နွေးထွေးစွာ အေးမြခြင်းများစွာနဲ့ မာန်လှိုင်းငယ်မှ ကြိုဆိုပါသည်။ အကြံပြုချက်များ၊ ဝေဖန်စာများကိုလည်း ကြားချင်ပါသည်။

Saturday, September 1, 2007

သံတိုင်နောက်က သူရဲကောင်းကြီး

မာန်လှိုင်းငယ်

ဘဘကြီးရဲ့ သံတိုင်နောက်က ဘဘကြီးပုံလေးကိုလည်း အမြဲလိုလို တွေ့နေရပါတယ်။
တခုတော့ရှိတာပေါ့ ဘဘကြီးဟာ သံတိုင်နောက်ကွယ်မှာ နေရပေမယ့် ဘဘကြီးဟာ အပြုံးမပျက် တည်ရှိနေတာကို တွေ့ရပြန်တော့လည်း ကျနော့်ရင်ထဲမှာ ပီတိတွေ ဖြစ်မိပါသေးတယ်။ ဒါဟာ ဘဘကြီးရဲ့ ရဲဝံ့စွာ အားမာန်အပြည့်နဲ့ စိတ်ဓါတ်ကြံ့ခိုင်စွာနဲ့ တိုက်ပွဲဝင်နေသူတဦး ဖြစ်ကြောင်းကို ပြသ နေပါတယ်။ နောက်ပြီး ဘဘကြီးရဲ့ ရပ်တည်ချက်။ လုပ်ဆောင်ချက်။ အတွေးအခေါ်။ စိတ်ဓါတ်ကြံ့ကြံ့ ခံမှုစတာတွေဟာ ဘဘကြီးရဲ့ မှန်ကန်ပြတ်သားစွာ ရှိနေတာကြောင့်မို့ ဘဘကြီးရှေ့က သံတိုင်ဟာ ဘဘကြီးအတွက် ဘာများဖြစ်နိုင်မှာမို့လည်းဆိုတဲ့ သဘောနဲ့ ဘဘကြီးက အပြုံးမပျက်နဲ့ တည်ရှိနေ တာပါ။

ဘဘကြီးအကြောင်းကို ကျနော် စပြီးရေးနေတော့လေ။ ဘယ်လိုဖြစ်နေလည်းမသိဘူး။ ကျနော့်ရင်ထဲ မှာ တော်တော်ကို ခံစားနေရပါတယ်။ ဘဘကြီးဦးဝင်းတင်ကို ကျနော် အပြင်မှာ တခါမှ မမြင်ဖူးပေမယ့် ဘဘကြီးရဲ့ ဂုဏ်သတင်း ဘဘကြီးရဲ့ သတင်းစာ ရေးသားချက်အကြောင်း၊ ဘဘကြီးရဲ့ ပြည်သူ့ အတွက် နိုင်ငံရေးသမားအဖြစ်နဲ့ လှုပ်ရှားတိုက်ပွဲဝင်နေတာတွေအကြောင်းကို ကျနော်ငယ်ငယ် ကတည်းက ကြားနေရ၊ သိနေရပါတယ်။ အတွေ့အကြုံရှိတဲ့ သူကြီးသူမတွေက ပြောတဲ့စကားတွေမှာ နောက် စာအုပ်စာတမ်းတွေမှာ အဲန်အယ်လ်ဒီပါတီအကြောင်းပြောရင် ဘဘကြီးတို့အကြောင်း အမြဲပါ လာနေတာတွေကြောင့် ကျနော်တို့ရင်ထဲမှာ အသည်းနှလုံးထဲအထိကို ထိုးဖောက်ပြီး နေရာယူထားတဲ့ ဘဘကြီးတို့ရဲ့ အကြောင်းတွေပါပဲ။

ဘဘကြီးရဲ့ မွေးနေ့ကို နှစ်စဉ်နှစ်တိုင်း ကျင်းပပေးနေတာတွေကို ကျနော် အမြဲလိုလို တက်ရောက် ဖြစ်ပါတယ်။ ဘဘကြီးရဲ့ မွေးနေ့ပွဲအခမ်းအနားမှာလေ တက်ရောက်သူတွေ များပြားတာကို တွေ့ရပါ တယ်။ ဘဘကြီးကို ဂုဏ်ပြုစကားတွေ ပြောကြားကြတာ ဘဘကြီးအတွက် ဂုဏ်ပြုကဗျာတွေ ရေးသားကြတာတွေကြောင့် ကျနော် ၀မ်းသားပျော်ရွင်နေပါတယ်။ ဒါပေမယ့် တဖက်ကိုပြန်စဉ်းစား ကြည့်မိတော့ ဘဘကြီးအတွက် အလွန်ပဲ ၀မ်းနည်းမိတယ်။ ဘာကြောင့်လည်းဆိုတော့ ဘဘကြီးမွေး နေ့မှာ ဘဘကြီးကိုယ်တိုင် မတက်ရောက်နိုင်ဘူးဆိုတာကိုပေါ့ ဘဘကြီးကိုယ်စား ဘဘကြီးရဲ့ ပုံတူ ဓါတ်ပုံတွေကပဲ တက်ရောက်နေတာကို တွေရပါတယ်

ဘဘကြီးရဲ့ ဘ၀တခုလုံးကို သတင်းစာလွတ်လပ်ခွင့် ပိုမိုရရှိဖို့၊ ဒီမိုကရေစီရရှိဖို့၊ နောက်တခြား အခွင့် အရေးတွေလည်း ရရှိစေဖို့အတွက် တိုက်ပွဲဝင်နေရင်း သူ့ရဲ့ ဘ၀တခုလုံးကို နစ်မြုပ်ထားသူပါ။ နောက် ဘဘကြီးရဲ့ ကြာရှည်စွာတိုက်ပွဲဝင်ခဲ့တဲ့ ကာလတွေထဲမှာ ဘဘကြီးရဲ့ သတင်းစာဆရာဘ၀၊ နိုင်ငံရေး သမားဘ၀၊ ကိုယ်ရေးကိုယ်တာဘ၀၊ အဲဒီ ဘဘကြီးရဲ့ ဘ၀တွေအားလုံးကို လွတ်လပ်စွာ ပြောဆိုရေး ၏သားခွင့်တွေ၊ ဒီမိုကရေစီရရှိ ပေါ်ထွန်းလာစေရေး အခွင့်အရေးတွေအားလုံး ရရှိစေဖို့အတွက် တိုင်ပွဲ ၀င်ရင်း ဘ၀တခုလုံးကို ရင်းနှီးထားသူပါ။

အခုဆိုရင် ဘဘကြီး အသက်ဟာ (၇၆)နှစ် ရှိပြီးဖြစ်ပါတယ်။ ဘဘကြီးဟာ သူ့ရဲ့မိသားစုတွေနဲ့ ခွဲခွာနေရတာ (၁၇)နှစ်ကျော် ထောင်တွင်းအကျဉ်းကျခံနေရသူပါ။ ကျနော် ဘဘကြီးကို ၂၀၀၆ ခုနှစ် အတွက် အထူးချွန်ဆုံးသတင်းစာဆရာဆု ပေးအပ်လိုက်တဲ့အကြောင်းကို ကြားရတော့ ဘယ်လိုပြောရ မလဲ။ အတိုင်းထက်အလွန် ၀မ်းသာနေမိပါတယ်။ တပြိုင်နက်တည်းမှာပဲ ဘဘကြီးအတွက် ၀မ်းနည်းမိ ပါတယ်။ ဘာကြောင့်လည်းဆိုရင်ဖြင့် စောစောက ကျနော်ပြောသလိုပါပဲ။ ဘဘကြီးဟာ သူ့ရဲ့ မိသားစု တွေနဲ့ အတူတကွ မနေထိုင်ရတာ ဒီကနေ့အထိပါပဲ။ နောက်ပြီးတော့လည်း ကျနော်တို့ ပြည်သူပြည် သား။ နိုင်ငံသူနိုင်ငံသားတွေနဲ့လည်း လက်ပွန်းတသီး မနေရတာ ပြီးတော့ ဘဘကြီးရဲ့ အဖွဲ့ဖြစ်တဲ့ အဲန်အယ်လ်ဒီအဖွဲ့ချုပ်အတွက်လည်း ကင်းကွာနေခဲ့ပါတာဟာ (၁၇) နှစ်တိုင်တိုင် ဒီကနေ့အထိပါပဲ။ ဒါကြောင့်ပါပဲ။ ဘဘကြီးအကြောင်းကို ကျနော် ပြန်စဉ်းစားမိတိုင်း ယူကြုံးမရ ၀မ်းနည်းမိခြင်းဖြစ်ပါ တယ်။

ဘဘကြီးဟာ ၁၉၈၉ ခုနှစ်ကတည်းက နှစ်ပေါင်းများစွာ ထောင်တွင်းအကျဉ်းကျခံနေရသူပါ။ အမှန် အတိုင်းပြောရင်ရတော့ ဘဘကြီးဟာ ကျနော်တို့အားလုံးကို မျှော်လင့်ချက်တွေတောက်ပလာစေဖို့ အတွက် ကမ္ဘာပေါ်မှာ သတင်းစာလွတ်လပ်ခွင့်တွေ ဒီထက်မက ပိုမိုရရှိရေးရော၊ ဒီမိုကရေစီရရှိပေါ် ထွန်းလာစေဖို့အတွက်ပါ တိုက်ပွဲဝင်ဆောင်ရွက်နေခြင်းဖြစ်တာမို့ ဘဘကြီးကို ဒီအထူးချွန်ဆုံး သတင်း စာဆရာဆုကို RSF က ရွေးချယ်ပေးအပ်ချီးမြင့်ခြင်းဟာ အလွန်အလွန့်ကို လျော်ကန်ပါကြောင်း၊ သင့် မြတ်ပါကြောင်း၊ မွန်မြတ်ပါကြောင်းလို့ ကျနော်က ဒီနေရာကနေ ပြောဆိုရေးသားပါတယ်။

ဘဘကြီးရဲ့ သတင်းစာလွတ်လပ်ခွင့်အတွက် ဆောင်ရွက်ချက်တွေကြောင့် ဘဘကြီးရခဲ့တဲ့ဆုဟာ ဒီ ကနေ့ရတဲ့ အထူးချွန်ဆုံး သတင်းစာဆရာဆုနဲ့ဆိုရင် သုံးဆုရှိပါပြီး။ အဲဒါတွေကတော့ ကုလသမဂ္ဂ ပညာရေး။ သိပံနှင့် ယဉ်ကျေးမှုအဖွဲ့ (ယူနက်စကို)ကပေးတဲ့ ၂၀၀၁ ခုနှစ်အတွက် သတင်းလွတ်လပ် ခွင့်ဆုရယ်။ နောက်ပြီး ကမ္ဘာ့သတင်းစာများအသင်းကပေးတဲ့ ရွှေကလောင်ဆုရယ်။ အခုထပ်မံရရှိတဲ့ ၂၀၀၆ ခုနှစ် အထူးချွန်ဆုံး သတင်းစာဆရာဆုတွေရယ်ပါ။

ဘဘကြီးရဲ့ ဂုဏ်သတင်းဟာ အလွန်ပဲ ကြီးမားကျယ်ပြန့်ပါတယ်။ ဒီအကြောင်းနဲ့ပတ်သက်ပြီး RSF က တာဝန်ခံတယောက်က ပြောခဲ့တဲ့စကားရှိပါတယ်။ အဲဒါတွေကတော့ “သူဟာ ကမ္ဘာ့ဂျာနယ်ဇင်း လောကရဲ့ သူရဲကောင်းတဦးပါ။ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်တော်လှန်တဲ့ သူရဲကောင်းတဦးပါ။ သူဟာ အမိမြန်မာနိုင်ငံရဲ့ သူရဲကောင်းတဦးတင်ပဲ မဟုတ်ပါဘူး။ တကမ္ဘာလုံးက အသိအမှတ်ပြုရတဲ့ သူရဲကောင်းတဦးပါ။ ဘာဖြစ်လို့လည်းဆိုတော့ သူဟာ ဖိနှိပ်မှုအားလုံးကို ဆန့်ကျင်တဲ့ ကမ္ဘာ့တိုက်ပွဲကို ကိုယ်စားပြုတဲ့ သူတဦးဖြစ်နေပါတယ်လို့” ဘဘကြီးရဲ့ အကြောင်းကို ပြောဆိုသွားခဲ့တာ ကြားရပါ တယ်။ ဒီစကားကို ကျနော် ကြားရတော့ အတိုင်းအဆမရှိ ၀မ်းသားအားရမိပါတယ်။ ဘဘကြီးကို ဒီစကားနဲ့ ဂုဏ်ပြုချီးကျူးတာ အလွန်ပဲ ထိုက်တန်ပါတယ်လို့ ကျနော် လက်ခံ ဂုဏ်ယူပါတယ်။

ဘဘကြီးရဲ့ မှန်ကန်တဲ့ စွန့်လွှတ်အနစ်နာခံတဲ့ ရပ်တည်ချက်အပေါ်မှာ မယိုင်မယိမ်းပဲ ဆက်လက် တိုက်ပွဲဝင်နေတဲ့ သတင်းစာလွတ်လပ်ခွင့်တွေ ရရှိဖို့အရေး၊ ဒီမိုကရေစီရရှိဖိုဏ္ဍအရေး စတာတွေ အားလုံးအတွက် စိတ်ဓါတ်ကြံ့ကြံ့ခံ တိုက်ပွဲဝင် သူရဲကောင်း ဘဘကြီးဦးဝင်းတင်ကို ကျနော် လေးစား ဂုဏ်ယူနေပါကြောင်း။

အခုဆိုရင် ဘဘကြီးဆုရရှိတဲ့ အကြောင်းတွေကို သတင်းမီဒီယာတွေကတဆင့် ထုတ်လွှင့်နေတာတွေ သတင်းတွေ ရေးသားလာနေကြတာတွေကို တွေ့ရ၊ ဖတ်ရ၊ ကြားရတာတွေကြောင့် ကျနော်က ဘဘကြီးကိုယ်စား ၀မ်းသာဂုဏ်ယူမိပါတယ်။

ဘဘကြီးဟာ ဒီ (၁၇)နှစ်ကျော် ကြာရှည်စွာ ထောင်တွင်းအကျဉ်းကျခံနေမှုကနေ ဘဘကြီး အမြန်ဆုံး လွတ်မြောက်ပါစေလို့ ကျနော် ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။ ဘဘကြီးဦးဝင်းတင်ရေ၊ ဘဘကြီး အတွက် ကျနော် ၀မ်းသာဂုဏ်ယူမိပါကြောင်း ဘဘကြီးကို ပြောပါရစေ ဘဘကြီး။

နောက်ပြီး ဘဘကြီးကို ကျနော်က ဂုဏ်ပြုသည်က “သံတိုင်နောက်က သူရဲကောင်းကြီး” လို့ ပြောပါရ စေ။ အမိအဖပြည်သူပြည်သားတွေအားလုံးလည်း ဘဘကြီးဦးဝင်းတင်ကို ချီးကျူးဂုဏ်ပြုကြရင်း ဘဘကြီးရဲ့ လမ်းစဉ်၊ လုပ်ဆောင်ချက်၊ ရပ်တည်ချက်၊ စိတ်ဓါတ်ကြံ့ခိုင်မှုတွေကို အတုယူပြီး ဘဘကြီး နဲ့အတူတကွ လက်တွဲဆောင်ရွက်သွားကြဖို့ အလေးအနက် ကျနော် တိုက်တွန်းရင်း ပြောပါရစေ။

သံတိုင်နောက်က သူရဲကောင်းကြီး သက်ကျော်ရာကျော်ရှည်ပါစေ။
သံတိုင်နောက်က သူရဲကောင်းကြီး အမြန်ဆုံး လွတ်မြောက်ပါစေ။
သံတိုင်နောက်က သူရဲကောင်းကြီး တိုက်ပွဲတိုင်း အောင်မြင်ပါစေ။


ဘဘကြီးရဲ့ သံတိုင်နောက်က ဘဘကြီးပုံလေးကိုလည်း အမြဲလိုလို တွေ့နေရပါတယ်။
တခုတော့ရှိတာပေါ့ ဘဘကြီးဟာ သံတိုင်နောက်ကွယ်မှာ နေရပေမယ့် ဘဘကြီးဟာ အပြုံးမပျက် တည်ရှိနေတာကို တွေ့ရပြန်တော့လည်း ကျနော့်ရင်ထဲမှာ ပီတိတွေ ဖြစ်မိပါသေးတယ်။ ဒါဟာ ဘဘကြီးရဲ့ ရဲဝံ့စွာ အားမာန်အပြည့်နဲ့ စိတ်ဓါတ်ကြံ့ခိုင်စွာနဲ့ တိုက်ပွဲဝင်နေသူတဦး ဖြစ်ကြောင်းကို ပြသ နေပါတယ်။ နောက်ပြီး ဘဘကြီးရဲ့ ရပ်တည်ချက်။ လုပ်ဆောင်ချက်။ အတွေးအခေါ်။ စိတ်ဓါတ်ကြံ့ကြံ့ ခံမှုစတာတွေဟာ ဘဘကြီးရဲ့ မှန်ကန်ပြတ်သားစွာ ရှိနေတာကြောင့်မို့ ဘဘကြီးရှေ့က သံတိုင်ဟာ ဘဘကြီးအတွက် ဘာများဖြစ်နိုင်မှာမို့လည်းဆိုတဲ့ သဘောနဲ့ ဘဘကြီးက အပြုံးမပျက်နဲ့ တည်ရှိနေ တာပါ။

မာန်လှိုင်းငယ်
(၁၄။ ၁၂။ ၂၀၀၆)

0 comments:

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes