှင့် နီးစပ်ရာ Internet သုံးစွဲသူများ။ မိတ်ဆွေသူငယ်ချင်းများအားလုံးကိုလည်း မိမိမှတဆင့် အကြောင်းကြားဖို့လည်း တိုက်တွန်းလိုက်ပါ တယ်။

Monday, November 12, 2007

အကြိုက်ဆုံး စာရေးဆရာများ

မာန်လှိုင်းငယ်

“အကြိုက်ဆုံး စာရေးဆရာများ”

ရုံးကနေ အိမ်ပြန်တော့ ညနေစောင်းနေပါပြီ။ လုပ်စရာရှိတာလေး နည်းနည်းပါးပါး ဟိုယောင်ယောင်။ ဒီယောင်ယောင်။ ဟိုစပ်စပ်။ ဒီစပ်စပ်ပေါ့။ ဘာမှ ဟုတ်တိပတ်တိ လုပ်တာလည်း မဟုတ်ဘူး။

မေကြီး (အဖွား)တောင်မှ အမြင်ကတ်လို့ “ဘာမှ မလုပ်ပဲ နေရင်ကောင်းမယ်တဲ့။ ငါ ကြည့်ရတာ မျက်စိနှောက် တယ်” တဲ့။ ဒါလည်း ကောင်းပါတယ်။ ကိုယ့်ဟာကို စာအုပ်ပဲ ဖတ်တော့မယ်။ ဘာစာအုပ်ဖတ်ရမလဲ။ အင်း သိပြီး။

ဘာစာအုပ်တွေလည်းဆိုတော့ မြသန်းတင့်ရဲ့ “လူများ၊ သက္ကရာဇ်များ - ဘ၀” စာအုပ်ပါ။ ကဲ ဒါက ကျနော်ဖတ်ပြီးသွားပါပြီ။ အခုသတိမရတော့လို့ ပြန်ဖတ်နေတာ မပြီးသေးဘူး။

စာအုပ်မဖတ်ခင်တော့ လမ်းနည်းနည်းလျှောက်လိုက်ဦးမယ်လို့ စိတ်ကူးက ပေါ်လာတော့ လက်တွေ့ အကောင်အထည် ဖော်လိုက်တယ်ဗျာ။ အခု လမ်းလျှောက်ရင်း တွေးလိုက်တယ်။ သုတစာအုပ်တွေ၊ ကဗျာစာအုပ်တွေ။ ရသစာပေစာအုပ်တွေ၊ အစုံကို ဖတ်နေတာပဲ။ အဲဒီထဲမှာ ငါ ဘယ်သူတွေကို အနှစ်သက်ဆုံးလဲပေါ့။ အကြိုက်ဆုံးလဲပေါ့။ စဉ်းစားလိုက်တယ်။

ဟုတ်ပြီး ... အိမ်ပြန်ပြီး ချရေးလိုက်မယ်။ ဒါနဲ့ အိမ်ကို ပြန်ပြေးပြီး ချရေးတော့တာပဲ။ အဲဒါတွေကို နံပါတ်စဉ်နဲ့ ရေးချတော့မယ်။ အောက်မှာပါ ....

၁။ ဆရာ ဇော်ဂျီ
၂။ ဆရာ မင်းသုဝဏ်
၃။ ဆရာ ဒဂုန်တာရာ
၎။ ဆရာ တာရာမင်းဝေ
၅။ ဆရာမ ဂျူး
၆။ ဆရာ မောင်သာနိုး
၇။ ဆရာမ ဒဂုန်ခင်ခင်လေး
၈။ ဆရာမ လူထုဒေါ်အမာ
၉။ ဆရာ မောင်စွမ်းရည်
၁၀။ ဆရာ လူထုစိန်ဝင်း
၁၁။ ဆရာ မောင်ချောနွယ်
၁၂။ ဆရာ ရွှေဥဒေါင်း
၁၃။ ဆရာ ပီမိုးနင်း
၁၄။ ဆရာ သိပ္ပံမောင်ဝ
၁၅။ ဆရာမ မိုးမိုး(အင်းလျား)
တို့ပဲ ဖြစ်ပါတယ်။ စာရေးဆရာတော်တော် များများကို ကြိုက်ပါတယ်။ အဲဒီထဲ ရွေးထုတ်ပြီး ချရေးလိုက်တာပါပဲ။
အခု ရေးချလိုက်တဲ့ ဆရာ။ ဆရာမတွေရဲ့ စာအုပ်တွေကိုတော့ စုနိုင်သမျှတော့ စုတယ်။ လက်လှမ်းမီသလောက်တော့ လိုက်ဖတ်နေတာပဲ။ အများဆုံးဖတ်ဖြစ်နေတာကတော့ ဆရာ ဒဂုန်တာရာ၊ ဆရာ တာရာမင်းဝေ၊ ဆရာ မြသန်းတင့်တို့ဖြစ်တယ်။ ကဗျာတွေမှာတော့ ဆရာ ဇော်ဂျီ၊ ဆရာ မင်းသုဝဏ်၊ ဆရာ မောင်သာနိုး၊ ဆရာ မောင်ချောနွယ် တို့ပါပဲ။

ကဲ ... ကျနော်ကတော့ ကိုယ်ဆရာ၊ ဆရာမတွေအများကြီးထဲက ဘယ်သူ့ကို နှစ်သက်သလဲဆိုတာ ကိုတော့ ချရေးပြီးသွာပါပြီ။ အခု ဆက်လက်ရေးရမယ့် လူတွေကတော့ .... အောက်မှာပါ ...

၁။ Chaos
၂။ မေပျို
၃။ ကိုဇူလိုင်
၎။ ကိုကောင်းကင်ကို
၅။ မဆုဝေ
၆။ ကိုစိုးထက်
၇။ လင်း
၈။ ကိုပီကေ
၉။ မိုးချစ်သူ
၁၀။ ကိုမေတ္တာ

တို့ဖြစ်ပါတယ်။ အထက်ပါလူကြီးမင်းများ အားလုံး ရေးပေးရမယ်နော်။ ကျနော်ကတော့ စောင့်မျှော်နေလိမ့်မယ်။ မရေးမဖြစ်ပေါ့။ ဖြစ်နိုင်ရင် အားလုံးကို ရေးခိုင်ချင်တယ်။ အခု (၁၀)ယောက် ကိုပဲ အရင်ရေးခိုင်းလိုက်တာပါ။ မနည်းပါဘူးနော်။

မာန်လှိုင်းငယ်

Saturday, November 10, 2007

သူငယ်ချင်းများသို့တမ်းချင်း

မာန်လှိုင်းငယ်

“သူငယ်ချင်းများသို့တမ်းချင်း”

“သူငယ်ချင်း ....
လိုရာဆန္ဒအားလုံး ပြည့်ဝပါစေ
ဘယ်နေရာဘဲရောက်
တို့အားလုံးကို သတိရပါနော်” တဲ့

သူငယ်ချင်းရေ ....
မင်းပေးတဲ့ဆုနဲ့ ပြည့်ဝပါစေ
မင်းပြောသလို
ငါဘယ်နေရာဘဲရောက်ရောက်
မင်းတို့ကို ငါသတိရနေမှာပါကွာ ... ။

“ချစ်သော သူငယ်ချင်းရေ ....
ထာဝရတစ်သက်လုံး ပျော်ရွှင်နိုင်ပါစေ
တစ်ယောက်နဲ့တစ်ယောက်ခွဲတဲ့အချိန်မှာ
အမြဲတမ်းသတိရနေမယ်နော်” တဲ့

ချစ်သော သူငယ်ချင်းရေ .....
မင်းရဲ့ စကားလက်ဆောင်နဲ့တင် ပျှော်ရွှင်နိုင်ပါပြီ
စိတ်ချပါ ....
တို့တွေ ခွဲခွာနေတဲ့အချိန်မှာ
မင်းပြောခဲ့သလို
အမြဲတမ်း သတိရနေတယ်ဆိုတာ ယုံပါကွာ ... ။

“သူငယ်ချင်း ....
ဘ၀တစ်လျှောက်လုံးမှာ ကံကောင်းပါစေ
ပြီးတော့ ....
အောင်မြင်သူ တစ်ယောက်ဖြစ်လာနိုင်အောင်ကြိုးစားနော်” တဲ့

သူငယ်ချင်းရေ ....
ဘ၀တစ်လျှောက်လုံး ကံကောင်းအောင်တော့
ငါ လျှောက်လှမ်း ရုန်းကန်နေတယ်
ခုတော့ ...
အောင်မြင်သူ တစ်ယောက်ဖြစ်မလာခဲ့ပေမယ့်
ငါ ကြိုးစားလျှောက်လှမ်းနေဆဲပါကွာ ... ။

မာန်လှိုင်းငယ်
၂၀၀၇ ခုနှစ် ၊ နိုင်ဝင်ဘာလ (၉)ရက်။

ရှာဖွေသူနဲ့ ကျနော်

မာန်လှိုင်းငယ်

“ရှာဖွေသူနဲ့ ကျနော်”


ငါလုပ်တဲ့ လုပ်ရပ်တိုင်းဟာ
မှန်ကန်မှုနဲ့
တရားမျှတမှု ရှိခဲ့သလား။

ငါလုပ်တဲ့ လုပ်ရပ်တိုင်းဟာ
အောင်မြင်မှုနဲ့
ရှုံးနိမ့်မှုကို ဆန်းစစ်နိုင်ခဲ့သလား။

ငါလုပ်တဲ့ လုပ်ရပ်တိုင်းဟာ
အမှန်နဲ့
အမှားကိုရော ဝေဖန်ပိုင်းခြားနိုင်ခဲ့သလား။

ငါ ....
သေချာစဉ်းစားလိုက်တဲ့အခါ
အောင်နိုင်သူဆိုတဲ့
သရဖူဆင်မြန်နိုင်ဖို့ မဖြစ်နိုင်သေးပါလား။ ။

မာန်လှိုင်းငယ်
၂၀၀၇ ခုနှစ်၊ နိုင်ဝင်ဘာလ (၉)ရက်။

Friday, November 9, 2007

အိတ်ထဲမှာ ဒါအကုန်ပဲ ….

မာန်လှိုင်းငယ်

`အိတ်ထဲမှာ ဒါအကုန်ပဲ ….´

နှင်းသဇင် က သတိပေးလိုက်တယ်ဗျာ။ ဓါးမြတွေက ကျနော်တို့ကိုပါ တိုက်ပါဦးမယ်တဲ့ဗျာ။ အတိုက်လည်း ခံရပါပြီ။ သွေးအေးအေးနဲ့ လာတိုက်နေပါတယ်။ ဓါးမြတွေက သဘော ကောင်းတယ်ထင်ပါ့။ ဖြည်းဖြည်းလုပ်ပါတဲ့နော်။

ရှိတာ အကုန်ထုတ်ဆိုလို့ ထုတ်ပါလို့ ဓါးမြတွေက ပြောတော့လည်း ထုတ်ပါပြီး။ ကြောက်မသွားနဲ့နော်။ သိပ်မရှိဘူးဗျ။

ရော့ … ဒီမှာ …

၁။ ရောင်စုံဘောလ်ပင် ငါးချောင်းနဲ့ ခဲတံနှစ်ချောင်း။ (သူတို့တွေက ကျနော့်အတွက် မိတ်ဆွေကောင်းတွေလေ။ များများမခေါ်ထားဘူး။ ရန်ဖြစ်နေမှာစိုးလို့)

၂။ အမည်းရောင် စာအုပ်တအုပ်။ (သူကတော့ ကဗျာတွေကို ရေးပြီးသိမ်းထားတဲ့ စာအုပ်ပါ)

၃။ ဒိုင်ယာရီစာအုပ်တအုပ်။ (တနေ့တာလေးတွ မှတ်သားရအောင်လို့)

၎။ ကဗျာစာအုပ်နှစ်အုပ်။ (မောင်သာနိုးရဲ့ ဘာသာပြန်ကဗျာစာအုပ်တွေလေ)

၅။ ဓါးသေးသေးလေးတစ်လက်။ (ခဲတံကို ချွန်မလို့ပါ။ လိုရမယ်ရ ထည့်ထားတာ)

၆။ လက်ကိုင်ဖုန်း တလုံး။ (လုံခြံရေးအရရော။ အရေးကြီးတဲ့အခါမှာ သုံးဖို့အတွက်ပါ)

၇။ မျက်မှန်တလက်။ (အဝေးရော။ အနီးပါ ကြည့်လို့ရတဲ့ မျက်မှန်။ သူကတော့ အသုံးဝင် တယ်လေ)

၈။ Kingston (USB) တခု။ (သူ့ကို အလုပ်လုပ်တဲ့အခါ အလွယ်တကူ ထုတ်သုံးလို့ရတယ်)

၉။ အဘိဒန်စာအုပ်တအုပ်။ (သူကတော့ မြန်မာစားလုံးပေါင်းတွေကို ကြည့်တဲ့ စာအုပ်ပါ။)

၁၀။ လက်ပတ်လေးတခု။ (လက်နာတာနဲ့အခါ ပတ်ထားဖို့လေ)

၁၁။ ဦးစိုင်း လိမ်းဆေးတဗူး။ (လက်နာရင် လိမ်းဖို့)

ကဲ … ဘာတွေလိုချင်သေးလဲ။ ရှိတာအကုန်ထုတ်လိုက်ပြီနော်။ ဟေ့… အိတ်ကို တအားမဆွဲနဲ့ဗျ။ ကျနော့် အိတ် ကြိုးပျက်သွားမယ်။ ဒီအိတ်က ကြာပြီး အသစ်မ၀ယ်နိုင်သေးလို့ ဒါလေးကိုပဲ အသုံးပြုနေရတယ်လေဗျာ။ ဟဲ … ဟဲ။

ဒီတခါတော့ ကိုယ်ကိုယ်တိုင် ဓါးမြလုပ်တော့မယ်။ ကိုယ့်ပစ္စည်းကိုတော့ ဓါးမြတိုက်သွားပြီ။ အခု ပြန်တိုက်တော့မယ်။ ဟဲ … ဟဲ အဲဒီလူတွေက ဘယ်သူလဲ သိကြလား။

၁။ biggest tu
၂။ မလင်းလက်ကြယ်စင်။
၃။ မေတ္တာနဲ့ နေမွန်းသင်
၎။ မပန်ဒိုရာ

ကဲ ဓါးမြတော့ အသိပေးလိုက်ပြီး ကြိုတင် ၀ှက်ထားလို့ရတယ်နော်။ တော်ကြာ လျို့ဝှက်ချက်တွေ ပေါ်ကုန်မှဖြစ် မကောင်းဘူး။ ဟဲ … ဟဲ။

အင်း နှင်းသဇင်ရေ။ ရှိတာတော့ အကုန်ထုတ်ပြီးသွားပြီနော်။ ဒီလောက်ကျေနပ်မယ်ထင်တယ်။

ရှုပ်ထွေးတဲ့ ဒီည

မာန်လှိုင်းငယ်

“ရှုပ်ထွေးတဲ့ ဒီည”

ဒီည ….
စာအုပ်ကိုင်တော့ စာဖတ်လို့ မရ
ကဗျာရေးတော့ ဒွိဟအတွေးတွေ ၀င်
စာအုပ်ပိတ် အိပ်မယ်ကြံတော့ မျက်လုံးက ကြောင်
ငါ ဘာလုပ်ရမလဲ …
ကဲ … … ပြောပါ။

ဒီည ….
စာကောင်းကောင်း ဖတ်လို့ရအောင်
ကဗျာတွေ များများရေးနိုင်အောင်
အိတ်တဲ့အခါ မျက်လုံး မှိတ်နိုင်အောင်
ရှုပ်ထွေးတဲ့ ဒီညမှာ …
ကူပါ … … ကူကြပါ … ။ ။

မာန်လှိုင်းငယ်
၂၀၀၇ ခုနှစ်၊ နိုဝင်ဘာလ (၈)ရက်။

ရင်ခွင်တစ်စုံရဲ့ အလွမ်းရိပ်

ငယ်ဆူးအိမ်

“ရင်ခွင်တစ်စုံရဲ့ အလွမ်းရိပ်”

မျက်စိတစ်မှိတ် လေအဝှေ့မှာ
သစ်ရွက်တွေ မြေပေါ်ကြွေသလို
ဘ၀တွေလည်း ပြောင်းခဲ့ပြီ…….

အခုလိုအချိန်မှာပေါ့
မိသားစုတွေရဲ့အဝေး
တစ်ယောက်ထဲ သိမ်ငယ်အားငယ်နေချိန်
အလွမ်းမိဆုံးကတော့
မိသားစုနဲ့ အိမ်ကလေးပါပဲ……

ငယ်ငယ်တုန်းကပေါ့
နေ့တစ်နေ့ရဲ့အစ ရောင်ခြည်အစပျိုးချိန်
မနက်မနက် အိပ်ရာခေါ်နိုးတတ်တဲ့ မေမေ…..
မေမေ့ရင်ခွင်ထဲတိုးဝှေ့လို့ ချွှဲနွှဲ့ခဲ့ဖူးတယ်။

အခုလိုအချိန်မှာပေါ့
ကိစ္စအ၀၀ ပဲ့ပြင်ဆုံးမ
တည်ငြိမ်စွာ ပြောဆိုနှိမ့်သိမ့်ပေးတတ်တဲ့
မေမေ့ရဲ့ စကားချိုချိုတွေကို လွမ်းတယ်……..

ငယ်ငယ်တုန်းကပေါ့
အားမာန်တွေအပြည့် ယုံကြည်ချက်တွေနဲ့
ကျမရဲ့ရှေ့ဆောင်လမ်းပြ သူရဲကောင်း ဖေဖေ……
ဖေဖေ့ကျောပြင်ပေါ်ခုန်ပေါက်လို့ ကစားခဲ့ဖူးတယ်။

အခုလိုအချိန်မှာပေါ့
ဒါဏ်ရာတွေနဲ့ နာကျင်ကျဆုံးချိန်
နွေးထွေးစွာ ပွေ့ဖက်ထားတတ်တဲ့
ဖေဖေ့ရဲ့ ရင်ခွင်ကျယ်တစ်စုံကို လွမ်းတယ်…….

သူစိမ်းတွေကြား အထီးကျန်ဝမ်းနည်းချိန်
အဖော်ပြုပေးတတ်တဲ့၊ ဖြူစင်စွာအားပေးတတ်တဲ့
ညီမလေးတွေရဲ့ မာယာမဲ့အပြုံးလှလှကိုလည်း လွမ်းတယ်……..

အဝေးကို ငေးငေးကြည့်တတ်တဲ့
အရောင်မှိန်မှိန်မျက်လုံတစ်စုံ အငိုတိတ်အောင်
အိမ်မက်တွေကို ရေလောင်းပေးတဲ့
ဥယာဉ်မှူးတစ်ယောက်ရဲ့ ဂရုစိုက်ပေးမမှုတွေကိုလည်း လွမ်းတယ် ...

အားလုံး အားလုံးကိုပါပဲ
အခုလိုအချိန်မှာပေါ့
အဝေးရောက် ဒီရင်ခွင်က အရမ်းလွမ်းနေတယ်……..

ငယ်ဆူးအိမ်

နေရာလေးတခုမှာ

ငယ်ဆူးအိမ်

Thursday, November 8, 2007

ကြောက်ရတဲ့ သတ္တ၀ါများ

မာန်လှိုင်းငယ်

“ကြောက်ရတဲ့ သတ္တ၀ါများ”

မနှင်းဆီနီနီက စီပုံးပါ အော်သွားတာ တွေ့လို့။ အပြေးအလွှား မနှင်းဆီအိမ်ကို သွားလိုက်တာ။ အော် ကိုယ်ကြောက်တဲ့ သတ္တ၀ါတွေ အကြောင်းတွေ ဖြစ်ပါတယ်။

ကျနော်ကရော ဘာကောင်တွေကို ကြောက်သလဲပေါ့။ အင်း သတ္တ၀ါတော်တော်များများကိုတော့ မကြောက်ပါဘူး။ သူများတွေကိုတော့ လိုက်ခြောက်ဖူးတယ်ဗျ။ ကျနော့် မေမေဆိုရင် မြွေကြောက်တယ်ဗျာ။ နဂိုကတည်းက ရောဂါတခုရှိတယ်။ သွေးတိုးရောဂါပါ။ ကျနော်က အိမ်နောက်ဖေးမှာ စိုက်ခင်းသေးသေးလေး လုပ်နေတုန်း မြွေလာတာတွေ့လို့ ဖမ်းလိုက်တယ်။ ပြီးတော့ မြွေက မကြီးပါဘူး။ အလွန်ဆုံးရှိ ကျနော်တို့ ငယ်ငယ်တုန်းက ဘုန်းကြီးကျောင်းမှာ နေစဉ်က ဘုန်းကြီးရိုက်တဲ့ ကြိမ်လုံးခပ်ကြီးကြီးအရွယ်လောက်ပဲ ရှိပါတယ်။ ကျနော်က အဲဒီမြွေကို ဖမ်းပြီး မေမေ့ကို စနောက်ချင်စိတ်ပေါ်လာတာနဲ့ သွားစတယ်ဗျာ။

ကျနော် ဘယ်လို စ တယ်ထင်သလဲ။ “မေမေရေ ... ဒီမှာ ဘာလည်းမသိဘူး။ သား ယူလာပေးမယ်နော်”ဆိုပြီး ယူသွားတယ်။ မေမေ့ ရှေ့ကိုရောက်တာနဲ့ မြွေကို ပြလိုက်တာ မေမေ သွေးလန့်။ သွေးတိုးရောဂါပြန်ထလာပါတော့တယ်ဗျာ။ ကျနော် အဲဒီလိုတွေ့တော နောက်ပိုင်းမှာ မေမေကို မစ တော့ပါဘူး။ မေမေ့ကို သနားတယ်လေ။ (မှတ်ချက်။ ။ ကြာခဲ့ပါပြီး အမှတ်ရတာလေး ကို ရေးလိုက်တာ။ ရေးနေရင်းနဲ့ မေမေ့ကို သတိရလိုက်တာဗျာ။ အခုနေများ မေမေရှိရင် ပျော်စရာကမ္ဘာပါပဲ။ ခုတော့ မေမေက သမလွန်ရောက်ပြီး ကောင်းရာဘုံမှာ စံမြန်းနေရောပေါ့။)

ကဲ ... နောက်တခု ပြောပြဦးမယ်ဗျာ။ ပိုးကောင်သေးသေးလေး မြင်ရင် ကြောက်တတ်တဲ့ လူတွေပါပဲ။ အဲဒီထဲမှာ ကျနော့်သူငယ်ချင်းတယောက်လဲ ပါတယ်ဗျာ။ ယောင်္ကျားလေးပါ။ သူက အဲဒီပိုကောင်သေး သေးကို မြင်ရင် ဘယ်တော့ အဲဒီလမ်းက မသွားတော့ဘူး။ တခြားလမ်းက သွားတယ်။ ကျနော်တို့ သူငယ်ချင်းတသိုက် ဘယ်လောက်ဆိုးသလဲဆိုတော့ဗျာ။ အဲဒီကောင်ကို စနောက်ချင်တာနဲ့ ပိုကောင် သေးသေးဖြစ်တဲ့ ပင့်ကူသေးတကောင်ရယ်။ ခူယားတကောင်ရယ်။ ပိုးနံကောင်တကောင်ရယ်။ ကျောင်းသွားရင်း လမ်းမှာ ကျနော်တို့က သူ့လွယ်အိတ်ထဲကို ထည့်ပေးလိုက်တယ်။

ကျောင်းရောက် တော့ စာအုပ်ထုတ်တဲ့အခါမှာ ဒီကောင်က ထခုန်ဘာလေရောဗျာ။ ကျနော်တို့ကတော့ ရယ်စရာ မြင်ကွင်းကို တွေ့တော့ လက်ခုပ်တီးပြီး ရယ်ကြတယ်။ ဒီမှာတင် ဒီကောင်က ကျနော်တို့ လက်ချက်မှန်း သိသွားတော့ လိုက်ထိုးတယ်ဗျ။ ဘယ်ရမလဲဗျာ။ အပြေးသမားတွေပဲ ပြေးတာ လှည့်တောင် မကြည့်တော့ဘူး။ ပြေးလိုက်ကြတာ။ ဟား .... ဟား ... ဟား ။ ပျော်စရာကြီးဗျ။ (ဒါကတော့ ကျောင်းသားဘ၀တုန်းက အဖြစ်အပျက်လေးတခုကို ပြောပြတာပါ။)

အင်း .... ကိုယ့်အကြောင်းပြောရဦးမယ်ထင်တယ်။ တော် ကြာ လေရှည်တယ်ပြောဦးမယ် ... ဟဲ ဟဲ။

ကဲ ... လာပါပြီးဗျာ။
ကျနော် ကြောက်တာကတော့ အကောင်သုံးမျိုးရှိတယ်။ ၁။ ငန်းမြွေ၊ ၂။ မိကျောင်း၊ ၃။ ငါးမန်း တို့ပါပဲ။ ငန်းမြွေကို ကြောက်ရတဲ့ အကြောင်းလေး ပြောပြမယ်ဗျာ။ ငယ်ငယ်ကဆို ငန်းမြွေအကြောင်း ကြားဖူးတယ်လေ။ သူ့ရဲ့ ဥတွေကို သွားမစားလိုက်နဲ့တဲ့ စားတဲ့လူကို ညဘက်မှာ လာသတ်တာပဲတဲ့ ဗျာ၊ တခါတည်း အသေပေါက်သတ်တာဗျ။ မယုံမရှိနဲ့။ ဟား ... ဟား။ ပြောရင် ယုံမှာ မဟုတ်ပါဘူး။ ကျနော်ကိုယ်တိုင် ငန်းမြွေဥ မစားဖူးသေးဘူး။ ငန်းမြွေကိုပဲ တွေ့ဘူးသေးတယ်။ လူကြီးတွေ ပြောပြထားလို့ မစားရဲတာပါ။ အဲဒီလိုပြောထားတော့ ကျနော်လည်း အခုချိန်ထိ ငန်းမြွေကို ကြောက်တယ်။

မိကျောင်းအလှည့်ပဲ ... ပြောပြမယ်နော်။ မိကျောင်းကို တွေ့ဖူးတဲ့လူရှိလားမသိဘူးနော်။ ကျနော်ကတော့ ရုပ်ရှင်မှာ တွေ့ဘူးတယ်။ လူသားတွေကို လျှောက်စားနေတာများ။ ကျောပါချမ်းတက် လာတယ်။ အဲဒါနဲ့ မိကျောင်းကို ကြောက်နေရတယ်။ အဲဒါကြောင့်ထင်တယ်။ ကျနော် တိရိစ္ဆာန်ရုံသွား တော့ မိကျောင်းကို တွေ့တာနဲ့ ဝေးဝေးက ကြည့်တယ်။ အနားအကြည့်ရဲဘူးဗျ။ အနီးကပ်ကြည့်ရင် သူက ပါးစပ်ပြဲကြီးနဲ့ လှည့်ကိုက်မှာစိုးလို့။

ငါးမန်းအလှည့် ရောက်လာပြီနော်။ ကျနော် ငါးမန်းဘယ်လောက်ကြောက်လည်းဆိုတော့ မြစ်တွေမှာ ရေသွားချိုးရင် ဝေးဝေးမကူးရဲဘူး။ ငါးမန်းလာမှာ စိုးလို့။ သံလွင်မြစ်မှာလည်း အတူတူပဲ။ ကျနော် သူငယ်ချင်းတွေနဲ့ ရေသွားချိုရင် ကမ်းစပ်နားလေးမှာပဲ ရေးကူးတယ်။ ရေတော့ ကူးတတ်တယ်။ ဒါပေမယ့် ဝေးဝေးကူးရင် ဘွားကနဲဆို ငါးမန်းပေါ်လာရင် ဘယ်လိုလုပ်မှာလဲ။ ဒါကြောင့် ဝေးဝေး မကူးတာ။ ငါးမန်းကို တွေ့ဖူးလားလို့ မေးရင်တော့ ဟဲ .. ဟဲ ကျနော် မတွေ့ဖူးသေးဘူး အပြင်မှာ တွေ့ဖူးရင်တောင် မပြောတတ်ဘူးနော်။ ငါးမန်းကို မကြောက်တော့ပဲနဲ့ လိုက်တောင် ဖမ်းနေရင်တော့ စိတ်မချရဘူးဗျ။ အင်း ... ကျနော် ကြောက်ရတဲ့ သတ္တ၀ါသုံးကောင်အကြောင်းတော့ ပြောပြီးပြီဗျာ။

ကဲ ... ကျနော်လည်း မနှင်းဆီ ပြောတဲ့ လေသံအတိုင်း ထပ်ပြောလိုက်မယ်နော်။ ဒီပို့စ်ကို ဖတ်ပြီးသူတိုင်း ကြောက်တတ်တဲ့ သတ္တ၀ါကို ရေးကြပေတော့ဗျာ။ အင်း ... ဒါပေမယ့် သူငယ်ချင်း လေးယောက်ကိုတော့ TAG လိုက်ဦးမယ်ဗျာ။ အဲဒီလူတွေကတော့ အောက်မှာ ဖတ်ကြည့် .... ။

၁။ Chaos (ကဗျာချစ်သူ)
၂။ မမေပျို (မိုးပြာရောင် အိမ်မက်များ)
၃။ ကိုကောင်းကင်ကိုကြီး
၎။ ကိုဇူလိုင် (July Dream)
တို့ပဲ ဖြစ်ပါတယ်ဗျာ။

မာန်လှိုင်းငယ်
၂၀၀၇ ခုနှစ်၊ နိုဝင်ဘာလ (၈)ရက်။

ခုတော့ ….

မာန်လှိုင်းငယ်

ခုတော့ ….

ကျနော့် မျက်ဝန်းမှာ
မျက်ရည်တွေနဲ့
မေမေ့ကို တမ်းတမ်းတတ ရှိလို့ … ။

လေပြင်းမုန်တိုင်း ကျတော့မှာလား
နှင်းမုန်တိုင်းပဲ ကျတော့မှာလား
ဟာရီကိန်းမုန်တိုင်းပဲ ကျတော့မှာလား
မဟုတ်ပါ ….
မုန်တိုင်းတွေလို ကြမ်းတမ်းစွာ မကျ
ညင်သာစွာ စီးကျလာတဲ့ မျက်ရည်မုန်တိုင်းပါ။

အား …… ….
မေမေရေ ….
မေမေ ပြောခဲ့တယ်နော်
“မျက်ရည်မကျရဘူး …. သားငယ်”လို့
ဒါပေမယ့်
မေမေ …..
သားမျက်ရည်ကျတာ
မေမေ့ကို သတိရလို့
မေမေ့ကို လွမ်းဆွတ်လို့
မေမေ့ကို အောက်မေ့တမ်းတလို့ပါ။

ခုတော့ …..
ကျနော့် မျက်ဝန်းမှာ
မျက်ရည်တွေနဲ့
မေမေ့ကို တမ်းတမ်းတတ ရှိလို့ …. ။

မာန်လှိုင်းငယ်
၂၀၀ရ ခုနှစ်၊ နိုဝင်ဘာလ (၇)ရက်။

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes