(၁)
ဝိုင်ဝိုင်းရဲ့
သမင်လည်ပြန် သီချင်းကို ခေတ္တပိတ်
ရှိရှိသမျှတွေနဲ့ နားကိုပိတ်တော့
မရောက်ဖြစ်သေးတဲ့ ဒေသက
အသံမျိုးစုံရဲ့ အနှိပ်စက်ခံရ။
(၂)
လေးဘက်လေးတန် ကော်နာများဆီက
အရုပ်ကြိုးပျက် လူနာများဆီက
ပြူးကြောင်ကြောင် ဆေးသမားရဲ့
ညှီစို့စို့ အနံ့အသက်တွေ
စံပယ်ရနံ့လို ဖြစ်မလာခဲ့ပြန်။
(၃)
နေ့စဉ်နဲ့ အမျှ
သစ္စာတွေမဲ့ ချစ်ခြင်းတွေမဲ့
ဂုဏ်သရေတွေမဲ့ သိက္ခာတွေမဲ့
မဲ့ ... ပေါင်းများစွာက
ခုထိ ...
နေ၀င် မိုးချုပ် မိုးချုပ် နေ၀င်
ပြေးလွှားနေတုန်း။
(၄)
ဒီလိုနဲ့ပဲ
ပြေးရင်းလွှားရင်း
မီးဖိုချောင်တွင်းက
သင်္ခါရသတရားတွေ
ဘ၀အမောတွေ
ပြုံးပြုံးကြီး ဆီးကြိုစောင့်နေသလိုမျိုး
ဖိနပ်ပါး၊ ရေငတ်သလိုမျိုး
ဘ၀ကို ခြွေချနေသလား
ဒါမှမဟုတ်
ဘ၀ကို အနင်းခံပြီးမှ ခြွေချနေသလား။
(၅)
အဲဒီနေ့က စလို့
အတိတ်ဆီ နောက်ပြန်လှည့်
ပစ္စုပ္ပန်ကို ငုံ့ကြည့်
အနာဂတ်ကို လှမ်းဆွဲလိုက်တော့
ခေတ်ပျက်ကြီးထဲ
ဆက်ပြီး မိုက် ဆက်ပြီး မှား
ဆက်တိုက်လုပ်နေရင်း
ငါ ဟာ ...
အ ရူး တယောက်ပါလား။
(၆)
နောက်ဆုံးတော့ ...
အမှန်တရားကို ခုတုံးလုပ်
အခွင့်အလမ်းကို အသုံးချ
သစ္စတရားကို နာကျင်အောင် နင်းခြေတက်သွားတော့
လမ်းမမြင် ကမ်းမမြင်
လေမမြင် ရေမမြင်
စုံလုံးကန်းနေတဲ့ အ ရူး တယောက်
သိသလိုလိုနဲ့ သိချင်ယောင်ဆောင်ဖြစ်တယ်
မသိသလိုလိုနဲ့ မသိချင်ယောင်ဆောင်ဖြစ်တယ်။
(၇)
ဒါကြောင့်
ပြူးကြောင်ကြောင် ဆေးသမားရဲ့
ညှီစို့စို့ အနံ့အသက်တွေ
စံပယ်ရနံ့လို ဖြစ်မလာခဲ့ပြန်။ ။
မာန်လှိုင်းငယ်
၂၀၁၀ ခုနှစ်၊ မေလ (၁၃) ရက်။
(၁၂း၀၀ တိတိ)
အဆီအငေါ မတည့်စွာ ကဗျာဖွဲ့ဖြစ်ပါသည်။ စိတ်ထဲရှိရာ ရေးချလိုက်သည်။
ဝိုင်ဝိုင်းရဲ့
သမင်လည်ပြန် သီချင်းကို ခေတ္တပိတ်
ရှိရှိသမျှတွေနဲ့ နားကိုပိတ်တော့
မရောက်ဖြစ်သေးတဲ့ ဒေသက
အသံမျိုးစုံရဲ့ အနှိပ်စက်ခံရ။
(၂)
လေးဘက်လေးတန် ကော်နာများဆီက
အရုပ်ကြိုးပျက် လူနာများဆီက
ပြူးကြောင်ကြောင် ဆေးသမားရဲ့
ညှီစို့စို့ အနံ့အသက်တွေ
စံပယ်ရနံ့လို ဖြစ်မလာခဲ့ပြန်။
(၃)
နေ့စဉ်နဲ့ အမျှ
သစ္စာတွေမဲ့ ချစ်ခြင်းတွေမဲ့
ဂုဏ်သရေတွေမဲ့ သိက္ခာတွေမဲ့
မဲ့ ... ပေါင်းများစွာက
ခုထိ ...
နေ၀င် မိုးချုပ် မိုးချုပ် နေ၀င်
ပြေးလွှားနေတုန်း။
(၄)
ဒီလိုနဲ့ပဲ
ပြေးရင်းလွှားရင်း
မီးဖိုချောင်တွင်းက
သင်္ခါရသတရားတွေ
ဘ၀အမောတွေ
ပြုံးပြုံးကြီး ဆီးကြိုစောင့်နေသလိုမျိုး
ဖိနပ်ပါး၊ ရေငတ်သလိုမျိုး
ဘ၀ကို ခြွေချနေသလား
ဒါမှမဟုတ်
ဘ၀ကို အနင်းခံပြီးမှ ခြွေချနေသလား။
(၅)
အဲဒီနေ့က စလို့
အတိတ်ဆီ နောက်ပြန်လှည့်
ပစ္စုပ္ပန်ကို ငုံ့ကြည့်
အနာဂတ်ကို လှမ်းဆွဲလိုက်တော့
ခေတ်ပျက်ကြီးထဲ
ဆက်ပြီး မိုက် ဆက်ပြီး မှား
ဆက်တိုက်လုပ်နေရင်း
ငါ ဟာ ...
အ ရူး တယောက်ပါလား။
(၆)
နောက်ဆုံးတော့ ...
အမှန်တရားကို ခုတုံးလုပ်
အခွင့်အလမ်းကို အသုံးချ
သစ္စတရားကို နာကျင်အောင် နင်းခြေတက်သွားတော့
လမ်းမမြင် ကမ်းမမြင်
လေမမြင် ရေမမြင်
စုံလုံးကန်းနေတဲ့ အ ရူး တယောက်
သိသလိုလိုနဲ့ သိချင်ယောင်ဆောင်ဖြစ်တယ်
မသိသလိုလိုနဲ့ မသိချင်ယောင်ဆောင်ဖြစ်တယ်။
(၇)
ဒါကြောင့်
ပြူးကြောင်ကြောင် ဆေးသမားရဲ့
ညှီစို့စို့ အနံ့အသက်တွေ
စံပယ်ရနံ့လို ဖြစ်မလာခဲ့ပြန်။ ။
မာန်လှိုင်းငယ်
၂၀၁၀ ခုနှစ်၊ မေလ (၁၃) ရက်။
(၁၂း၀၀ တိတိ)
အဆီအငေါ မတည့်စွာ ကဗျာဖွဲ့ဖြစ်ပါသည်။ စိတ်ထဲရှိရာ ရေးချလိုက်သည်။