နွေးထွေးစွာ အေးမြခြင်းများစွာနဲ့ မာန်လှိုင်းငယ်မှ ကြိုဆိုပါသည်။ အကြံပြုချက်များ၊ ဝေဖန်စာများကိုလည်း ကြားချင်ပါသည်။

Saturday, December 17, 2011

သီချင်းနဲ့သာ ကဗျာသီ

ခြစားခြင်းခံနေရတဲ့
အိမ်အိုတွေ ဒုနဲ့ဒေး
အိုးအိမ်မဲ့တွေ ဒုနဲ့ဒေး
ဘယ်အရာတွေကမှ အရေးမလှုပ်
ငုတ်တုတ်ထိုင်ကာ ကြည့်နေကြ ... ။


ပျော်ရွှင်ခြင်းမဲ့၊ မေတ္တာငတ်
ခိုလုံရာမဲ့၊ ၀မ်းရေးပျက်
အငတ်ငတ်၊ အပျက်ပျက်
လျှောက်တည်ရာမဲ့စွာနဲ့
ဇာတ်ဆရာအလိုကျ
ရုန်းကန်းလိုက်ကြပေတော့ ... ။

သစ်တပင်ကောင်း ငှက်တသောင်းတဲ့
မေတ္တာတရားကို ရှာဖွေပါ
သစ္စာတရားကို သိမ်းဆည်းပါ
ဆန္ဒနဲ့ လောဘကို ခွဲခြားပါ
အသင်တို့ ...
ငိုးညည်းနေမယ့်အစား
သီးချင်းနဲ့သာ ကဗျာသီလိုက်ကြ ... ။

တိတ်ဆိတ်မှုက
အာရုံကို ဖမ်းစားလို့
ဖြူစင်မှုအတွင်းကလီဇာကို
ကောက်ကျစ်မှု ငမိုက်သားတွေ
တိုက်တူးကာ လိုက်စားနေတော့
ဆာလောင်မှုတွေ အတောမသတ်နိုင်အောင်
ရှေ့ဆက် ... ရုန်းကန်းလှုပ်ရှားနေကြပေဦး ... ။


မာန်လှိုင်းငယ်
၂၀၁၁ ခုနှစ်၊ မေလ (၆) ရက်။

0 comments:

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes