နွေးထွေးစွာ အေးမြခြင်းများစွာနဲ့ မာန်လှိုင်းငယ်မှ ကြိုဆိုပါသည်။ အကြံပြုချက်များ၊ ဝေဖန်စာများကိုလည်း ကြားချင်ပါသည်။

Tuesday, August 28, 2007

ကြွေမွသွားတဲ့ မှန်ကွဲတွေရဲ့ ည


ကြွေမွသွားတဲ့ မှန်ကွဲတွေရဲ့ ည
ဝမ်းတွင်းက မီး
ငါးစိမ်းသည်တို့ရဲ့ ဒေါသ
သားကောင်မမိတဲ့ ကျားလို
ဒေါသူပုန် ထမဲ့ ည။

ကြွေမွသွားတဲ့ မှန်ကွဲတွေရဲ့ ည
အကယ်၍
ဒါတွေ မှောင်အတိကျ
ဒါတွေ သုံးမရ မှန်ကွဲတွေ
ဖြိုခွင်း လှဲကျင်း ပစ်သလို
တဏှာ၊ ငွေ၊ အာဏာတို့မှာ
ဖျောက်ဖျက်ပစ်လို့ ရမှာလား
ဝိသမလောဘသားတွေ
ကျူပင်ခုတ်၊ ကျူငုတ်မကျန်
သက်ဆုံးတိုင် ဖြိုခွင်းကြ။

ကြွေမွသားတဲ့ မှန်ကွဲတွေရဲ့ ည
မှန်ကွဲ မှန်စ
ဖျောက်ဖျက်ပစ်နိုင်ပေမဲ့
ဒုက္ခရောက်သူ
အိုးမဲ့အိမ်မဲ့သူ
သေကြေရသူ
နိုင်ငံမဲ့ဖြစ်ရသူတို့ကို ပျော်မွှေ့
ကြည်နူးနေရရှာမဲ့
ကြွေသွားတဲ့ မှန်ကွဲတွေရဲ့ ည။ ။

မာန်လှိုင်းငယ်

0 comments:

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes