နွေးထွေးစွာ အေးမြခြင်းများစွာနဲ့ မာန်လှိုင်းငယ်မှ ကြိုဆိုပါသည်။ အကြံပြုချက်များ၊ ဝေဖန်စာများကိုလည်း ကြားချင်ပါသည်။

Tuesday, October 30, 2007

ပတ်ဝန်းကျင်နှင့် လိုက်လျှောညီထွေ ရှိမူ

မာန်လှိုင်းငယ်

“ပတ်ဝန်းကျင်နှင့် လိုက်လျှောညီထွေ ရှိမူ”

မိမိကိုယ်ကို လေးစားမူမရှိဘဲ သူတစ်ပါးတို့၏ လေးစားမူကို ရရှိဖို့ဆိုသည်မှာ မဖြစ်နိုင်ပေ။ ဘ၀တစ်လျှောက်လုံး အောင်မြင်မူရရှိဖို့လည်း မဖြစ်နိုင်ပေ။မိမိကိုယ်ကို လေးစားမူ ရရှိဖို့ ဆိုသည်မှာလည်း လောကတွင် အခက်ခဲဆုံး ဖြစ်ပါသည်။
အကယ်၍ သူတစ်ပါးတို့၏ လေးစားမူကို ရရှိဖို့အတွက် မိမိကိုယ်ကို မိမိ ဆန်းစစ်ရပေမည်။ စဉ်းစားဆင်ခြင် ရပေမည်။ ဘာကို စဉ်းစားဆင်ခြင်၊ ဆန်းစစ်ရမည်ဆိုလိုရှိရင် မိမိရဲ့အကျင့်၊ စာရိတ္တ၊ ဣနြေ္ဒ သိက္ခာ၊စည်းကမ်း၊ စသည့်တို့နဲ့ ပြည့်စုံမူရှိမရှိ ဆိုတာကို စမ်းစစ်ရပေမည်။ နောက်ပြီး ပညာအရည်အချင်း၊ ဗဟုသုတ ကြွယ်ဝမူ၊ ဥာဏ်ရည်ထက်မြက်မူစသည်တို့တွင် အားလုံးနဲ့လည်း ပြည့်စုံရပေမည်။ ဒါတွေအားလုံး ပြည့်စုံလို့ရှိရင် သူတစ်ပါးတို့၏ လေးစားမူကို ရရှိမည်မှာ ဧကန်မလွဲ ဖြစ်ပေမည်။မိမိရဲ့ ဆွေမျိုးအသိုင်းအ၀ိုင်းများထဲက လေးစားကိုလည်း ရရှိလာရပေမည် ဒါတွေမကသေးဘူး မိမိဘ၀တစ်လျောက်လုံး အောင်မြင်မူ၏ လမ်းစကို ရရှိဖို့ နည်းလမ်းကို ရောက်မည်မှာ အမှန်ပေဖြစ်ပေလိမ့်မည်။ ဘာကြောင့်လဲဆိုရင် မိမိမှာအကျင့်၊ စာရိတ္တတွေအားလုံးနဲ့ ပြီးပြည့်စုံပြီး ဖြစ်နေတဲ့အတွက်ကြောင့် ပါပဲ။ မည်သို့ပင်ဖြစ်စေ မိမိဟာ သူတစ်ပါးတို့၏ လေးစားမူကို ရရှိဖို့ ဆိုသည်မှာ လွယ်ကူတဲ့ အရာမဟုတ်ချေ။ ဘ၀တစ်လျောက်လုံး၏ လမ်းစကို ရရှိဖို့ ဆိုတာလည်းမဖြစ်နိုင်ချေ။
မိမိကိုယ်ကိုလေးစားမူရရှိဖို့ ဆိုသည်မှာလည်း လောကတွင် အခက်အခဲဆုံးဖြစ်သည်။ဒါကို လူသားတိုင်း အလေးအနက် ထားရပေမည်။ ဆင်ခြင်ရမည်။ လောကတွင် မိမိသည် သူတစ်ပါး၏ လေးစားမူကို ရရှိသည့်တိုင် မိမိသည် သူတစ်ပါး၏ လေးစားမူကို အလေးအနက်မထားပါက သူတစ်ပါး၏ ကဲ့ရဲ့မူကိုခံရပေမည်။ သူတစ်ပါး၏ လေးစားမူပြုသည့်ကို ခံယူပြီး အလေးအနက် ထားပါက မိမိဘ၀တစ်လျောက်လုံးလည်း အောင်မြင်မူကို ရရှိလာပေမည်။

မာန်လှိုင်းငယ်

0 comments:

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes