Thursday, May 1, 2008
Monday, April 7, 2008
အဖွားမာ (ခ) လူထုဒေါ်အမာ ကွယ်လွန်

သတင်းစာဆရာမ၊ စာရေးဆရာမကြီး လူထုဒေါ်အမာ (ခ) အဖွားမာ ကွယ်လွန်
သတင်းစာဆရာမ၊ စာရေးးဆရာမကြီး လူထုဒေါ်အမာ (ခ) အဖွားမာ အသက် (၉၃) နှစ်သည် ယနေ့နံနက်
(၈) နာရီ (၃၇) မိနစ်တွင် မန္တလေးမြို့ ပြည်သူ့ဆေးရုံကြီး၌ ကွယ်လွန်သွားသည်။
သားဖြစ်သူ ကိုညီပုလေးက “ယခု (၈) နာရီ (၃၇) မိနစ်က ဆေးရုံမှာ ဆုံးတယ်ခင်ဗျ။
မန္တလေးဆေးရုံ နှလုံးရောဂါအထူးကုဆောင်မှာပါ” ဟု ပြောသည်။
Posted in: အမှတ်တရ စာစုSaturday, March 15, 2008
Monday, February 25, 2008
ကြယ်နီတပွင့် ကြွေလွှင့်ခြင်း
ကြယ်နီတပွင့် ကြွေလွှင့်ခြင်း
ဆန်းစ တန်ပို့တွဲမှာ
ကြယ်တပွင့် ကြွေကျ မြေခခဲ့တယ်
သူဟာ အနီရဲရဲ ကြယ်ဖြစ်တယ်။
အမျိုးသားတန်းတူရေးနဲ့
ဒီမိုကရေစီရေးတိုက်ပွဲအတွက်
လင်းလက်တဲ့ ရဲရဲနီကြယ်ဖြစ်တယ်
ကြွေချိန်မတန်ပဲ ကြွေလွှင့်ခဲ့တဲ့ ကြယ်နီရေ ...
တိုင်းရင်းသားများ
ဒီမိုကရေစီတိုက်ပွဲဝင်ရဲဘော်များ
ပြီးတော့ ...
မြန်မာပြည်သူလူထုများ
သူတို့ ...
သူတို့ အားလုံးရဲ့ ရင်ဘတ်ကြီး
မီးဟုန်းဟုန်းတောက်လောင်ပြီ။
သူ့ကို ...
လက်လွှတ်ဆုံးရှုံးလိုက်ရတဲ့
ကောင်းကင်ကြီးလည်း
ရင်ထုမနာဖြစ်လို့
လက်ခံရမဲ့ ၀သုန်မြေလည်း
ငိုကြွေးလို့
တော်လှန်သောင်ရင်းလည်း
ခံပြင်းဝေဆူလို့
မိုးမခတောလည်း
ရှိုက်သံစွက်လို့။
အဲဒီ ဝေဒနာတွေကြားက
အကျွန်တို့
ရန်သူကို
ဘယ်သောအခါမှ
ဒူးထောက်အညံ့ခံကြလိမ့်မည်မဟုတ်
ကတိပေးပါတယ် ကြယ်နီ ...။
အို ...
အကြွေစောတဲ့
မြန်မာပြည်ရဲ့
သူရဲကောင်း အာဇာနည်ရေ ...
စိတ်ချစွာ လဲလျောင်းပါတော့။
(၂၀၀၈ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၄ ရက်နေ့တွင် လုပ်ကြံသတ်ဖြတ်ခံရသော အမျိုးသား သူရဲကောင်း တီးမန်းရှာသို့)
ထနောင်း (၁၆၊ ၂၊ ၂၀၀၈)
အတီးရေ ... စိမ်းညိုနေတဲ့ မိုးမခတောတွေလည်း ချက်ချင်း ၀ါကျင်ကျင်ဖြစ်လို့သွားတယ်။ တော်လှန်သောင်ရင်းရဲ့ ရေအလျင်တွေလည်း ရပ်ဆိုင်းသွားတယ်။ ဆောင်းနှောင်း နွေဦးမှာ မိုးခြိမ်းသံတခုကို ကြားလိုက်ရတယ်။ ကမ္ဘာမြေတခွင်လုံး ချက်ချင်းဆွံ့အသွားတယ်။ မဟာပထ၀ီမြေကြီး အိုးထိမ်းစက်ပမာ သွက်သွက်လည်ခဲ့ပေါ့။

Posted in: ကဗျာThursday, February 7, 2008
ကိုနေဘုန်းလတ်ဖမ်းဆီးခံထားရခြင်းအပေါ် ဘလော့ဂ်ဂါအချို့ရဲ့ ခံစားချက်အမြင်များ

DVB television မှ ပြန်လည်ကူးယူ တင်ပြလိုက်ပါတယ်

Posted in: အမှတ်တရ စာစုလွတ်ကျခဲ့တဲ့ မြို့တော်က ကိုကြီးနေဘုန်းလတ်သို့
မာန်လှိုင်းငယ်

ကျနော် ကိုကြီးနေဘုန်းလတ် အဖမ်းခံတယ်ကြားကြားချင်း ကိုကြီးနေဘုန်းလတ်အတွက် ပို့စ်တင်ပေးဖို့ရာ။ ကျနော်လည်း မအားလပ်တာကြောင့် ဘလော့ဂ်ဘက်ကို မလှည့်ဖြစ်ခဲ့ ဘူး။ အခုတော့ ကိုကြီးနေဘုန်းရဲ့ တနှစ်ပြည့် အထိမ်းအမှတ်အတွက် ဆုတောင်းပို့တွေ ရေးနေကြတာ သိရတော့ ကျနော် ၀မ်းသားတယ်ဗျာ။ ဒါနဲ့ ကျနော်လည်း လိုက်ဖတ်ရင်း ကိုကြီးနေဘုန်းအတွက် ဆုတောင်းပေးဖို့ လုပ်ပါပြီဗျာ။ ကျနော်နဲ့ ကိုကြီးနေဘုန်း ခင်မင်ခဲ့တဲ့ အကြောင်းလေးကို နည်းနည်း ပြောပြချင်ပါတယ်ဗျာ။
ကျနော် ကိုကြီးနေဘုန်းရဲ့ မြို့တော်ကို သွားရောက်ပြီး ရသ။ သုတ။ ဗဟုသုတဟင်းအိုးကြီးကို သွားရောက်နှိုက်နေတာ တော်တော်ကြာပါပြီ။ စီဘောက်မှာတော့ စာတွေ မရေးဖြစ်ခဲ့ပါဘူး။ ရံဖန်ရံခါမှတာ ကျနော် ရေးသွားခဲ့ပါတယ်။
ကျနော် ကိုကြီးနေဘုန်းနဲ့ ရင်းနှီးကျွမ်းဝင်ခဲ့တာ သိပ်မကြာသေးပါဘူး။ ကိုကြီးနေဘုန်း အဖမ်းမခံရမီ အချိန် ရက်အနည်းငယ်ကပါ။ ကိုကြီးနေဘုန်းနဲ့ ကျနော် စကားပြောဖြစ်ခဲ့တာ တရက်ထဲပါပဲ။ ဘယ်လောက်မှမကြာဖြစ်ခဲ့ပါဘူး။ အဲဒီအချိန်အတွင်းမှာ ကိုကြီးနေဘုန်းကို ကျနော်လေးစားတယ်။ အားကျတယ်။ ကိုကြီးနေဘုန်းဟာ အရမ်းကို ခင်မင်စရာကောင်းတဲ့ လူပါပဲ။ ကျနော်တို့နဲ့စကားပြောရင် ပေါ့ပေါ့ပါးပါးလေးနဲ့ ရင်ထဲရောက်အောင် ပြောနိုင်တဲ့ လူပါ။ နောက်ထပ်ရှိပါသေးတယ် ကိုကြီးနေဘုန်း စိတ်ဓါတ်ကိုပါ။ သူက လူငယ်လူရွယ်တွေကို အသိပညာတိုးပွားစေချင်တဲ့ စိတ်ရယ်။ ဘလော့ဂ်နည်းပညာ ပြန့်ပွားရေးကို အားစိုက်လုပ်ကိုင်တတ်တဲ့ စိတ်ကို ကျနော် လေးစား ဂုဏ်ယူပါကြောင်း ဒီမှာ ပြောပြလိုက်ပါတယ်။ ကိုကြီးနေဘုန်းရေ … ညီလေး မျှော်နေပါတယ်။ ကျန်းမာစွာနဲ့ အမြန်ဆုံး လွတ်မြောက်ပါစေလို့ ဆုတောင်းပေးနေပါတယ်။
ဘလော့ဂ်ဂါမောင်နှမတွေအကြား ချစ်ခင်ရင်းနှီးစွာ စနောက်ကြရင်း
"မြို့စားကြီးနေဘုန်းလတ်" လို့ နာမည်တွင်ခဲ့တဲ့သူ။ မနှစ်က ဒီလိုနေ့မှာပဲ
"လွတ်ကျခဲ့တဲ့မြို့တော်" ဘလော့ဂ်လေးကို သူကိုယ်တိုင် အသက်သွင်းခဲ့တယ်။
ဒီနေ့ တော့ တစ်နှစ်တင်းတင်း ပြည့်သွားပြီပေါ့။ မှတ်မှတ်ရရ သူ့ 
ဘလော့ဂ်မှာ ပထမဆုံးတင်လိုက်တဲ့ ပို့စ်နာမည်ကလည်း "လွတ်ကျခဲ့တဲ့မြို့တော်"
တဲ့။ လက်တွေ့ဘဝမှာ သူလွတ်ကျခဲ့တဲ့ စာရေးဆရာ၊ ဒါမှမဟုတ် အနုပညာသမားဆိုတဲ့
အမည်နာမတွေအတွက် သူ့ ဘလော့ဂ်ဟာ သစ္စာရှိတဲ့ လူယုံ၊ အစွမ်းထက်တဲ့ လက်နက်၊
အရိပ်ကောင်းတဲ့ ညောင်သစ်ပင်လို အသုံးတော်ခံခဲ့တယ်။ ရက်ပေါင်း ၃၆၅
ရက်အတွင်းမှာ သူ့ မြို့တော်က စာကောင်းစာသန့် ၁၂၂ ပုဒ်
မွေးထုတ်ပေးခဲ့ပြီးပြီ။ ဒီစာတွေကြောင့် ဖတ်သူတွေအတွက် သုတပန်းတွေ
လန်းလာခဲ့တယ် ၊ ရသလမ်းတွေ ဆန်းလာခဲ့တယ် ၊ ပညာမီးတွေ လင်းပလာခဲ့တယ် ။
သူကတော့ သတိထားမိချင်မှ ထားမိလိမ့်မယ်။
ဘလော့ဂ်ဂါတွေ အတွက် ပထမဆုံးဆိုတဲ့ စကားလုံးတော်တော်များများမှာ သူနဲ့
လွတ်ကျခဲ့တဲ့မြို့တော်လည်း ရင်းနှီးကျွမ်းဝင်ခဲ့တယ်။
ဘလော့ဂ်ပို့စ်တွေကို ပထမဆုံး ပုံနှိပ်မယ့်စာအုပ်အတွက် တက်တက်ကြွကြွနဲ့ သူ
အစွမ်းကုန်ကြိုးစားခဲ့တယ်။ စာအုပ်ကိစ္စ ဆွေးနွေးပွဲတိုင်းကို
မပျက်မကွက်တက်ရောက်ခဲ့သူဟာလည်း သူ တစ်ဦးတည်း ရှိခဲ့တယ်။ နောက်ပြီး
ရန်ကုန်မှာ ပထမဆုံးကျင်းပခဲ့တဲ့ Blog Day Seminar အတွက်လည်း သူ
ပါဝင်ခဲ့တယ်။ MRTV4 နဲ့ အခြားသော မီဒီယာတွေအကြားမှာ ဘလော့ဂ်လောက
အကြောင်းကို သူချပြရဲခဲ့တယ်။ ဝေဖန်မှုတွေကို လက်ခံခဲ့တယ်။ မေးခွန်းတွေကို
အပြုံးနဲ့ ဖြေကြားပေးနိုင်ခဲ့တယ်။
မြန်မာဘလော့ဂ်ဂါရပ်ဝန်းမှာ ဓလေ့ထုံးတမ်းတစ်ခုရှိတာက ဘလော့ဂ်တစ်ခု
ဒါမှမဟုတ် ဘလော့ဂ်ဂါတစ်ယောက်ရဲ့ အထိမ်းအမှတ်နေ့တွေမှာ အထူးရေးသားတဲ့
ပို့စ်တွေ တင်တတ်ကြတယ်၊ သူငယ်ချင်းတွေက လာနှုတ်ဆက်ကြတယ်၊ Comment တွေ
ချီးမြှင့်ကြတယ်။
ဒီနေ့ သူ့ ရင်နဲ့ တည်ထားတဲ့ မြို့တော်ကြီး တစ်နှစ်ပြည့်တယ်။
ခုလိုအချိန်မှာ သူသာ လွတ်လွတ်လပ်လပ်ရေးသားခွင့်ရမယ်ဆိုရင်
သူ့ဘလော့ဂ်အတွက် အထိမ်းအမှတ်ပို့စ်တင်မယ့် အစီအစဉ်ရှိမယ်ဆိုတာ အသေအချာပဲ။
ဒါပေမယ့် သူ … ဘယ်မှာလဲ ။ သူရေးမယ့် ပို့စ်မှာ Comment ရေးဖို့
ဘလောဂါ့ရပ်ဝန်းက သူငယ်ချင်းတွေ သူ့ရဲ့ စာဖတ်ပရိသတ်တွေ မျှော်လင့်တကြီး
စောင့်နေကြတယ်။ " မြို့စားကြီး " လို့ စနောက်ကြဖို့ စောင့်နေကြတယ် …
ဇန်နဝါရီ ၂၉ ကတည်းက ခြောက်သွေ့နေခဲ့ရတဲ့ သူ့ မြို့တော်မှာ အပြုံးတွေနဲ့
ဖုံးလွှမ်းနေစေချင်တာ … ရယ်သံတွေနဲ့ စည်ညံနေစေချင်တာ … ဒါတွေအတွက်
အားလုံးက စောင့်မျှော်နေဆဲပါ ..။
ဘလော့ဂ်ဂါတွေကို ချစ်ကြည်စေချင်တဲ့ သူ့အတွက်၊ လူငယ်တွေကို
ကောင်းစေချင်တဲ့ သူ့ အတွက်၊ တိုင်းပြည်ကို တကယ်ချစ်တဲ့ သူ့ အတွက်
ဘေးဒုက္ခဆိုတာ မြူတစ်မှုန်စာတောင် ကျရောက်မလာစေဖို့ ဘလောဂါ့ရပ်ဝန်းမှ
ညီအကိုမောင်နှမအားလုံးက ဒီအမှတ်တရ ပို့စ်လေးနဲ့ ဆုတောင်းလိုက်ပါတယ်။

လွတ်ကျခဲ့တဲ့ မြို့တော်က ကိုကြီးနေဘုန်းလတ်သို့ ….

Posted in: အမှတ်တရ စာစုနေ့တနေ့ မနက်ခင်းလေး အဆုံး
မာန်လှိုင်းငယ်

နေ့တနေ့ မနက်ခင်းလေး အဆုံး
ခရောင်းလမ်းကို လျှောက်
ဒုက္ခကို ခံစည်းရင်း
လွမ်းဆွတ်တဲ့ သီချင်းနဲ့
ဘ၀ကို ရုန်းကန်ခဲ့သေးတာ
ဒီလမ်းကို
လေးရူးတွေနဲ့
ငါလျှောက်မယ့် လမ်းမှာ
ငါ့ကိုယ်ငါ အသုံးချ …
ခရောင်းလမ်း တခုမှာ။
ပန်းခင်းလမ်းကို ရောက်
သုခကို စံမြန်းရင်း
တက်ကြွတဲ့ ခြေလှမ်းနဲ့
ဘ၀အနာဂတ်ဆီ
အရုဏ်ကျင်း နေခြည်နဲ့
ဘ၀မှာ ပျော်ဖူးခဲ့သေးတာ
ဒီလမ်းကို
နေ့တနေ့ မနက်ခင်းမှာ
လန်းဆန်းမှုနဲ့
ငါရွေးမယ့် လမ်းမှာ
ငါ့ကိုယ်ငါ အသုံးချ …
ပန်းခင်းလမ်း တခုမှာ။
ခရောင်းလမ်းကို
ဘယ်သူ လျှောက်သလဲ …
ပန်းခင်းလမ်းကို
ဘယ်သူ ရောက်သလဲ …
ခရောင်းနဲ့ ပန်းခင်းမှာ
ဘယ်သူ … လျှောက် … လျှောက်
ဘယ်သူ … ရောက် … ရောက်
နေ့တနေ့ မနက်ခင်းလေး အဆုံး …
ငါ့ကိုယ်ငါတော့
ဒီလမ်းကို အသုံးချမြဲ။ ။
ခရောင်းလမ်းကို လျှောက်
ဒုက္ခကို ခံစည်းရင်း
လွမ်းဆွတ်တဲ့ သီချင်းနဲ့
ဘ၀ကို ရုန်းကန်ခဲ့သေးတာ
ဒီလမ်းကို
လေးရူးတွေနဲ့
ငါလျှောက်မယ့် လမ်းမှာ
ငါ့ကိုယ်ငါ အသုံးချ …
ခရောင်းလမ်း တခုမှာ။
ပန်းခင်းလမ်းကို ရောက်
သုခကို စံမြန်းရင်း
တက်ကြွတဲ့ ခြေလှမ်းနဲ့
ဘ၀အနာဂတ်ဆီ
အရုဏ်ကျင်း နေခြည်နဲ့
ဘ၀မှာ ပျော်ဖူးခဲ့သေးတာ
ဒီလမ်းကို
နေ့တနေ့ မနက်ခင်းမှာ
လန်းဆန်းမှုနဲ့
ငါရွေးမယ့် လမ်းမှာ
ငါ့ကိုယ်ငါ အသုံးချ …
ပန်းခင်းလမ်း တခုမှာ။
ခရောင်းလမ်းကို
ဘယ်သူ လျှောက်သလဲ …
ပန်းခင်းလမ်းကို
ဘယ်သူ ရောက်သလဲ …
ခရောင်းနဲ့ ပန်းခင်းမှာ
ဘယ်သူ … လျှောက် … လျှောက်
ဘယ်သူ … ရောက် … ရောက်
နေ့တနေ့ မနက်ခင်းလေး အဆုံး …
ငါ့ကိုယ်ငါတော့
ဒီလမ်းကို အသုံးချမြဲ။ ။
Posted in: ကဗျာWednesday, January 23, 2008
ဒါပေမယ့် …
မာန်လှိုင်းငယ်

ဒါပေမယ့် …
ငယ်ငယ်တုန်းက
ငါ ကဗျာတွေ ရေးတော့
မေမေက ချီးမွန်းတယ်
ဖေဖေက အားပေးအပြုံးနဲ့ ကြည့်တယ်
ကိုကြီးက လှိုက်လှဲစွာ တွန်းပို့တယ်
ညီမလေးက ကဗျာရူးလို့ အရယ်မျက်နှာနဲ့ ပြောတယ်။
ခုလည်း …
ငါ ကဗျာတွေ ရေးနေတုန်းပဲ
အဲဒီမျက်နှာတွေကို ငါ မြင်နေတုန်းပါပဲ
ဒါပေမယ့် … … ဒါပေမယ့် … …

Posted in: ကဗျာWednesday, January 16, 2008
ဝမ်းစာ နှင့် အလုပ်
မာန်လှိုင်းငယ်
ဒီစာစုလေးကိုလည်း ဒိုင်ယာရီအဟောင်းလေးက ဆွဲထုတ်တင်ပြလိုက်ပါတယ်ဗျာ။
ကျွန်တော်ပြောချင်၊ ဆိုချင်၊ ရေးချင်သည့် အကြောင်းအရာတစ်ခုရှိပါတယ်။ အဲဒီအကြောင်းအရာ များသည် လူ့လောကတွင် အစဉ်မပျက် လည်ပတ်စီးဆင်းနေ့သည့် အရာတစ်ခု ဖြစ်တယ်။ ထိုအရာသည် `၀မ်းစာ နှင့် အလုပ် ` ဖြစ်ပါပဲ။
ဝမ်းစာ နှင့် အလုပ်သည် အမြဲပင် ဒွန်တွဲနေသည်မှာ မှန်မမှန် သိချင်လျှင် နေ၏အလင်းရောင် ပေါ်လာသည်မှ ကွယ်သွားသည့်အထိ ကိုယ်တိုင် စောင့်ကြည့်မနေဘဲ လက်တွေ့လုပ်ဆောင်ပါက သိရှိလာ မည်မှာ အမှန်ပင်သည်။ သိရှိသည်ထက် ကိုယ်တိုင်တွေ့ကြုံ၊ ဖြတ်ကျော်နေရသည်ဟု ပြောဆိုရင် ပိုမှန်ပါ လိမ့်မည်။
အကြောင်းမှာမူ လူများသည် လူ့လောကထဲ ရောက်လာသည်ဟု သိစအရွယ်က သေသည့်အချိန် ထိ အလုပ်ကို လုပ်ပြီး၊ ၀မ်းစာအတွက် ဖြည့်ကြရသည်။
သာဓကအနေနဲ့ ကလေးတစ်ယောက်သည် မွေးစအရွယ်က အသက်(၂)နှစ်အထိ မိခင်၏ နို့ရည်ကို သောက်နေရသည်ပင် ကတည်းက ထိုမှတဆင့် အသက်(၃) နှစ်မှအစ လူလတ်ပိုင်း၊ လူကြီးပိုင်း ရောက်သည့်အချိန်ထိ အစားအစာသောက် ရေနှင့် ပဲသရေစာများကို နေ့စဉ်မပျက် အမြဲလိုလို စားသောက် နေထိုင်ရခြင်းပင်။ အလုပ်ကိုလည်း ရေကုန်ရေခန်း လုပ်ကြရသည်။
အလုပ်လုပ်မှ ၀မ်းစာအတွက် ဖြည့်ဆည်းရသလို၊ ၀မ်းစာပြည့်တင်းမှ အလုပ်လုပ်နိုင်မည်။ ၀မ်းစာမပြည့်တင်းဘဲနှင့်တော့ အလုပ်လုပ် နိုင်မည်မဟုတ်ချေ။ အလားတူပင် အလုပ်ကိုလည်း အစဉ်မပျက် လုပ်ဆောင်မှသာလျှင် ၀မ်းစာအတွက် ပြည့်တင်းသိုလှောင်လို့ ရမည်ဖြစ်သည်။
ဤအထက်ပါအကြောင်းအရာနှင့်ပတ်သက်ပြီး သာဓကတစ်ခုကို တင်ဆက်ပါမည်။ ဆရာဝန် ဖြစ်ဖြစ်၊ ကျောင်းဆရာဖြစ်ဖြစ်၊ တစ်ခုခုကို တင်ဆက်ပါမည်။
ဆရာဝန်တစ်ယောက်သည် သူ၏တာဝန်ကို နေ့တိုင်းမပျက် လုပ်ခြင်းသည် ငွေကို ရဖို့လိုလည်း မဟုတ် မိသားစုအတွက် သော်လည်းကောင်း၊ နောင်ရေးအတွက်သော်လည်းကောင်း၊ ၀မ်းစာအတွက် သော်ကောင်း၊ ငွေကိုရမှသာလျှင် ၀မ်းစာအတွက်၊ မိသားအတွက်နှင့် သူ၏ နောင်ရေးတို့ကို ဖူလုံစေသည်။
သူ၏ အတတ်ပညာဖြစ်သည့် ဆရာဝန်ဆိုသည့်အလုပ် မရှိဘဲနှင့်တော့ ၀မ်းစာအတွက်ကော၊ မိသားစုအတွက်နှင့် နောင်ရေးအတွက်ကိုပါ စိုးရိမ်ဖွယ်ရှိပါသည်။ အဘယ့်ကြောင့်ဆိုသော် အလုပ်ကို အစဉ်အပျက် မလုပ်ဆောင်နိုင်ဘဲနှင့်တော့ ၀မ်းစာအတွက် ဖြည့်တင်းနိုင်မည်မဟုတ်ချေ။
အစာရေစာပျက်ပြီး သေကြပါလိမ့်မည် ဖြစ်သည်။ ဆိုရိုးစကားတော့ ရှိပါတယ်။ ဘာတဲ့ `ထမင်း ခုနစ်ရက်မစားရလည်း မသေနိုင်သေးပါဘူး။ ရေသောက်ရင်တောင် အသက်ရှင်ပါတယ်တဲ့´ ဟုတ်မှာပါလေ။ ဒါကတော့ သူတို့တွေရဲ့ အမြင်တွေကိုး။ မှန်တယ်လို့လည်း မပြောလို။ မှားတယ်လို့လဲ မဝေဖန်လိုပါဘူး။
ကျနော်ပြောချင်တာကိုတော့ ကျနော်ဆက်ပြောပါမယ်။ အလုပ်မလုပ်ချင်ဘဲထားဦးတော့ ၀မ်းစာ အတွက် ဖြည့်တင်းနိုင်မည်မဟုတ်ချေ။ အလားတူပင် ကျောင်းဆရာအလုပ်၊ စာရေးအလုပ်၊ အင်ဂျင်နီယာ အလုပ် စသည့်အလုပ်ကို လုပ်ဆောင်သည့် လူများသည် ထိုသို့ပင်တည်း။
အလားတူနာမည်ကျော် နိုင်ငံရေးပုဂ္ဂိုလ်တွေ၊ စီးပွားရေးအောင်မြင်သည့် ပုဂ္ဂိုလ်များသည် ၀မ်းစာမရှိ ဘဲနှင့် နာမည်မကျော်နိုင်၊ အလုပ်မဖြစ်ဘဲနှင့်လည်း မတက်နိုင်ချေ။ မည်မျှလောက်ပင် နာမည်ကျော်စေဦး ထိုအလုပ်နှင့် ၀မ်းစာမရှိလျှင် နာမည်ကျော်ကြားနိုင်မည်မဟုတ်သေးပေ။
အလုပ်သည် လူတွေအတွက် အလွန်ကိုမှ လိုအပ်သော အရာပင်ဖြစ်သည်။ ၀မ်းစာမှရှိဘဲနှင့်လည်း ၀မ်းစာအတွက်ဖြည့်တင်းနိုင်မည်မဟုတ်ချေ။
ထိုကြောင့် `၀မ်းစာ နှင့် အလုပ်` သည် အမြဲပင် ဒွန်တွဲနေပေသည်။ အလွန်မှလည်း အရေးကြီးပြီး လိုအပ်သည့်အရာလည်း ဖြစ်ပေသည်။
`အလုပ်က
ဝမ်းရေးအလှ၊
ဝမ်းတွင်းကိစ္စ၊
ပြတ်ပြတ်လုပ်သော်၊
ပြုံးရွှင်ဖွယ်ရာ၊
စားရေးဖူလုံ၊
နောင်ရေးကိစ္စ၊ ပြေလည်မည်´
ဒီစကားလေးနဲ့ ပဲ အဆုံးသတ်လိုက်ပါသည်။

Posted in: အမှတ်တရ စာစု

10:04 AM
မာန်လှိုင်းငယ်